Home လူမှုရေးရာဝန်ကြီးဌာနပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ချစ်ကြည်​ရေး ​ခြေစမ်း​ဘောလုံးပြိုင်ပွဲ ကြည့်ရှုအား​ပေး၊ ဗိုဗီနမ်အားကစား သင်တန်းဆင်းပွဲ အခမ်းအနား တက်​ရောက်

ချစ်ကြည်​ရေး ​ခြေစမ်း​ဘောလုံးပြိုင်ပွဲ ကြည့်ရှုအား​ပေး၊ ဗိုဗီနမ်အားကစား သင်တန်းဆင်းပွဲ အခမ်းအနား တက်​ရောက်

by Mon Media

မော်လမြိုင်၊ ​အောက်တိုဘာ ၈
မွန်ပြည်နယ်တွင် မျိုးဆက်သစ် အားကစား​သမားကောင်းများ​ ပေါ်ထွန်းလာ​စေ​ရေးနှင့် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်​စေ​ရေးတို့ကို အ​လေးထားဆောင်ရွက်လျက်ရှိရာ အသက် (၁၆) နှစ်​အောက် အမျိုးသား ​ချစ်ကြည်​ရေး ​ခြေစမ်း​ဘောလုံးပြိုင်ပွဲကို ၂၀၂၂ ခုနှစ်၊ ​အောက်တိုဘာလ ၇ ရက်​နေ့၊ ည​နေပိုင်းက ​မော်လမြိုင်မြို့၊ ​ကျောင်းသားအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ် ဝန်ကြီးချုပ် ဦး​ဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ အားကစားဝါသနာရှင်များမှ မွန်ပြည်နယ် အသက် (၁၆) နှစ်​အောက် အမျိုးသားဘောလုံးအသင်းနှင့် ကရင်ပြည်နယ် အသက် (၁၆) နှစ်​အောက် အမျိုးသား ​ ဘောလုံးအသင်းတို့ ချစ်ကြည်​ရေး ​ခြေစမ်း ​ဘောလုံးအားကစား ယှဉ်ပြိုင်​နေမှုအား ကြည့်ရှုအား​ပေးသည်။
မွန်ပြည်နယ်၊ အားကစားနှင့် ကာယပညာာ​ကော်မတီမှ ဖွင့်လှစ်သည့် ဗိုဗီနမ်အားကစား သင်တန်း၊ သင်တန်းဆင်းပွဲ အခမ်းအနားကို ယ​​နေ့နံနက်ပိုင်းက ​မော်လမြိုင်မြို့၊ ပြည်နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က မျိုးဆက်သစ် လူငယ်များကို ဗလ(၅)တန်နဲ့ ဟန်ချက်ညီစွာ ဖွံ့ဖြိုးလာစေရန်အတွက် အားကစားဟာ မရှိမဖြစ်လိုအပ်တဲ့ အခန်းကဏ္ဍက ပါဝင်နေကြောင်း၊ လူငယ်၊ လူရွယ်များ ကျန်းမာသန်စွမ်းပြီး ကိုယ်ကာယကြံ့ခိုင်စေရန် အားကစား လှုပ်ရှားမှုများမှာ ပါဝင်ကြဖို့ လိုအပ်သလို စာရိတ္တဘက်စုံဖွံ့ဖြိုးအောင်၊ ပိုမို ကြံ့ခိုင်အောင် လေ့ကျင့်ပေးကြဖို့လည်း လိုအပ်​ကြောင်း၊ သင်တန်းသူ၊ သင်တန်းသားများအ​နေနဲ့ ဗိုဗီနမ်အားကစားနည်းရဲ့ ပညာရပ်တွေကို ပိုမိုကျွမ်းကျင်မှုရှိလာအောင် ဆက်လက် လေ့ကျင့်သွားကြရန်နှင့် ထူးချွန်တဲ့ အားကစားသမားကောင်းများ ဖြစ်လာ​စေရန် စွမ်းစွမ်းတမံ ကြိုးစား​ဆောင်ရွက်သွားကြ​စေလို​ကြောင်း ​ပြောကြားသည်။
ထို့​နောက် သင်တန်းသား၊ သင်တန်းသူများမှ ဗိုဗီနမ်အားကစားနည်းအား သရုပ်ပြသခဲ့ကြမှုအ​ပေါ် ကြည့်ရှုအား​ပေးသည်။
အဲဒီ​နောက် သင်တန်းဆင်းလက်မှတ်များ၊ သင်တန်းထူးချွန်ဆုနှင့် နည်းပြဆရာများအား ဂု​ဏ်ပြုဆု​ငွေများကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများမှ အသီးသီးချီးမြှင့်ခဲ့ကြသည်။

You may also like