Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း- မွန်ပြည်နယ် ၊ ၂၀၂၃ ခုနှစ်  ၊ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသူ၊ ကျောင်းသားများအား ​တွေ့ဆုံအား​ပေးခြင်း အခမ်းအနား တက်​ရောက်

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း- မွန်ပြည်နယ် ၊ ၂၀၂၃ ခုနှစ်  ၊ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသူ၊ ကျောင်းသားများအား ​တွေ့ဆုံအား​ပေးခြင်း အခမ်းအနား တက်​ရောက်

by Mon Editor
မော်လမြိုင်၊ ​ဖေ​ဖော်ဝါရီ ၂၈
မွန်ပြည်နယ်အတွင်း ဘက်စုံလွှမ်းခြုံနိုင်​သော ပညာ​ရေးစနစ်ကို အ​ကောင်အထည်​ဖော်​ဆောင်ရွက်ရာတွင် ပြည်နယ်၏ အခြေခံပညာရေးကဏ္ဍ အရည်အ​သွေး တိုးတက်မြင့်မား​ရေးကို အထူးအ​လေး​ထား ​ဆောင်ရွက်လျက်ရှိ​ရာ မွန်ပြည်နယ် ၊ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသူ၊ ကျောင်းသားများအား ​တွေ့ဆုံအား​ပေးခြင်း အခမ်းအနားကို ​ဖေ​ဖော်ဝါရီလ ၂၈ ရက်​နေ့၊ မွန်းလွဲပိုင်းက အမှတ် (၉) အ​ခြေခံပညာအထက်တန်း​ကျောင်း၊ ​ကျောင်းခန်းမ​ဆောင်၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသူ၊ ကျောင်းသားများ တက်​ရောက်သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်သည် နှစ်စဉ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်မြင့်မားသည့် ပြည်နယ်တစ်ခုဖြစ်သည်နှင့်အညီ ပြည်နယ်၏ အခြေခံပညာရေးကဏ္ဍ အရည်အ​သွေး တိုးတက်မြင့်မား​ရေးကို အထူးအ​လေး​ပေး ​ဆောင်ရွက်လျက်ရှိ​ပါကြောင်း၊ သားတို့ သမီးတို့ အ​နေဖြင့်လည်းစာမေးပွဲဖြေဆိုဖို့အတွက် အသင့်ဖြစ် နေပြီလို့ ထင်မြင်ယူဆမိသလို စာမေးပွဲကို အခက်အခဲမရှိ ဖြေဆို အောင်မြင်နိုင်ရေးကလည်း အရေးကြီး​​ကြောင်း၊ တက္ကသိုလ်ဝင် စာမေးပွဲကို အေးချမ်း လုံခြုံစွာ ဖြေဆိုနိုင်ရေးအတွက် လိုအပ်သည့် ကိစ္စအရပ်ရပ်များအပြင် ကျန်းမာရေး စောင့်ရှောက်မှုများကို ဖြည့်ဆည်းဆောင်ရွက် ပေးသွားမှာ ဖြစ်​ပြီး စာမေးပွဲကို စိတ်​အေးချမ်း​မြေ့စွာ ဖြေဆိုနိုင်ရေးကိုလည်း အထူးဂရုစိုက်​ ဆောင်ရွက်​ပေးသွားမှာဖြစ်​ကြောင်း၊ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို ထူးထူးချွန်ချွန် အောင်မြင်စွာ ​ဖြေဆိုနိုင်​စေရန်နှင့် မျှော်မှန်းထားတဲ့ ပန်းတိုင်ကို အရောက်လှမ်းနိုင် ကြပါစေရန် ဆန္ဒပြုပြောကြားလိုပါ​ကြောင်းဖြင့် အမှာစကား​ပြောကြားခဲ့သည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၃ ခုနှစ် ၊ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသူ၊ ကျောင်းသားများအတွက် အာဟာရဖြည့်စွက်စာများ၊ ကြက်ဥနှင့် ​ကွေကာအုပ်များ ​​ထောက်ပံ့​ပေးအပ်ခဲ့သည်။
ထို့​နောက် ပြည်နယ်ဝန်ကြီးချုပ်က ​ကျောင်းသူ၊ ​ကျောင်းသား​လေးများအား ရင်းရင်းရင်းနှီးနှီး ​တွေ့ဆုံအား​ပေးခဲ့သည်။
အဲဒီ​နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ကျောင်းသူကျောင်းသား တစ်ဦးချင်းစီးအား အာဟာရဖြည့်စွက်စာများ အသီးသီး ​ပေးအပ်ခဲ့ကြသည်။
၂၀၂၃ ခုနှစ် ၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၈ ရက်​နေ့မှ၊ ၁၈ ရက်​နေ့အထိ ကျင်းပ​ပြုလုပ်သွားမည်ဖြစ်ကာ မွန်ပြည်နယ်အ​နေဖြင့် စာစစ်ဌာန (၂၃) ခုရှိပြီး ဝင်​ရောက် ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ စုစု​ပေါင်း  (၆၂၂၀) ဦး ရှိ​ကြောင်းနှင့် တက္ကသိုလ်ဝင်စာမေးပွဲကတ်ပြားများကို သက်ဆိုင်ရာ အ​ခြေပညာအထက်တန်းများနှင့် မြို့နယ်အသီးသီးရှိ ပညာ​ရေးမှူးရုံးများမှာ ​ဖေ​ဖော်ဝါရီ၂၀ ရက်​နေ့မှ စတင်ထုတ်​ပေးလျက်ရှိ​ကြောင်း သိရှိရသည်။

You may also like