မော်လမြိုင်၊ အောက်တိုဘာ ၁၈
စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်နေ့၊ နံနက်ပိုင်းတွင် မွန်ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းရှင်များအား မော်လမြိုင် မြို့ရှိ ပြည်နယ်ခန်းမ၌ တွေ့ဆုံ၍ ဒေသ တွင်းစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆွေးနွေးပြောကြားသည်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြ သည့် ဦးဝင်းရှိန်၊ ဒေါက်တာကံဇော်၊ ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဒေါက်တာ ချာလီသန်း၊ ဦးအောင်နိုင်ဦးနှင့် မွန်ပြည် နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ ကာကွယ် ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီး များ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ မွန်ပြည်နယ်ရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME) လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ် အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME) လုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ပြည်နယ်အတွင်းရှိ စက်မှုဇုန်များနှင့် စက်မှုဇုန် အတွင်းရှိ စက်မှုလုပ်ငန်းများ၏ လုပ်ငန်းဆောင်ရွက် နေမှုများ၊ ဆက်လက်ဆောင်ရွက်သွားမည့် အခြေ အနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် မွန်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဝင်းထိန်၊ ပြည်နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးခိုင်ဦး၊ ပြည်နယ်ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများ အသင်းကိုယ်စား ဦးဟန်ထွန်းဇော်၊ ပြည်နယ် ငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမြင့်စိုး၊မော်လမြိုင်ဇုန် ဟိုတယ်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးချန်ထွန်း နှင့် တက်ရောက်လာကြသူများက ရော်ဘာလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီပံ့ပိုးပေးစေလိုမှု၊ ဆားလုပ်ငန်းဆောင်ရွက်ရာတွင် စက်မောင်းဆီသုံးစွဲ မှုများ လျှော့ချနိုင်ရေးအတွက် နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဖြင့် အစားထိုးသုံးစွဲနိုင်ရေး၊ ပြည်နယ်မှထွက်ရှိသည့် ဆားကို ပြည်ပသို့ တင်ပို့နိုင် ရေးနှင့် ပြည်တွင်း၌ အဆင့်မြင့်ဆားများ ထုတ်လုပ် နိုင်ရေး နိုင်ငံတော်မှလိုအပ်သည်များ ကူညီပံ့ပိုးပေး စေလိုမှု၊ စိုက်ပျိုးရေးလုပ်ငန်းအတွက် လိုအပ်သည့် ရေလုံလောက်စွာရရှိရေး မြစ်ရေတင်စီမံကိန်း ဆောင်ရွက်ပေးစေလိုမှု၊ ရော်ဘာထွက်ဒေသများနှင့် မွန်ပြည်နယ်မှထွက်ရှိသည့် ရော်ဘာထုတ်ကုန်များကို ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်ရန်အတွက် အရည် အသွေးမြင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်နေမှု၊ ငါးမွေးမြူရေးလုပ်ငန်းများအတွက် အရင်းမပျောက် မတည်ချေးငွေများ လိုအပ်မှု၊ ဒေသတွင်း ခရီးသွား လုပ်ငန်းများတိုးတက်ရေး ဆောင်ရွက်လျက်ရှိမှု၊ ဆောက်လုပ်ရေးသုံးပစ္စည်းများ ဈေးနှုန်းသက်သာစွာ ဖြင့် ရရှိရန်လိုအပ်မှု၊ မော်လမြိုင်စက်မှုဇုန်ရှိ လုပ်ငန်း ရှင်များအတွက် အတိုးနှုန်းသက်သာသည့် ချေးငွေ များရရှိလိုမှု၊ သံရည်ကျိုလုပ်ငန်းများအတွက် လိုအပ် သည့် ကုန်ကြမ်းများကို ဈေးနှုန်းသက်သာစွာဖြင့် ရရှိလိုမှု၊ ရက်ကန်းလုပ်ငန်းများအတွက် မတည် ချေးငွေများလိုအပ်မှုသတ္တုထုတ်လုပ်မှုလုပ်ငန်းများ အတွက် ကုန်ကြမ်းသတ္တုများ လိုအပ်မှုအခြေအနေ များကို ရှင်းလင်းတင်ပြကြသည်။
တစ်ဦးချင်းရှင်းလင်းတင်ပြခဲ့ကြမှုအပေါ် ပြည်ထောင်စုဝန်ကြီးများမှ သက်ဆိုင်ရာ ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် နိုင်ငံတစ်ခုသည် စီးပွားရေး မောင်းနှင်အား၊ နိုင်ငံရေးအားနှင့် ကာကွယ်ရေး စွမ်းအားကောင်းရန်လိုကြောင်း၊ စီးပွားရေးမောင်းနှင်အား ကောင်းမွန်ပါက နိုင်ငံရေးနှင့် ကာကွယ်ရေး စွမ်းအားများသည်လည်း ကောင်းမွန်လာမည်ဖြစ်ပြီး အင်အားကောင်းသည့် နိုင်ငံတစ်ခုဖြစ်လာမည်ဖြစ် ကြောင်း၊ ကမ္ဘာပေါ်တွင် ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးပြီး စီးပွားရေးအားကောင်းသည့် နိုင်ငံများ ရှိသကဲ့သို့ အခြားနိုင်ငံရေးစနစ်များကို ကျင့်သုံး၍ စီးပွားရေး အားကောင်းလျက်ရှိသည့် နိုင်ငံများလည်း ရှိကြောင်း၊ နိုင်ငံအတွင်းရှိ သယံဇာတပစ္စည်းများနှင့် အရန်ငွေများရှိခြင်းကြောင့် ကာကွယ်ရေးစွမ်းပကား များကို မြှင့်တင်ဆောင်ရွက်ကြသည်များလည်းရှိကြ ကြောင်း၊ စီးပွားရေးအားကောင်းသည့် နိုင်ငံများတွင် ပင် နိုင်ငံရေးပြဿနာများကြောင့် ဆူပူမှုများဖြစ်ပေါ် နိုင်ပြီး အစိုးရအပေါ်တွင် မကျေနပ်မှုများဖြစ်ပေါ်ကြ ကြောင်း၊ ပြည်သူများတွင် လိုအပ်ချက်များ ဖြစ်ပေါ် လာသည့်အချိန်တွင် တိုင်းပြည်ဆူပူမှုများဖြစ်ပေါ် တတ်ကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း ယခင်က စီးပွားရေးကျဆင်းမှုများကြောင့် ဆန်၊ စပါး အရေး အခင်းများဖြစ်ပေါ်၍ ဆူပူမှုများဖြစ်ပေါ်ခဲ့ကြောင်း၊ ၁၉၈၈ ခုနှစ်တွင်လည်း စီးပွားရေးကျဆင်းမှုနှင့် နိုင်ငံ ရေးဆိုင်ရာ သဘောထားကွဲလွဲမှုများကြောင့် ဆူပူမှု များဖြစ်ပေါ်ခဲ့ကြောင်း၊ ထို့ကြောင့် နိုင်ငံရေးအရ တည်ငြိမ်ရန်အတွက် စီးပွားရေးကောင်းမွန်ရန် မိမိတို့နိုင်ငံသည် အခြေခံကောင်းများရှိပြီးဖြစ် သဖြင့် စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်အောင်ဆောင် ရွက်နိုင်ကြောင်း၊ တိုင်းပြည်၏အားသည် ပြည်တွင်း မှာသာရှိသည်ဖြစ်သည့်အတွက် စိုက်ပျိုးမွေးမြူရေး ကို အခြေခံသည့် ပြည်တွင်းကုန်ထုတ်လုပ်မှုများကို ဦးစားပေးဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ မိမိအနေ ဖြင့် ပြည်တွင်းစီးပွားရေးတိုးတက်အောင် ကြိုးပမ်း ဆောင်ရွက်နေခြင်းဖြစ်ပြီး မိမိတို့နိုင်ငံသည် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများကို အများဆုံးဆောင်ရွက်ကြ သည်ဖြစ်သဖြင့် ယင်းကိုအခြေခံ၍ စီးပွားရေးကို ဆောင်ရွက်ပါက မလွဲမသွေ အောင်မြင်မည်ဖြစ်သည် ဟုယုံကြည်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှ ကြောင့် ကုန်ဈေးနှုန်းများ မြင့်တက်ခဲ့သော်လည်း မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးနိုင်ငံဖြစ်သဖြင့် စားသောက်ကုန်များ ပြတ်လပ်မှုမရှိခဲ့ကြောင်း။
စက်မှုဖွံ့ဖြိုးပြီးနိုင်ငံများ၌ပင် MSME လုပ်ငန်း များသည် စက်မှုကဏ္ဍ၏ ဝင်ငွေတွင် ၉၀ ရာခိုင်နှုန်း ခန့်ရှိကြောင်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှု လုပ်ငန်း တွင်လည်း MSME လုပ်ငန်းများသည် အရေးအပါဆုံး အခန်းကဏ္ဍတွင် ပါဝင်သဖြင့် အားပေးဆောင်ရွက် ခြင်းသည် နိုင်ငံအတွက် များစွာအကျိုးဖြစ်ထွန်းစေ ကြောင်း၊ ပြည်တွင်း၌ လိုအပ်သည်များကို ပြည်တွင်း ၌ ထုတ်လုပ်နိုင်ခြင်းဖြင့် ပစ္စည်းဈေးနှုန်းကြီးမြင့်မှ များကို ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် အသေးစားအငယ်စားနှင့် အလတ်စားစီးပွားရေး (MSME)လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အားပေး ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ MSME လုပ်ငန်းတွင် ကုန်ထုတ်လုပ်မှု၊ ရောင်းဝယ်မှု၊ ဝန်ဆောင်မှုနှင့် အခြားလုပ်ငန်းဟူ၍ လေးမျိုးရှိပြီး မိမိတို့အနေဖြင့် ကုန်ထုတ်လုပ်မှုကို အဓိက အားပေးကြောင်း၊ ဝယ်လိုအားနှင့် ရောင်းလိုအား မမျှတမှု၊ ပစ္စည်း ရှားပါးမှုများကြောင့် ကုန်ဈေးနှုန်းကြီးမြင့်မှုများကို ဖြစ်စေနိုင်ကြောင်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှုကို “ လုံလောက်စွာဆောင်ရွက်နိုင်မည်ဆိုပါက ဝယ်လို ` အားနှင့် ရောင်းလိုအား မျှတလာမည်ဖြစ်သဖြင့် ခေါ် ကုန်ဈေးနှုန်းကြီးမြင့်မှုကို လျော့ကျလာစေမည်ဖြစ် ခေါ် ကြောင်း၊ ထို့ကြောင့် ပြည်တွင်းလိုအပ်သည့် ကုန်ပစ္စည်းများ ထိုက်သင့်သည့်ဈေးနှုန်းများဖြင့် ဝယ်ယူရရှိနိုင်ရန်လိုကြောင်း၊ ပြည်ပအစားထိုးသွင်းကုန်များကို မိမိနိုင်ငံအတွင်း၌ အရည်အသွေးမီ ထုတ်လုပ်ခြင်းနှင့် – ပြည်ပသို့ တင်ပို့ခြင်းများကို ဆောင်ရွက်နိုင်မည်ဆိုပါက