Home ဥပဒေနှင့်တရားရေး မွန်ပြည်နယ်တရားလွှတ်​တော် ပင်မအ​ဆောက်အဦ တည်​ဆောက်ပြီးစီး​နေမှုနှင့် အ​ချောသပ်လုပ်ငန်း ​ဆောင်ရွက်နေမှု အ​ခြေအ​နေတို့အား ကြည့်ရှုစစ်​ဆေး

မွန်ပြည်နယ်တရားလွှတ်​တော် ပင်မအ​ဆောက်အဦ တည်​ဆောက်ပြီးစီး​နေမှုနှင့် အ​ချောသပ်လုပ်ငန်း ​ဆောင်ရွက်နေမှု အ​ခြေအ​နေတို့အား ကြည့်ရှုစစ်​ဆေး

by Mon Media

မော်လမြိုင်၊ ​အောက်တိုဘာ ၂၂
တရားလွှတ်​တော်အင်္ဂါရပ်နှင့်အညီ ​မော်လမြိုင်မြို့၊ မန္တ​လေးရပ်ကွက်ရှိ မွန်ပြည်နယ်တရားလွှတ်​တော် ၂၄၀’× ၂၄၀’ RC ၃ ထပ်အ​ဆောက်အဦ ​ဆောက်လုပ်လုပ်ငန်းကို ၂၀၁၇- ၂၀၁၈ ဘဏ္ဍာရေးနှစ်မှ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာရေးနှစ်အထိ စုစု​ပေါင်းစီမံကိန်းတန်ဘိုး (၁၀၀၉၈.၀၀) ကျပ်သန်းဖြင့် တည်​ဆောက်ခဲ့ရာ ယခုအချိန်တွင် ပင်မအ​ဆောက်အဦ တည်​ဆောက်ပြီးစီးမှုမှာ ၉၈ ရာခိုင်နှုန်း​ကျော်နှင့် အထူးအ​ချောသပ်လုပ်ငန်းနှင့် Extra Word လုပ်ငန်းပြီးစီးမှုမှာ ၈၄ ရာခိုင်နှုန်း​ကျော် ​ဆောင်ရွက်ပြီးစီးခဲ့သည်။
အဆိုပါ တည်​ဆောက်ခြင်းလုပ်ငန်းကို ဆောက်လုပ်​ရေးဝန်ကြီးဌာန၊ အ​ဆောက်အဦအထူးအဖွဲ့ (၁၃) မှ ၂၀၁၇ ခုနှစ်၊ ​​အောက်တိုဘာလ ၁၄ ရက်​နေ့တွင် စတင်တာဝန်ယူတည်​​ဆောက်ခဲ့ပြီး ပင်မ​ဆောင်တည်​ဆောက်ခြင်း စီမံကိန်းကို နှစ်အလိုက် ခွင့်ပြုရန်ပုံ​ငွေ (၈၂၂၁.၀၀) ကျပ်သန်းဖြင့်လည်း​ကောင်း၊ အထူးအ​ချောသပ်လုပ်ငန်းနှင့် Extra Word လုပ်ငန်းကို (၁၈၇၇.၀၀) ကျပ်သန်းဖြင့် လည်း​ကောင်း ​ဆောင်ရွက်ခဲ့ကာ မွန်ပြည်နယ်တရားလွှတ်​တော် အ​ဆောက်အဦသစ်ကို စိန်ရတုလွတ်လပ်​ရေး​နေ့အကြို၌ ဖွင့်လှစ်ရန် စီစဉ်​ဆောင်ရွက်ထား​ကြောင်း သိရှိရသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ​ဦး​ဇော်လင်းထွန်း၊ ပြည်နယ်တရားလွှတ်​တော် တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာ အကြီးအကဲများသည် ၂၀၂၂ ခုနှစ်၊ ​အောက်တိုဘာလ ၂၂ ရက်​နေ့၊နေ့လယ်ပိုင်းက ဆောက်လုပ်​ရေးဝန်ကြီးဌာန၊ အ​ဆောက်အဦအထူးအဖွဲ့ (၁၃) မှ တာဝန်ယူတည်​ဆောက်သည့် မွန်ပြည်နယ်တရားလွှတ်​တော် ပင်မအ​ဆောက်အဦ တည်​ဆောက်ပြီးစီး​နေမှုနှင့် အ​ချောသပ်လုပ်ငန်း ​ဆောင်ရွက်နေမှု အ​ခြေအ​နေတို့အား ကြည့်ရှုစစ်​ဆေးသည်။
စီမံကိန်းရှင်းလင်း​ဆောင်တွင် အ​ဆောက်အဦဦးစီးဌာန၊ ညွှန်ကြား​ရေးမှူးချုပ် ဦးမျိုးမြင့်မှ မွန်ပြည်နယ်တရားလွှတ်​တော် (၂၄၀ ​ပေ) ပတ်လည် RC (၃) ထပ် တည်​ဆောက်ခြင်းလုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တည်​ဆောက်​ရေးလုပ်ငန်း တာဝန်ရှိသူမှ ဘဏ္ဍာရေးနှစ်အလိုက် ရရှိရန်ပုံ​ငွေနှင့် ရန်ပုံ​ငွေအ​ပေါ် ​ဆောင်ရွက်ထားရှိမှု၊ အထူးအ​ချောသပ်လုပ်ငန်း ​ဆောင်ရွက်မှု၊ Extra Word ​လုပ်ငန်းများဖြစ်သည့် ပရိ​ဘောဂများ ထည့်သွင်းခြင်း၊ ကျွန်းမျက်နှာပြင်များ ​ပေါ်လစ်တင်ခြင်း၊ ခြံစည်းရိုးကာရံခြင်း၊ ကားပါကင်နှင့် ဆက်စပ်အ​ဆောက်အဦများ ​ဆောက်လုပ်ခြင်း၊ ​ရေသန့်လုပ်ငန်းနှင့် လျှပ်စစ်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အ​ခြေအ​နေတို့အား ရှင်းလင်းတင်ပြကြကာ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများ​ဆောင်ရွက်ရာတွင် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီး​စေ​ရေးနှင့် စံညီစံညွှန်းနှင့် ပြည့်မီ​စေ​ရေး ​အထူးအ​လေးထား ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားသည်။

You may also like