Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂)(၄/၂၀၂၅)သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား သွားရောက်တွေ့ဆုံ

မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂)(၄/၂၀၂၅)သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား သွားရောက်တွေ့ဆုံ

by admin

မော်လမြိုင် ဧပြီ ၂၁
ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁၂)(၄/၂၀၂၅)သို့တက်ရောက်ရန် မော်လမြိုင်မြို့၊ နယ်မြေခံသင်တန်း ကျောင်းတွင်ရောက်ရှိနေသော မွန်ပြည်နယ်အတွင်းမှ နိုင်ငံ့သားကောင်းရတနာများအား ဧပြီလ ၂၁ ရက်နေ့ နံနက်ပိုင်းက မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ  သွားရောက်တွေ့ဆုံအားပေးခဲ့ကြသည်။
ထိုသို့တွေ့ဆုံရာတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက သင်တန်းသားများအနေဖြင့် သင်တန်းကျောင်းမှသင်ကြားပေးသောစစ်ပညာရပ်များကိုကြိုးစားသင်ယူပြီး စိတ်ဓာတ်စွမ်းရည်၊ စည်းကမ်းစွမ်းရည်၊ လေ့ကျင့်ရေး စွမ်းရည်ပြည့်ဝသည့် နိုင်ငံ့သားကောင်းများဖြစ်အောင် အားထုတ်ဆောင်ရွက်ပေးကြဖို့မှာကြားလိုကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေအရ နိုင်ငံသားတစ်ဦး၏ တာဝန်အဖြစ် စစ်မှုထမ်းဆောင်ခြင်းသည် နိုင်ငံတော်ကြီးအဓွန့်ရှည်တည်တံ့ ခိုင်မြဲရေး၊ တည်ငြိမ်းအေးချမ်းရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် အောင်တည်ဆောက်နိုင်ရေးတို့အတွက် မွန်မြတ်သောတာဝန်ကိုထမ်းဆောင်ခြင်းဖြစ်ကြောင်းပြောကြားပြီး ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁၂)(၄/၂၀၂၅)သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများနှင့် ဝတ်စုံများ ပေးအပ်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁၂)(၄/၂၀၂၅သို)တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား တစ်ဦးချင်းရင်းနှီးနွေးထွေးစွာ တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားပြီး လိုအပ်သည်များအားတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

You may also like