ပြည်တွင်း ပြည်ပစီးပွားရေးလုပ်ငန်းများ ကောင်းမွန်လာမည်ဖြစ်ကြောင်း၊ သယ်ဇာတကုန်ကြမ်းများကိုအကျိုးရှိရှိ အသုံးချနိုင်ရမည် ကုန်ထုတ်လုပ်မှုများ ဆောင်ရွက်ရာတွင် ပြည်နယ်အတွင်းနှင့် ပြည်တွင်းမှ ထွက်ရှိသည့် ကုန်ကြမ်းများကို အဓိကအသုံးပြုနိုင်ရန်လိုကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိလာ သည့် ကုန်ကြမ်းများ၊ မြေပေါ်မြေအောက် သယံဇာတ ပစ္စည်းကုန်ကြမ်းများကို အသုံးပြုနိုင်မည်ဆိုပါက များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ မွန်ပြည် နယ်အတွင်း စပါးစိုက်ပျိုးခြင်း၊ ဥယျာဉ်ခြံမြေများ စိုက်ပျိုးခြင်းနှင့် အခြားဆီထွက်သီးနှံနှင့် ရော်ဘာ စသည့် စက်မှုထွက်ကုန်များရှိကြောင်း၊ စိုက်ပျိုးရေး ထွက်ကုန်များကို အခြေခံသည့် ထုတ်ကုန်များကို များစွာ ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင် အရည်အသွေးနှင့် အထွက်နှုန်းကောင်းမွန်သည့် စပါး မျိုးများ စိုက်ပျိုးနိုင်ရန်လိုကြောင်း၊ မိမိတို့နိုင်ငံအနှံ့ အပြားတွင် စပါးမျိုးကွဲများ များစွာစိုက်ပျိုးကြပြီး မျိုးမှန်မျိုးသန့်ရန်နှင့် မျိုးကွဲနည်းအောင် စိုက်ပျိုးကြ ရန်လိုကြောင်း၊ မွန်ပြည်နယ်အတွင်း စပါးအထွက် နှုန်းမှာ ပန်းတိုင်ရည်မှန်းချက်ထက် နည်းပါးသဖြင့် တစ်ဧကအထွက်နှုန်း တိုးတက်အောင် ကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း၊ အထွက်နှုန်းများ တိုးတက် ကောင်းမွန်လာမည်ဆိုပါက ဒေသစားသုံးမှု ဖူလုံသည့်အပြင် အခြားဒေသများနှင့် ပြည်ပသို့ တင်ပို့နိုင်မည်ဖြစ်ကြောင်း။ မော်လမြိုင်ဒေသတွင်း စိုက်ပျိုးရေးထုတ်ကုန် များကို အခြေခံသည့် ကုန်ထုတ်လုပ်မှုများကို ယခု ထက်ပိုမိုတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ကြ စေလိုကြောင်း၊ ရော်ဘာစိုက်ပျိုးမှုများတွင်လည်း ရော်ဘာအထွက်နှုန်းများ ယခုထက်တိုးတက်အောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ မွန်ပြည်နယ်အတွင်း ကျွဲနှင့် နွားမွေးမြူမှုများလည်းရှိသဖြင့် အဆိုပါ လုပ်ငန်းများမှတစ်ဆင့် သားရေထုတ်လုပ်ခြင်း ရ လုပ်ငန်းများကို ဆောင်ရွက်၍ရကြောင်း၊ ယင်းမှ ဖိနပ်ထုတ်လုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်၍ တစ်နိုင်ငံလုံးဈေးကွက်ကို ဖြန့်ဖြူးနိုင်သည်အထိ ရည်မှန်းလုပ်ဆောင်ရန်လိုကြောင်း၊ ရော်ဘာလုပ်ငန်း များမှ ပြည်တွင်းလိုအပ်ချက်ရှိသည့် မော်တော်ကား နှင့် မော်တော်ဆိုင်ကယ်များအတွက် တာယာများ ထုတ်လုပ်နိုင်မည်ဆိုပါက အကျိုးဖြစ်ထွန်းစေနိုင် မည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှလည်း လိုအပ်သည့် ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။ မော်လမြိုင်တွင် ယခင်က ပင်လယ်ဆိပ်ကမ်းရှိခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ယခု အသုံးပြုမှုမရှိကြောင်း၊ မော်လမြိုင်ဒေသတွင် ပင်လယ်ဆိပ်ကမ်းတစ်ခု တည်ဆောက်နိုင်ရေး အတွက် မိမိတို့အနေဖြင့် စီမံဆောင်ရွက်လျက်ရှိ ကြောင်း၊ အလားတူ မော်လမြိုင်ဒေသတွင် အပြည် ပြည်ဆိုင်ရာ လေဆိပ်တည်ဆောက်နိုင်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ နောင်တစ်ချိန်တွင် မော်လမြိုင်ဒေသသို့ ခရီးသွားများ ဝင်ရောက်မှု ပိုမို အားကောင်းလာစေရန်နှင့် လေကြောင်းမှကုန်စည် စီးဆင်းမှုများကို မြှင့်တင်ဆောင်ရွက်နိုင်ရန် ရည်ရွယ် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း။
မွန်ပြည်နယ်သည် သစ်၊ ဝါးပေါများသည့် ဒေသ ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် စက္ကူများလိုအပ်ချက်ရှိ သဖြင့် ပြည်ပမှ တင်သွင်းနေရကြောင်း၊ သစ်နှင့် ဝါး များကို စိုက်ပျိုး၍ ပျော့ဖတ်စက္ကူ ထုတ်လုပ်ခြင်းနှင့် ကုန်ထုတ်လုပ်ခြင်းလုပ်ငန်းများ ဝါးကိုအခြေခံသည့် ဆောင်ရွက်၍ရကြောင်း၊ မြေလွတ်မြေရိုင်းများ ပေါ်တွင် သစ်နှင့် ဝါး စိုက်ပျိုးခြင်းများကို အမှန် တကယ် ဆောင်ရွက်မည်ဆိုပါက နိုင်ငံတော်အနေဖြင့် သတ်မှတ်ချက်များနှင့်အညီ ခွင့်ပြုပေးမည်ဖြစ်ကြောင်း၊ အလားတူ လယ်ယာစိုက်ပျိုးမြေများကို လည်း ထိန်းသိမ်းဆောင်ရွက်ရန်လိုကြောင်း၊ ဥယျာဉ် ခြံမြေများကိုလည်း မိရိုးဖလာ စိုက်ပျိုးခြင်းထက် ခေတ်မီသည့်နည်းပညာများကို အသုံးပြု၍အသီးအနှံ ခု များ အထွက်နှုန်းတိုးတက်ကောင်းမွန်သည့်မျိုးများ ကြည်ကို စိုက်ပျိုးထုတ်လုပ်နိုင်ရန် လိုကြောင်း၊ ထုတ်လုပ်မှုများဆောင်ရွက်ရာတွင်လည်း အရည်အသွေး ကောင်းမွန်ရန်နှင့် လုပ်ပိုးမှုစနစ်များ ကောင်းမွန်အောင်ဆောင်ရွက်နိုင်မည်ဆိုပါက လူများစိတ်ဝင်စားပါမှု ရှိလာပြီး ထုတ်ကုန်များ ဈေးနှုန်းရရှိ၍ ရောင်းအားများလည်း တိုးတက်လာမည်ဖြစ်ကြောင်း၊ ဥယျာဉ်ခြံ မြေသီးနှံများမှ ကုန်ထုတ်လုပ်ငန်းများကို ဆောင်ရွက် ၍ နိုင်ကြောင်း။ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကုန်ကြမ်း၊ လောင်စာဆီ၊ လျှပ်စစ်စွမ်းအားတို့ကို လိုအပ်ကြောင်း၊ မိမိတို့နိုင်ငံတွင် လျှပ်စစ်စီမံကိန်းများစွာ စီမံဆောင်ရွက်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ရပ်တန့်ခဲ့ရကြောင်း၊ ထို့ကြောင့် ပြည်တွင်းလျှပ်စစ်ဓာတ်အား လိုအပ်ချက်များရှိသလို တစ်ဖက်မှ လောင်စာဆီနှင့် ဂက်စ်များ ဈေးနှုန်းမြင့် ခု တက်ခဲ့ကြောင်း၊ လက်ရှိအချိန်တွင် နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ မွန်ပြည်နယ်တွင်လည်း နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းများကို ကာလတစ်ခု ဆောင်ရွက်၍ရကြောင်း၊ စက်ရုံအလုပ်ရုံများအနေဖြင့် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ် ဓာတ်အားများကို အသုံးပြုဆောင်ရွက်မည်ဆိုပါက ည် ကုန်ကျစရိတ်ကို သက်သာစေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြ စေလိုကြောင်း၊ အချို့နိုင်ငံများတွင် စက်သုံးဆီများ ရှိ ချွေတာရေးအတွက် Electric Vehicle လျှပ်စစ် စွမ်းအင်သုံးယာဉ်များကို အသုံးပြု၍ အများပြည်သူ သယ်ယူပို့ဆောင်ရေးများကို အသုံးပြုလျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံအတွင်း လျှပ်စစ် ဓာတ်အား အသုံးပြုသည့် သယ်ယူပို့ဆောင်ရေးစနစ်ကို အသုံးပြုနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိ ကြောင်း၊ နေ့စဉ် အသုံးပြုလျက်ရှိသည့် မော်တော် ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များအတွက် လိုအပ်သည့် လောင်စာဆီများကို ပြည်ပမှ တင်သွင်း နေရသဖြင့် နိုင်ငံခြားငွေသုံးစွဲကုန်ကျမှုများရှိကြောင်း၊ ထို့ကြောင့် လောင်စာဆီကို ချွေတာနိုင်သည့် လျှပ်စစ်ဓာတ်အားအသုံးပြုသည့် သယ်ယူပို့ဆောင်ရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ရည်မှန်း ချက်ထား ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်မည်ဆိုပါက လောင်စာဆီများ အတွက် ကုန်ကျစရိတ်များ များစွာလျော့နည်းသွား မည်ဆိုပါက နိုင်ငံတော်အတွက် များစွာအကျိုး ဖြစ်ထွန်းစေမည်ဖြစ်ကြောင်း။
ယခင်က ပြည်တွင်း ကုန်ထုတ်လုပ်မှုများကို အားပေးမှုမရှိခဲ့ဘဲ ပြည်ပမှသာ တင်သွင်းသုံးစွဲခဲ့မှုများ ကြောင့် ပြည်တွင်း၌ လိုအပ်ချက်များ ဖြစ်ပေါ်ခဲ့ ကြောင်း၊ ပြည်တွင်း၌ ထုတ်လုပ်၍ရသည့် အခြေခံ သုံးကုန်၊ စားကုန်ပစ္စည်းများကို ပြည်ပမှ တင်သွင်းမှုများ လျှော့ချနိုင်ရန်အတွက် မိမိတို့အနေဖြင့် ဆောင်ရွက်လျက်ရှိပြီး ထိုသို့ဆောင်ရွက်ခြင်းမှာ ပြည်ပမှ တင်သွင်းမှုများကြောင့် နိုင်ငံခြားလိုငွေများ များစွာ ဖြစ်ပေါ်လျက်ရှိခြင်းကြောင့်ဖြစ်ကြောင်း၊ အလားတူ ပြည်တွင်း ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက် အောင်ဆောင်ရွက်၍ စားကုန်၊ သောက်ကုန်နှင့် သုံးကုန်များအတွက် လုံလောက်စွာထုတ်လုပ်နိုင်ရန် အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်ပမှ သွင်းကုန်များ ထိန်းချုပ်ပေးမှုကြောင့် ပြည်တွင်း စက်မှုလုပ်ငန်းများ အားကောင်းလာပြီး အလုပ် အကိုင်များလည်း ပေါများလာကြောင်း၊ ယခင်က ဘိလပ်မြေများ ထုတ်လုပ်ရာတွင် ကုန်ထုတ်လုပ်မှု စရိတ်များ ကြီးမြင့်ခြင်းများဖြစ်ပေါ်ခြင်း၊ ကုန်ကြမ်းများမရရှိခြင်း၊ လောင်စာနှင့်စွမ်းအင်များ လုံလောက် စွာမရရှိခြင်း၊ နည်းပညာလိုအပ်ချက်များရှိခြင်း ကြောင့် အခက်အခဲများဖြစ်ပေါ်ခဲ့သော်လည်း ယခု အခါလုပ်ငန်းများ ပြန်လည်လည်ပတ်နိုင်ရေး မိမိတို့ သ အနေဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ မိမိတို့နိုင်ငံတွင် ၂၀၁၈/၂၀၁၉ ခုနှစ်ခန့်မှစ၍ နိုင်ငံ၏စီးပွားရေးကျဆင်း ခဲ့သော်လည်း ယခုအခါ မိမိတို့နိုင်ငံ၏ စီးပွားရေးမှာပြန်လည် တည်ငြိမ်ကောင်းမွန်လာပြီဖြစ်ကြောင်း။
လုပ်ငန်းများဆောင်ရွက်ရန်အတွက် အရည် အချင်းပြည့်ဝသည့် လူသားအရင်းအမြစ်များလည်း လိုအပ်ကြောင်း၊ ပညာရည်မြင့်မားရေးအတွက် မိမိတို့ အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ မွန်ပြည်နယ်သည် ပညာရေး အားပေးသည့် ပြည်နယ် တစ်ခုဖြစ်ပြီး တက္ကသိုလ်ဝင်တန်းအောင်မြင်မှုတွင် ပထမရခဲ့ကြောင်း၊ ယင်းအတွက် ချီးကျူးပါကြောင်း၊ KG + 9 အောင်မြင်ပြီးချိန်တွင် တက်ရောက်နိုင်ရေး စက်မှုလက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်း ကျောင်းများကို ခရိုင်များ၌ ဖွင့်လှစ်သင်ကြားပေးမည် ဖြစ်ကြောင်း၊ အဆိုပါ အထက်တန်းကျောင်းများမှ အောင်မြင်ပါက သိပ္ပံကျောင်းများ၊ တက္ကသိုလ်များသို့ ဆက်လက်တက်ရောက်နိုင်မည်ဖြစ်ကြောင်း၊ ထိုမှ တစ်ဆင့် သက်ဆိုင်ရာ နယ်ပယ်အလိုက် နည်းပညာ ကျွမ်းကျင်သည့် လူသားအရင်းအမြစ်ကောင်းများ ပေါများစွာထွက်ပေါ်လာမည်ဖြစ်ကြောင်း၊ နိုင်ငံတော် အနေဖြင့် ပညာရေးကို အားပေးဆောင်ရွက်လျက် ရှိသကဲ့သို့ မိဘများအနေဖြင့်လည်း မိမိတို့ သားသမီး များ၏ ပညာရေးကို အားပေးရန်လိုကြောင်း။
နိုင်ငံတော်မှ ပညာသင်ကြားပေးလိုက်သူများ အနေဖြင့်လည်း နိုင်ငံတော်အပေါ်ပြန်လည်အကျိုးပြု ရန်လိုကြောင်း၊ တိုင်းပြည်နှင့် ပြည်သူအတွက် တာဝန်ထမ်းဆောင်ကြရန်လိုကြောင်း၊ ထို့ကြောင့် ပညာရေးနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် အားပေး ဆောင်ရွက်လျက်ရှိပြီး စာသင်ကျောင်းများအားလုံး ဖွင့်လှစ်ပေးထားကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် လည်း လူသားအရင်းအမြစ်များတိုးပွားလာစေရေး သက်ဆိုင်ရာ ပညာရပ်များအလိုက် သင်တန်းများ ဖွင့်လှစ်၍ ဆင့်ပွားသင်တန်းများ သင်ကြားပေးရန်လို ကြောင်း။
ခရီးသွားလုပ်ငန်းနှင့်ပတ်သက်၍ နိုင်ငံတကာတွင်လည်း ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကို အားပေး ကြကြောင်း၊ မွန်ပြည်နယ်သည် သာယာလှပသည့် ဒေသတစ်ခုဖြစ်ကြောင်း၊ ရေစီးရေလာများ ကောင်းမွန်စေရေးနှင့် မြို့များ သန့်ရှင်းသာယာလှပရေး၊ ပတ်ဝန်းကျင်သပ်ရပ်လှပရေး အားလုံးဝိုင်းဝန်း ထိန်းသိမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ လမ်းညွှန် အမှတ်အသားများ စနစ်တကျရှိစေရေးနှင့် သတ်မှတ် ထားသည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ အတိုင်း လိုက်နာဆောင်ရွက်ရေး ထိန်းသိမ်းကြပ်မတ် ရန်လိုကြောင်း၊ သာယာလှပသည့် ပတ်ဝန်းကျင်တစ်ခု ဖန်တီးဆောင်ရွက်နိုင်မှသာ ခရီးသွားဧည့်သည် များကို ဆွဲဆောင်နိုင်မည်ဖြစ်ကြောင်း၊ အလားတူ ဒေသအစားအစာများကိုလည်း ကောင်းမွန်သန့်ရှင်း သပ်ရပ်အောင် ဆောင်ရွက်ခြင်း၊ အများသိအောင် ကြေညာပေးခြင်းများ ဆောင်ရွက်ပေးခြင်းဖြင့်လည်း ခရီးသွားများကို ဆွဲဆောင်နိုင်မည်ဖြစ်ကြောင်း။ အခွန်နှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် အချို့သော EAO အဖွဲ့များက တရားမဝင်ကုန်သွယ် မှုများတွင် ပါဝင်လျက်ရှိသည်ကို သိရှိရကြောင်း၊ တရားမဝင်ကုန်သွယ်မှုများကြောင့် နိုင်ငံတော် အတွက် နစ်နာမှုများရှိကြောင်း၊ အိမ်နီးချင်းနိုင်ငံ များနှင့် ကုန်သွယ်မှုစာရင်းဇယားများကို တိုက်ဆိုင် စစ်ဆေးကြည့်ပါက ၅၀ ရာခိုင်နှုန်းနီးပါးခန့် ကွာဟနေသည်ကို တွေ့ရှိရပြီး တရားမဝင်ကုန်သွယ်မှုများ ရှိနေခြင်းကြောင့်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် တရားမဝင်ကုန်သွယ်မှုများမရှိစေရေး တတ်နိုင်သမျှ ထိန်းချုပ်ဆောင်ရွက်လျက်ရှိပြီး လိုင်စင်မဲ့မော်တော် ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များ မရှိစေရေး အတွက်လည်း တာဝန်ရှိသူများအနေဖြင့် ထိန်းသိမ်း ဆောင်ရွက်ကြရန်လိုကြောင်း၊ တရားမဝင်ပစ္စည်းများ၊ မူးယစ်ဆေးဝါးများနှင့် လက်နက်ခဲယမ်းများ သယ်ဆောင်မှုမရှိစေရေးအတွက် စစ်ဆေးမှုများ ရှိသော်လည်း ခရီးသွားလာမှုများ နှောင့်နှေး ကြန့်ကြာမှုမရှိစေရေးအတွက် တတ်နိုင်သမျှ ဖြေရှင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ တစ်ဦးတစ်ယောက် ချင်းမှအစပြု၍ စည်းမဲ့ကမ်းမဲ့ဆောင်ရွက်မည်ဆိုပါ က နိုင်ငံအနေဖြင့် တိုးတက်မှုများဖြစ်ပေါ်လာနိုင် မည်မဟုတ်သဖြင့် ပြည်သူများပါ ပါဝင်၍ စည်းကမ်း စနစ်တကျဖြင့် ထိန်းသိမ်းဆောင်ရွက်ကြရန် လိုကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် တက်ရောက်လာ ကြသည့် မွန်ပြည်နယ်ရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် စားသောက်ကုန်၊ လူသုံးကုန်၊ စက်မှုလက်မှုထုတ်ကုန်၊ ဒေသရိုးရာ လက်မှုထုတ်ကုန်များ၊ အဝတ်အထည်များ၊ တိုင်းရင်း ဆေးများ စသည့်ထုတ်ကုန်ပစ္စည်းများ ခင်းကျင်း ပြသထားရှိမှုများကို ပြကွက်တစ်ခုချင်းစီအလိုက် စိတ်ဝင်တစား လေ့လာခဲ့ပြီး ဈေးကွက်ရရှိမှု အခြေ အနေများကို မေးမြန်းဆွေးနွေးရာ လုပ်ငန်းအလိုက် စီးပွားရေးလုပ်ငန်းရှင်များက လိုက်လံရှင်းလင်း တင်ပြခဲ့ကြကြောင်း သိရသည်။















