Home ဥပဒေနှင့်တရားရေး သဘောထားထုတ်ပြန်ချက်များ ထုတ်ပြန်ခြင်း

သဘောထားထုတ်ပြန်ချက်များ ထုတ်ပြန်ခြင်း

by Mon Media

၂၀၂၂ ခုနှစ်၊ ​အောက်တိုဘာလ ၁၃ ရက်​နေ့

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ကျိုက်ထီးရိုး ​စေတီ​တော်မြတ်ကြီး၊ ကင်မွန်းချောင် တောင်တက်ကားဂိတ်အား ၂၀၂၂ ခုနှစ်၊ ​အောက်တိုဘာလ ၁၃ ရက်​နေ့၊ နံနက်ပိုင်းတွင် KNLA တပ်မဟာ (၁) နှင့် NUG ၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ လူမဆန်စွာဖြင့် လာရောက်ပစ်ခတ်ခဲ့ခြင်းကြောင့် ဘုရားဖူးပြည်သူ (၁၈) ဦး ဒဏ်ရာရရှိပြီး (၄) ဦး ​သေဆုံးခဲ့​ကြောင်း စိတ်နှလုံး မချမ်းမြေ့စွာ သိရှိရပါသည်။

ဤကဲ့သို့ အပြစ်မဲ့ဘုရားဖူးပြည်သူများအား ပစ်မှတ်ထားတိုက်ခိုက်သည့် အကြမ်းဖက် လုပ်ရပ်သည် စက်ဆုပ်ရွံရှာဖွယ်လူမဆန်သည့်လုပ်ရပ်ဖြစ်၍ မွန်ပြည်နယ် သတင်းမှန် ပြန်ကြားရေး ကော်မတီအနေဖြင့်လက်မခံနိုင်ပါကြောင်းနှင့် ပြင်းထန်စွာရှုတ်ချပါကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်။

ထိုသို့ သဘောထားထုတ်ပြန်ချက်များကို မွန်ပြည်နယ်သတင်းမှန်ပြန်ကြားရေးကော်မတီ၊ မွန်ပြည်နယ် သံဃနာယကအဖွဲ့၊ မွန်ပြည်နယ်ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့၊ မွန်ပြည်နယ်ဟိုတယ်လုပ်ငန်းရှင်များအသင်းတို့မှ ပြင်းထန်စွာရှုတ်ချပါကြောင်း သဘောထားထုတ်ပြန်ချက်များ ထုတ်ပြန်ထားပါသည်။

အလားတူ ဆံတော်ရှင်ကျိုက်ထီးရိုးဂေါပကအဖွဲ့ ၊ ကျိုက်ထီးရိုးတောင်တက်မော်တော်ယာဉ်အသင်း၊ ကျိုက်ထိုမြို့နယ် မြို့မိမြို့ဖများ၊ ကျိုက်ထီးရိုးရင်ပြင်တော်ဈေးကော်မတီများ၊ မွန်ပြည်နယ် ယာဉ်လုပ်ငန်းထိမ်းသိမ်းကြီးကြပ်​ရေး​ကော်မတီနှင့် မြို့နယ်ယာဉ်လုပ်ငန်းထိမ်းသိမ်းကြီးကြပ်​ရေး​အဖွဲ့များနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများကလည်း အသီးသီး အ​ဘောထားထုတ်ပြန်ထားပါသည်။

You may also like