မော်လမြိုင်၊ အောက်တိုဘာ ၁၅
မွန်ပြည်နယ်တွင် အများပြည်သူများ အသက်အရွယ်မရွေး ကိုယ်လက်လှုပ်ရှား အားကစား ဆောင်ရွက်နိုင်စေရေးနှင့် အားကစားကို လေ့လာလိုက်စားကြစေရေး ရည်ရွယ်၍ မွန်ပြည်နယ် ဘောလုံးဆပ်ကော်မတီမှ စီစဉ်ဆောင်ရွက်သည့် Old Star ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့၊ ညနေပိုင်းက မော်လမြိုင်မြို့၊ ကျောင်းသား အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့် အားကစားဝါသနာရှင်များမှ ရွှေမြဝတီ Old Star ဘောလုံးအသင်းနှင့် ရွှေနတ်တောင် Old Starဘောလုံးအသင်းတို့ ယဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးခဲ့ပါသည်။
အဲဒီနောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပွဲစဉ်အလိုက် အကောင်းဆုံး ကစားသမားဆု၊ ပထမ၊ ဒုတိယ၊ ပူးတွဲတတိယဆုများ ရရှိကြသည့် ပြိုင်ပွဲဝင် အသင်းများအား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများမှ ဆုတံဆိပ်နှင့် ငွေသားဆုများ၊ တံခွန်စိုက် ဒိုင်းဆု ချီးမြှင့်ခဲ့သည်။






