Home စိုက်ပျိုးရေး မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း – ချောင်းဆုံမြို့နယ် ဒေါက်ရပ်အရှေ့ကျေးရွာတွင် မျိုးစပါးနှင့်သဘာဝမြေဩဇာများထောက်ပံ့ပေးအပ်ခြင်း နှင့် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲ အခမ်းအနားသို့ တက်ရောက် 

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း – ချောင်းဆုံမြို့နယ် ဒေါက်ရပ်အရှေ့ကျေးရွာတွင် မျိုးစပါးနှင့်သဘာဝမြေဩဇာများထောက်ပံ့ပေးအပ်ခြင်း နှင့် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲ အခမ်းအနားသို့ တက်ရောက် 

by Mon Editor

မော်လမြိုင်   ဇွန်    ၁၇

 ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၇ ရက်နေ့ နံနက်ပိုင်းက မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး များနှင့်အတူ ချောင်းဆုံမြို့နယ်ရှိဘက်စုံအဆင့်မြင့် နည်းပညာသုံးစံပြကျေးရွာဖြစ်သည့် ဒေါက်ရပ်အရှေ့ကျေးရွာတွင် မြေဆီလွှာဖွံ့ဖြိုး တိုးတက်ရေး စိုက်ပျိုးထားရှိသည့် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)ထည့်သွင်းမြေမြှုပ်ခြင်း၊ မျိုးစပါးနှင့်သဘာဝမြေဩဇာများ ထောက်ပံ့ပေးအပ်ခြင်း ကွင်းသရုပ်ပြ ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က သစ်စိမ်းမြေဩဇာ စိုက်ပျိုးခြင်းဖြင့် မြေဆီလွှာအတွင်း အစိုဓာတ်ကို ထိန်းသိမ်းပေးနိုင်ပြီး မြေသား ဖွဲ့စည်း မှုကို တိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း၊မြေဆီလွှာနှင့်မြေသားများကောင်းမွန်လာသည့်အတွက် စိုက်ပျိုးသီးနှံများလည်း အထွက်နှုန်း တိုးတက်လာမည်ဖြစ်ကြောင်း ၊ မွန်ပြည်နယ်သည် ဆန်ဖူလုံမှုရှိသော်လည်း ဆီဖူလုံမှုမှာ နည်းပါး နေသည့်အတွက် ဒေသနှင့်ကိုက်ညီသည့် ဆီထွက် သီးနှံများကို ရွေးချယ်စိုက်ပျိုးရန်လိုအပ်ကြောင်း၊ မိမိတို့ မွန်ပြည်နယ်သည် စိုက်ပျိုးရေးကို အခြေခံသည့် ပြည်နယ်ဖြစ်သည့်အတွက် စိုက်ဧကများ တိုးချဲ့ စိုက်ပျိုးနိုင်ရေး လယ်လှပ်မြေများကို စိုက်ပျိုးမြေအဖြစ် ဖော်ထုတ်စိုက်ပျိုးကြရမည်ဖြစ်ပြီး မျိုးကောင်းမျိုးသန့်များကိုလည်း ရွေးချယ်စိုက်ပျိုး ရန် လိုအပ်ကြောင်း၊ ရေရှည်တည်တံ့သော စိုက်ပျိုးထုတ်လုပ်မှုကို ထိန်းသိမ်းနိုင်ရန်မှာ မြေဆီလွှာ အရည်အသွေးကောင်းမွန်ပြီး အပင်အာဟာရဓါတ် လုံလောက်မျှတစွာရရှိနိုင်ဖို့ အရေးကြီးပါကြောင်း၊စပါးသီးနှံအပြင် ဆီထွက်သီးနှံဖြစ်သည့့်် ပဲ၊ ပြောင်း၊ နှမ်း၊ နေကြာ အစရှိသည့် သီးညှပ်များကို လည်း အထွက်နှုန်းများ တိုးတက်ကာ ပန်းတိုင်အထွက်နှုန်းရရှိအောင် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊  အပင်အာဟာရ လုံလောက်မျှတစွာ ရရှိနိုင်မှ သာ သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးမြှင့်နိုင်မှာဖြစ်၍ ဓါတ်မြေဩဇာကို အကျိုးရှိစွာ အသုံးချနိုင်ရေးနှင့် သဘာဝ မြေဩဇာပြုလုပ်သုံးစွဲနည်းစနစ်များကို စိုက်ပျိုးရေးဦးစီးဌာနမှလည်း နည်းပညာပံ့ပိုး လျှက်ရှိသောကြောင့် တောင်သူများမှ လိုက်နာကျင့်သုံးဆောင်ရွက်ရန် လိုအပ်ကြောင်းပြောကြားသည်။

ထို့နောက် ချောင်းဆုံမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှူးမှ ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးစပါး စိုက်ပျိုးထုတ်လုပ်မည့် အခြေအနေများကို  ရှင်းလင်း တင်ပြမှု အပေါ်ပြည်နယ်ဝန်ကြီးချုပ်က သီးနှံစိုက်စွမ်းအား တိုးတက်စေရန် စိုက်ပျိုးမြေများအား သီးထပ် သီးညှပ် စိုက်ပျိုးသည့်အပြင် ပန်းတိုင်အထွက်နှုန်း ရရှိရန်လိုအပ်ကြောင်းပြောကြားသည်။ ဆက်လက်၍   ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဒေါင်းရပ်အရှေ့ ကျေးရွာရှိ လယ်မြေဧက(၃၀၀)တွင် စိုက်ပျိုးမည့် တောင်သူ(၁၁၃) ဦးတို့အတွက် မျိုးစပါးနှင့် သဘာဝမြေသြဇာများ ထောက်ပံ့ပေးအပ်၍ သစ်စိမ်း မြေဩဇာ (ပိုက်ဆံလျှော်) ထယ်ထိုး မြေမြှုပ်နေမှု အခြေအနေများကို ကြည့်ရှု့ အားပေးကာ ဒေါင်းရပ်အရှေ့ ကျေးရွာ စိုက်ပျိုးရေး တောင်သူများနှင့်  ရင်းရင်း နှီးနှီး တွေ့ဆုံ၍ တင်ပြချက်များအပေါ် လိုအပ်သည်များကိုပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကညှော် ကျေးရွာ တိုက်ကျောင်း ဆရာတော်ဘဒ္ဒန္တပညာဇောတိ အား ဖူးမြှော်ကြည်ညို၍ လှူဖွယ် ပစ္စည်းများဆက်ကပ်လှူဒါန်းကာ သာသနာရေးဆိုင်ရာ ကိစ္စရပ်များလျှောက်ထား တင်ပြခဲ့ကြောင်း သိရှိရသည်။

You may also like