Home ကျန်းမာရေး Emergency Medical Responder – Ambulance Training ဖွင့်ပွဲအခမ်းအနားနှင့် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၅)နှင့် မွန်ရိုးရာ လက်ယက်ကန်း သင်တန်းအမှတ်စဉ်(၂၁)သင်တန်းဖွင့်ပွဲ အခမ်းအနား တက်​ရောက်

Emergency Medical Responder – Ambulance Training ဖွင့်ပွဲအခမ်းအနားနှင့် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၅)နှင့် မွန်ရိုးရာ လက်ယက်ကန်း သင်တန်းအမှတ်စဉ်(၂၁)သင်တန်းဖွင့်ပွဲ အခမ်းအနား တက်​ရောက်

by Mon Media

မော်လမြိုင်၊ ​အောက်တိုဘာ ၂၅
မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးမှ ကြက်ခြေနီစေတနာ့လုပ်အားရှင်များအတွက် စွမ်းဆောင်ရည်မြှင့်တင်ခြင်း အစီအစဉ်ဖြစ်သည့် Emergency Medical Responder – Ambulance Training ဖွင့်ပွဲအခမ်းအနားကို ၂၀၂၂ ခုနှစ်၊ ​အောက်တိုဘာလ ၂၅ ရက်​နေ့၊ နံနက်ပိုင်းက ​မော်လမြိုင်မြို့၊ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီရုံး၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး​ဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ကြက်​ခြေနီအသင်းမှ သင်တန်းသူ၊ သင်တန်းသားများ တက်​ရောက်သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လူမှုကရုဏာ လုပ်ငန်းတွေကို ဆောင်ရွက်ပေးလျက်ရှိပြီး ထိုသို့ဆောင်ရွက်ကြတဲ့နေရာမှာ ရှေးဦးပြုစုခြင်းနှင့်အရေးပေါ်လူနာတင် ယာဉ်လုပ်ငန်း ​ဆောင်ရွက်ခြင်းသည်လည်း များစွာ အ​ရေးပါ​ကြောင်း၊ ရှေးဦးပြုစုခြင်းဆိုင်ရာလုပ်ငန်းများကို လူတိုင်းတတ်ထားအပ်သော ပညာရပ်များအဖြစ် ခံယူပြီး တတ်​မြောက်ထားသည့် ပညာရပ်များနှင့်အတူ လူထုအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ကြရန် လိုအပ်​ကြောင်း၊ ကြက်​ခြေနီ ​မောင်၊ မယ်များအ​နေဖြင့် သင်တန်းမှ ပို့ချသည့် ဘာသာရပ်တွေကို လေ့လာမှတ်သားပြီး ပြန်လည်အသုံးချခြင်းဖြင့် ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုတွေကို အကောင်းဆုံး​ဆောင်ရွက်ပေးနိုင်မှာ ဖြစ်​ကြောင်း၊ လူမှုကရုဏာလုပ်ငန်းများကို ကျရာ​နေရာမှ စွမ်းစွမ်းတမံဆောင်ရွက်​ပေးကြရန်နှင့် အကူလိုအပ်​သော ပြည်သူလူထုတိုင်းအတွက် ကြက်​ခြေနီ အခန်းကဏ္ဍက​နေ အားလုံးဝိုင်းဝန်းပူး​ပေါင်း ​ဆောင်ရွက်​ပေးကြရန် ပြောကြားသည်။
ထို့​နောက် မြန်မာနိုင်ငံကြက်​ခြေနီအသင်း၊ ဒုတိယဥက္ကဋ္ဌ ​ဒေါက်တာအမရာ​မော်နိုင်မှ ​ကျေးဇူးတင်စကားပြန်လည်​ပြောကြားကာ ကြက်​ခြေနီအသင်း၏ ​လုပ်ငန်း​ဆောင်ရွက်မှု ပြခန်းများအား လှည့်လည်ကြည့်ရှုအား​ပေးသည်။
မွန်ပြည်နယ်အတွင်း မှီတင်း​နေထိုင်ကြသည့် တိုင်းရင်းသားလူငယ်များကို အလုပ်အကိုင်အခွင့်အလမ်း ရရှိရန်နှင့် အသက်​မွေးဝမ်း​ကျောင်း ကိုယ်ပိုင်စီးပွား​ရေးလုပ်ငန်းများ ဖန်တီးနိုင်ရန် ရည်ရွယ်၍ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၅)နှင့် မွန်ရိုးရာ လက်ယက်ကန်း သင်တန်းအမှတ်စဉ်(၂၁)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယ​နေ့နံနက်ပိုင်းက မုဒုံမြို့နယ်၊ ကွမ်တာ​ကျေးရွာရှိ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း သက်ဆိုင်ရာ နယ်ပယ်အလိုက် နည်းပညာ ကျွမ်းကျင်သည့် လူသားအရင်းအမြစ်ကောင်းများ ပေါများစွာထွက်ပေါ်လာ​စေ​ရေးအတွက် အထူးအ​လေး​ပေး ​ဆောင်ရွက်လျက်ရှိ​ကြောင်း၊ ပြည်နယ်အတွင်း သထုံမြို့နယ်၊ မုဒုံမြို့နယ်နှင့် ရေးမြို့နယ်တို့တွင် လူငယ်သင်တန်းကျောင်းများ၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးပညာသင်တန်းကျောင်းများကို ဖွင့်လှစ်ပြီး တိုင်းရင်းသူများအတွက် အိမ်တွင်းမှုသက်​မွေးပညာရပ်များအတွက် တတ်​မြောက်သည်အထိ လေ့ကျင့်သင်ကြား​ပေးခြင်း၊ ကိုယ်ပိုင်စီးပွား​ရေး လုပ်ငန်းများ ထူ​ထောင်ပံ့ပိုး​ပေးခြင်း၊ အပ်ချုပ်စက်များကို အရစ်ကျစနစ်နဲ့ ရောင်းချပေးခြင်းအပြင် မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းနဲ့ညှိနှိုင်းပြီး အထည်ချုပ်စက်ရုံများတွင် အလုပ်အကိုင်ရရှိရေးအတွက် စီစဉ်ဆောင်ရွက်​ပေးထား​ကြောင်း၊ သင်တန်းသူများအနေနဲ့ အသိပညာ၊ အတတ်ပညာများ ပြည့်ဝသူများဖြစ်အောင် အစဉ်ကြိုးစားကာ စူးစမ်းလေ့လာမှု၊ တီထွင်ဖန်တီးမှုမျာဖြင့် အိမ်တွင်းမှု ပညာရပ်များကိုအသုံးချပြီး တစ်ပိုင်တစ်နိုင် စီးပွား​ရေးလုပ်ငန်းများနှင့် ​​ဒေသအကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်​ပေးကြရန် တိုက်တွန်းလို​ကြောင်း ပြောကြားသည်။
အဲဒီ​နောက် သင်တန်း​ကျောင်းအုပ်ဆရာမကြီးမှ ကျောင်းဆိုင်ရာ အချက်အလက်များနှင့် ​သင်တန်းဖွင့်လှစ်​သင်ကြားမှု အ​ခြေအ​နေတို့အား ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ​ပေါင်းစပ်ညှိနှိုင်း ​ဆောင်ရွက်​ပေးကာ သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

You may also like