Home စိုက်ပျိုးရေး မုဒုံမြို့နယ်တွင် တန် (၆၀) ကျ ဆန်ကြိတ်ခွဲစက် ​တည်​ဆောက်နိုင်​ရေး ​တွေ့ဆုံ​ဆွေး​နွေး၊ စု​ပေါင်းမဟာဘုံကထိန်မြတ်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲသို့ တက်​ရောက်

မုဒုံမြို့နယ်တွင် တန် (၆၀) ကျ ဆန်ကြိတ်ခွဲစက် ​တည်​ဆောက်နိုင်​ရေး ​တွေ့ဆုံ​ဆွေး​နွေး၊ စု​ပေါင်းမဟာဘုံကထိန်မြတ်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲသို့ တက်​ရောက်

by Mon Media

မော်လမြိုင်၊ ​အောက်တိုဘာ ၂၄
မွန်ပြည်နယ်အတွင်း စိုက်ပျိုးရေး ထွက်ကုန်များကို အခြေခံသည့် ပြည်တွင်းထုတ်ကုန်များအား ပိုမိုအား​ကောင်းစွာ ထုတ်လုပ်နိုင်​ရေးနှင့် ​ဒေသတွင်း ​တောင်သူများ စီးပွား​ရေးအခွင့်အလမ်းများ ​ကောင်းမွန်လာစေ​ရေး ရည်ရွယ်၍ မုဒုံမြို့နယ်တွင် တန် (၆၀) ကျ ဆန်ကြိတ်ခွဲစက် ​တည်​ဆောက်နိုင်​ရေး ​အတွက် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး​ဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများသည်၂၀၂၂ ခုနှစ်၊ ​အောက်တိုဘာလ ၂၄ ရက်​နေ့၊ နံနက်ပိုင်းက ​မော်လမြိုင်မြို့၊ ​ငွေမိုးဟိုတယ်၌ ​အောင်သဇင်စိုက်ပျိုး​ရေးနှင့် အ​ထွေ​ထွေစီးပွား​ရေး သမဝါယမအသင်းမှ တာဝန်ရှိသူများ၊ ဆန််စက်လုပ်ငန်းရှင်များနှင့် ​တွေ့ဆုံ​ဆွေး​နွေးသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်သည် စီးပွား​ရေးအရ အချက်အချာကျ​သော ပြည်နယ်တစ်ခုဖြစ်ပြီး ​ကုန်းလမ်းတွင်သာမက ရေလမ်းဖြင့်လည်း ကုန်စည်စီးဆင်းမှု လွယ်ကူလျှင်မြန်စွာ ​သယ်ယူပို့ဆောင်နိုင်​ကြောင်း၊ မိုးစပါးရာနှုန်းပြည့် ကျော်လွန်စိုက်ပျိုးပြီး ​နွေစပါးအပါအဝင် အခြားဆီထွက်သီးနှံများ ပိုမိုတိုးချဲ့စိုက်ပျိုးကြရမှာ ဖြစ်ကြောင်း၊ ဆန်စပါးကို ဒေသတွင်းစားသုံးမှု ဖူလုံမှုရှိသည့်အပြင် အခြားဒေသများနှင့် ပြည်ပသို့ တင်ပို့နိုင်​ရေး ​ဆောင်ရွက်ကြရန်လိုကြောင်း၊ မိရိုးဖလာ စိုက်ပျိုးခြင်းထက် ခေတ်မီနည်းပညာများကို အသုံးပြု၍ စိုက်ပျိုးထုတ်လုပ်ခြင်း၊ ဆန်ကြိတ်စက်ကြီးများ တည်​ထောင်ခြင်းဖြင့် ဆန်နှင့် စိုက်ပျိုး​ရေးထုတ်ကုန်များကို အရည်အသွေးမီ ထုတ်လုပ်ကြ​စေလို​ကြောင်း၊ တောင်သူများဝင်​ငွေတိုးတက်လာ​စေ​ရေး ကာလတို၊ ကာလရှည် စီမံကိန်းများ ​အ​ကောင်အထည်​ဖော်​ ဆောင်ရွက်​ပေးခြင်းတို့ကို အားလုံး ဝိုင်းဝန်းပူ​ပေါင်း​ ဆောင်ရွက်​ပေးကြရန် ​ပြောကြားသည်။
ထို့​နောက် အောင်သဇင်စိုက်ပျိုး​ရေးနှင့် အ​ထွေ​ထွေစီးပွား​ရေး သမဝါယမအသင်း၊ ဥက္ကဌ ဦး​အောင်​ဇော်ဦးမှ တန် (၆၀) ကျ ဆန်ကြိတ်ခွဲစက် ​တည်​ဆောက်နိုင်​ရေး ​ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ ​ဒေသတွင်း ​စပါးစိုက်​တောင်သူများနှင့် ဆန်စက်လုပ်ငန်းရှင်များ ပူး​ပေါင်း၍ စိုက်ပျိုး​ရေးထုတ်ကုန်များ တိုးတက်​ကောင်းမွန်စွာ ထုတ်လုပ်နိုင်​ရေး ​ဆောင်ရွက်မည့် အစီအစဉ်များ၊ လယ်ယာသုံးစက်ကရိယာများ အငှားစနစ်ဖြင့် ကူညီ​ထောက်ပံ့​ပေးနိုင်​ရေး ​အ​ခြေအ​နေများအား ရှင်းလင်းတင်ပြသည်။
အဲဒီ​နောက် တက်​ရောက်လာသူများမှ ​တောင်သူများ၏ လိုအပ်​သော သွင်းအားစုများ ဖြည့်ဆည်း​ပေးလိုမှု၊ ကန်ထရိုက်လယ်ယာစနစ်ဖြင့် ဆောင်ရွက်​ရမည့် လုပ်ငန်းများ၊ စိုက်ပျိုးစရိတ် ထုတ်​ချေး​ပေးနိုင်​ရေးနှင့် ပတ်သက်၍ ​မေးမြန်း​ဆွေး​နွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ​ပေါင်းစပ်ညှိနှိုင်း​ဆောင်ရွက်​ပေးကာ တန် (၆၀) ကျ ဆန်ကြိတ်ခွဲစက် ​တည်​ဆောက်နိုင်​ရေးအတွက် မုဒုံမြို့နယ်၊ တာပတွန်​ကျေးရွာရှိ လျာထား​မြေ​နေရာအား ကြည့်ရှုစစ်​ဆေးသည်။
အဲဒီကမှ တဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မုဒုံမြို့နယ်၊ ကမာဝက်မြို့၊ ​အောင်​တော်မူ​ကျောင်းတိုက်၌ ကျင်းပပြုလုပ်သည့် (၂၄) ကြိမ်​မြောက်၊ စု​ပေါင်းမဟာဘုံကထိန်မြတ်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲသို့ တက်​ရောက်၍ ဆရာ​တော်အရှင်သူမြတ်များထံ ကထိန်လျာမြတ်သင်္ကန်းများနှင့် လှူဖွယ်ဝတ္ထုများ ​ဆက်ကပ်လှူဒါန်းခဲ့သည်။

You may also like