မော်လမြိုင် ဧပြီ ၂၆
မော်လမြိုင်မြို့၊ တောင်ရိုးတန်းလမ်းဆုံ အနီးပတ်ဝန်းကျင်၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ဧပြီလ ၂၆ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ဆောင်ရွက်ရာ ပြည်နယ်၀န်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများကကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ပြည်နယ်/ ခရိုင်/ မြိုနယ်အဆင့် ဌာနဆိုင်ရာ အဖွဲအစည်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲဝင်များ၊ လူမှုရေးအသင်းအဖွဲများ၊ ဒေသခံပြည်သူများ စုစုပေါင်း အင်အား ၂၇၀ ခန့်သည် တောင်ရိုးတန်းလမ်းဆုံ အနီးပတ်ဝန်းကျင်၌ သစ်ပင်ခြုံနွယ်ပိတ်ပေါင်းများ၊ ခုတ်ထွင်ရှင်း လင်းခြင်း၊ အမှိုက်များကောက်ယူရှင်းလင်းခြင်း၊ လျှပ်စစ်မီးတိုင်၊ဖုန်းတိုင်များနှင့် မလွှတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများအား စက်ယန္တယားများဖြင့် ခုတ်ထွင် ရှင်းလင်းဆောင်ရွက်နေမှုများကို ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲဝင်များက လိုက်လံကြည့်ရှုအားပေးခဲ့ပြီး ပြည်နယ်၀န်ကြီးချုပ်က မော်လမြိုင်မြိုနယ် တောင်ရိုးတန်းလမ်းသည် အများပြည်သူများ စိတ်အပန်းဖြေလာရောက်သည့် နေရာဒေသ ဖြစ်ကြောင်း၊ ဘုရားဖူးပြည်သူများ လာရောက်လည်ပတ်သည့် စေတီ၊ ပုထိုးများ စုံရာနေရာဖြစ်ခြင်း၊ ကျန်းမာရေး လိုက်စားသူများ အနေဖြင့်ကိုယ်လက်လှုပ်ရှား အားကစားများဆောင်ရွက်ခြင်း၊ တောင်ရိုးတန်းလမ်းတစ်လျောက်လမ်းလျှောက်ခြင်းများ လာရောက် ဆောင်ရွက်ကြသည့် အတွက် ပတ်၀န်းကျင်သန့်ရှင်းသာယာလှပ ကောင်းမွန်စေရေး အလေးထားဆောင်ရွက်ကြရန်နှင့် မြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာကောင်းမွန်ရေး၊ အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ကြရန် တာ၀န်ရှိသူများအား လမ်းညွှန်မှာကြား ခဲ့သည်။
မွန်ပြည်နယ်အတွင်း မြို့နယ်အသီးသီးရှိ ရပ်ကွက်၊ ကျေးရွာများတွင် သန့်ရှင်းသာယာလှပစေရေးအတွက် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးကို ဆောင်ရွက်လျက်ရှိပြီး အခြေခံပညာ စာသင် ကျောင်းများ တွင်လည်း ကျောင်းသန့်ရှင်းသာယာလှပစေရေးအတွက် ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေးကို အပတ်စဉ်ပုံမှန် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မော်လမြိုင်မြို့ သီရိမြိုင်ရပ်ကွက်အတွင်း၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ရေနှုတ်မြောင်းများ ပြန်လည်တူးဖော်ဆယ်ယူ နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ပြည်နယ် ဝန်ကြီးချုပ်က ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ဘဏ္ဍာရေးနှစ်အလိုက် ချောင်းကော၊ မြောင်းကော၊ သဘာဝရေနှုတ် မြောင်းများ ပြန်လည်တူးဖော်ခြင်းလုပ်ငန်းများ၊ မြစ်ကမ်းပါး၊ ချောင်းကမ်းပါးရှိ တာတမံများတည်ဆောက် မော်လမြိုင်မြို့တွင် နှစ်စဉ် ပျမ်းမျှမိုးရေချိန်လက်မ (၂၀၀)ကျော် အမြဲရွာသွန်းသဖြင့်မိုးရာသီစပြီဆိုကတည်းက သံလွင်မြစ်၊ဂျိုင်းနှင့်အတ္ထရံမြစ်တို့ဟာ ဒီရေ အတက်အကျရှိပြီး ချောင်း၊ မြောင်းတွေ မှာလည်း ဒီရေအဝင်/အထွက်၏ အကျိုးသက်ရောက်မှု ရှိကြောင်း၊ ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေနှုတ်မြောင်းတွေ တူးဖော်ပေးခြင်း၊ချောင်းမြောင်းများပိတ်ဆို့မှုမရှိစေရေးအတွက် အမှိုက်များစနစ်တကျစွန့်ပစ်စေရေး၊ လိုအပ်သည့် နေရာများတွင် မြေပြင်အခြေအနေ စနစ်တကျ တိုင်းတာကွင်းဆင်းစစ်ဆေး၍ ရေနှုတ်မြောင်းများ ဖောက်လုပ်နိုင်ရေးတို့ကိုတာဝန်ရှိသူများအားမှာကြားကာ ရေနှုတ်မြောင်းပြန်လည်တူးဖော်နေမှု၊ အမှိုက်များဆယ်ယူနေမှုတို့ကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။



