Home လူမှုရေးရာဝန်ကြီးဌာနပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး​ဇော်လင်းထွန်း- ​၂၀၂၂ ခုနှစ်၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက် (၂၁) နှစ်​အောက် ကလပ်​ပေါင်းစုံဖိတ်​ခေါ် ​အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်​ရောက်

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး​ဇော်လင်းထွန်း- ​၂၀၂၂ ခုနှစ်၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက် (၂၁) နှစ်​အောက် ကလပ်​ပေါင်းစုံဖိတ်​ခေါ် ​အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်​ရောက်

by Mon Media

မော်လမြိုင်၊ ​အောက်တိုဘာ ၂၇
မွန်ပြည်နယ်တွင် မျိုးဆက်သစ် အားကစား​သမားကောင်းများ​ ပေါ်ထွန်းလာ​စေ​ရေးနှင့် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်​စေ​ရေးတို့ကို အ​လေးထားဆောင်ရွက်လျက်ရှိရာ ၂၀၂၂ ခုနှစ်၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက် (၂၁) နှစ်​အောက် ကလပ်​ပေါင်းစုံဖိတ်​ခေါ် ​အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ၂၀၂၂ ခုနှစ်၊ ​အောက်တိုဘာလ ၂၇ ရက်​နေ့၊ ည​နေပိုင်းက ​မော်လမြိုင်မြို့၊ ​ကျောင်းသားအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ် ဝန်ကြီးချုပ် ဦး​ဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ အားကစားဝါသနာရှင်များ တက်​ရောက်သည်။
ဦးစွာ ပြိုင်ပွဲဝင် ​ဘောလုံးအသင်းများမှ အားကစားကွင်းအတွင်းသို့ ​နေရာယူ၍ အားကစားသစ္စာအဓိိဌာန်ရွက်ဆိုပြီး ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်တွင် ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးကိုဦးတည်လျက် ကဏ္ဍပေါင်းစုံမှ ​ဆောင်ရွက်လျက်ရှိရာ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်​ရေးအတွက် အားကစားနည်းအလိုက် ပြိုင်ပွဲများ ကျင်းပခြင်း ၊ အားကစားသင်တန်းများဖွင့်လှစ်ပေးခြင်း ၊ အားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်​စေခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိ​ကြောင်း၊ ​ဘောလုံးအားကစားနည်းသည် လူအများကြိုက်နှစ်သက်သည့်နှင့်အညီ ပြိုင်ပွဲများ ကျင်းပပြု​ပေးခြင်းဖြင့် ဘောလုံး အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာပြီး မျိုးဆက်သစ်လက်ရွေးစင် အားကစားသမားများကို မွေးထုတ် ပေးနိုင်မှာဖြစ်​ကြောင်း၊ ကလပ်အသင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲကို အားကစားသမား အရည်အချင်းနှင့် နေရာဒေသ ကန့်သတ်ချက်မရှိ ပါဝင်ယှဉ်ပြိုင်ခွင့်ပြုထားသည့်အတွက် ဘောလုံးပြိုင်ပွဲများအနက် အဆင့်မြင့်သည့် ပြိုင်ပွဲတစ်ခုဖြစ်ကြောင်း၊ ပြိုင်ပွဲဝင် အားကစားသမားများအနေနဲ့ ကောင်းမွန်တဲ့ ယှဉ်ပြိုင်ခြင်း ၊ သန့်ရှင်းစွာကစားခြင်း ၊ တစ်ဦးနှင့်တစ်ဦး ဖေးမကူညီကြခြင်းဖြင့် ဘောလုံးအားကစားရဲ့ အနှစ်သာရကို ပေါ်လွင်အောင် ယှဉ်ပြိုင် ကစားကြရန်နှင့် နိုင်ငံတော်မှ အားထားရတဲ့ဘောလုံး အားကစားသမားကောင်းများဖြစ်​အောင် ကြိုးစား​ဆောင်ရွက်​ပေးကြရန် တိုက်တွန်းလို​ကြောင်း ​ပြောကြားကာ ​ဘောလုံးပြိုင်ပွဲအား ဖွင့်လှစ်​ပေးသည်။
အဲဒီ​နောက် အဖွင့်ပွဲစဉ်အဖြစ် New Future ​ဘောလုံးကပ်အသင်းနှင့် လာဘ်​ကောင်းထက် ဘောလုံးကပ်အသင်းတို့ ယဉ်ပြိုင်​နေမှုကို ကြည့်ရှုအား​ပေးခဲ့သည်။

You may also like