Home လမ်းပန်းဆက်သွယ်‌ရေး ဝန်ကြီးဌာနမြန်မာ့မီးရထား(သွာလာရေး/တိုင်း)ရုံး ရထားခရီးစဉ်​ပြေးဆွဲ ​ဆောင်ရွက်​နေမှု အ​ခြေအ​နေအား ကြည့်ရှုအား​ပေး၊ ​​အ​ဝေး​ပြေးကားဝင်း တိုးချဲ့​မည့် ​မြေ​နေရာအား ကြည့်ရှုစစ်​ဆေး၊ တိုင်းရင်းသားယဉ်ကျေးမှုဗဟိုဌာန တည်ဆောက်ရန်အတွက် ဌာနပိုင်မြေတန်ဖိုးနှင့် အပင်တန်ဖိုး ပေးလျေသည့် အခမ်းအနား တက်​ရောက်

ရထားခရီးစဉ်​ပြေးဆွဲ ​ဆောင်ရွက်​နေမှု အ​ခြေအ​နေအား ကြည့်ရှုအား​ပေး၊ ​​အ​ဝေး​ပြေးကားဝင်း တိုးချဲ့​မည့် ​မြေ​နေရာအား ကြည့်ရှုစစ်​ဆေး၊ တိုင်းရင်းသားယဉ်ကျေးမှုဗဟိုဌာန တည်ဆောက်ရန်အတွက် ဌာနပိုင်မြေတန်ဖိုးနှင့် အပင်တန်ဖိုး ပေးလျေသည့် အခမ်းအနား တက်​ရောက်

by Mon Media

မော်လမြိုင်၊ ​အောက်တိုဘာ ၂၁
မွန်ပြည်နယ်အတွင်း ခရီးသွားပြည်သူများ စိတ်​အေးချမ်းသာစွာ ခရီးသွားလာနိုင်ရေးအတွက် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး​ဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ၂၀၂၂ ခုနှစ်၊ ​အောက်တိုဘာလ ၂၁ ရက်​နေ့၊ နံနက်ပိုင်းက ​မော်လမြိုင်ဘူတာကြီး၌ ဘူတာရုံပရဝုဏ်အတွင်း၊ အပြင် သန့်ရှင်းသာယာလှပစေရေးတို့ကို ဆောင်ရွက်ထားရှိမှု အ​ခြေအ​နေအား ကြည့်ရှုစစ်​ဆေးပြီး ​မော်လမြိုင်- ရန်ကုန် ​လေအိတ်ရထား​ပြေးဆွဲ​နေမှုအ​ခြေအ​နေကို ကြည့်ရှုအား​ပေးကာ ခရီးသွားပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်သည်။
ထို့​နောက် မြန်မာ့မီးရထား (ပို့ဆောင်ရေး၊ တိုင်းအမှတ်-၈)မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ရထားခရီးစဉ်များ ပြေးဆွဲဆောင်ရွက်နေခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြမှုအ​ပေါ် ပြည်နယ်ဝန်ကြီးချုပ်က ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ ခရီးသွားလာနိုင်​ရေး​၊ ဘူတာရုံများ ဥပတိရုပ်​ကောင်းမွန်​စေ​ရေး ​ဆောင်ရွက်​ပေးကြရန်၊ မီးရထားပိုင်​မြေများတွင် ကျူး​ကျော်​နေထိုင်မှုများ မရှိ​စေ​ရေးနှင့် ရထားလမ်း​ဘေး ဝဲ၊ ယာ တစ်​လျောက် သစ်ပင်၊ ခြုံနွယ်များ ရှင်းလင်း​​စေ​ရေး ဆောင်ရွက်ကြရန် မှာကြားကာ ပေါင်းစပ်ညှိနှိုင်း ​ဆောင်ရွက်​ပေးခဲ့သည်။
အဲဒီ​နောက် မော်လမြိုင်အ​ဝေး​ပြေးကားဝင်း တိုးချဲ့​မည့် ​မြေ​နေရာအား ကြည့်ရှုစစ်​ဆေးပြီး တာဝန်ရှိသူမှ ​ဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ်များအား ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
အဲဒီကမှတစ်ဆင့် ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ​အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်သည့် တိုင်းရင်းသားယဉ်ကျေးမှုဗဟိုဌာန တည်ဆောက်ရ
န်အတွက် ဌာနပိုင်မြေတန်ဖိုးနှင့် အပင်တန်ဖိုး ပေးလျော်သည့် အခမ်းအနားသို့ တက်​ရောက်၍ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း မှီတင်း​နေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်​ကျေးမှု အ​မွေအနှစ်များကို မ​ပျောက်ပျက်​စေ​ရေး ထိန်းသိမ်း​​ဖော်ဆောင်​ပေးလျက်ရှိကြောင်း၊ ​ဒေသတွင်း စီးပွား​ရေးဖွံ့ဖြိုးတိုးတက်လာသည်နှင့် တစ်ပြိုင်နက် ကုန်စည်စီးဆင်းမှု ၊ခရီးသွားများဝင်​ရောက်မှုများ အပါအဝင် ယဉ်​ကျေးမှုအ​မွေအနှစ်များ ​​ဖော်ထုတ်ပြသနိုင်​ရေးသည် အ​ရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်လာမည်ဖြစ်​ကြောင်း၊ ပြည်နယ်၏ တိုင်းရင်းသားယဉ်ကျေးမှုဗဟိုဌာန တည်ဆောက်ရန် လိုအပ်သည့် ​မြေဧက(၂ဝ)အား စက်မှုဝန်ကြီးဌာနမှ ပြန်လည်စွန့်လွှတ်​ပေးသည့်အတွက် အထူးကျေးဇူးတင်ရှိပါ​ကြောင်း၊ တိုင်းရင်းသားအားလုံး ချစ်ကြည်စည်းလုံးစွာဖြင့် အတူတကွယှဉ်တွဲ​နေထိုင်ကာ ယဉ်​ကျေးမှု ဓ​လေ့ထုံးတမ်း အစဉ်အလာများ ထွန်းကားပြန့်ပွားရေးအတွက် အားလုံးဝိုင်းဝန်းပူး​ပေါင်း ​ဆောင်ရွက်​ပေးကြရန် ​ပြောကြားသည်။
ထို့​နောက် ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်​မောင်ဦးမှ တိုင်းရင်းသားယဉ်ကျေးမှုဗဟိုဌာန တည်ဆောက်ရန် မြေစွန့်လွှတ်ခြင်းအတွက် ကျေးဇူးတင် စကားပြောကြားပြီး မော်လမြိုင်မြို့၊ မင်းရွာရာဘာခြံမှ မြေဧက(၂ဝ) အတွင်း စိုက်ပျိုးထားသည့် ​ရော်ဘာပင် (၄၄၀၅)ပင်အတွက် များအတွက် ဌာနပိုင်မြေတန်ဖိုးနှင့် အပင်တန်ဖိုး ​လျော်​ကြေး​ငွေများကို အမှတ်(၂၇)စက်မှုကုန်ကြမ်းဌာနနှင့် အကျိုးတူလုပ်ငန်းရှင်ထံသို့ အသီးသီး​ပေးအပ်ခဲ့သည်။