Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း  (၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့နေ့ကိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲ တက်ရောက် 

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း  (၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့နေ့ကိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲ တက်ရောက် 

by admin

မော်လမြိုင် ဧပြီ ၂၉.                                      ၂၀၂၅ခုနှစ် မေလ(၅)ရက်နေ့တွင်ကျရောက်မည့်(၇၉) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေး လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းက ​​ေမာ်လမြိုင်မြို့ အမှတ်(၅) တပ်မတော် ကုတင်(၃၀၀)ဆေးရုံ၌ ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညီညီစိုး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ မီးသတ်ဦးစီးဌာနမှတပ်ဖွဲ့ဝင်သွေးလှူရှင်များတက်ရောက်သည်။

ရှေးဦးစွာ ပြည်နယ်/ခရိုင်/မြို့နယ် မီးသတ်ဦးစီးဌာနမှ သွေးလှူဒါန်းကြမည့် ၀န်ထမ်းများအား အမှတ်(၅) တပ်မတော် ကုတင် (၃၀၀)ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများက သွေးအလှူရှင်များအား  လိုအပ်သည့် ကျန်းမာရေးစစ်ဆေးခြင်း၊ သွေးပေါင်ချိန်ခြင်း၊ သွေးအုပ်စုခွဲခြားခြင်းများ ဆောင်ရွက်ပေးခဲ့ကြသည်။

ထိုနောက် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်​ေတာ်တရားသူကြီးချုပ်၊ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်(၅၀)ဦးတို့၏ စုပေါင်းသွေး လှူဒါန်းနေမှုများကို လိုက်လံကြည့်ရှု အားပေးခဲ့ကြပြီး သွေးလှူဒါန်းကြသူများအား အားဖြည့် ဆေးဝါးများ၊ အချိုရည်၊ အစားအစာ နှင့်ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

You may also like