Home အားကစား မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး​ဇော်လင်းထွန်း- (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို  မွန်ပြည်နယ် ဝန်ကြီးချုပ်ဖလား (၁၀) မြို့နယ် လှေလှော်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား၊  (၂၀၂၂-၂၀၂၃)ပညာသင်နှစ်၊ အခြေခံပညာဦးစီးဌာန၊ မွန်ပြည်နယ် အခြေခံပညာအထက်တန်းဆင့် Grade-10, Grade-11 ဘာသာရပ်မွမ်းမံအလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနား မွန်ပြည်နယ်အတွင်း သန့်ရှင်း၍ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆု ​လျှောက်ထားလာ​သော အ​ခြေခံ​ကျောင်းများသို့ အ​ထောက်အပံ့ပစ္စည်းများ ​ထောက်ပံ့ခြင်းအခမ်းအနား၊တက်​ရောက်

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး​ဇော်လင်းထွန်း- (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို  မွန်ပြည်နယ် ဝန်ကြီးချုပ်ဖလား (၁၀) မြို့နယ် လှေလှော်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား၊  (၂၀၂၂-၂၀၂၃)ပညာသင်နှစ်၊ အခြေခံပညာဦးစီးဌာန၊ မွန်ပြည်နယ် အခြေခံပညာအထက်တန်းဆင့် Grade-10, Grade-11 ဘာသာရပ်မွမ်းမံအလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနား မွန်ပြည်နယ်အတွင်း သန့်ရှင်း၍ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆု ​လျှောက်ထားလာ​သော အ​ခြေခံ​ကျောင်းများသို့ အ​ထောက်အပံ့ပစ္စည်းများ ​ထောက်ပံ့ခြင်းအခမ်းအနား၊တက်​ရောက်

by Mon Editor
မော်လမြိုင်၊ ဒီဇင်ဘာ ၂၃
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို  မွန်ပြည်နယ် ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ်လှေလှော်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၂၃ ရက်​နေ့၊ နံနက်ပိုင်းက ​မုဒုံမြို့၊ ကန်ကြီးမင်္ဂလာကန်တော်၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်တွင် အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာရေးဦးတည်၍ အသွင်သဏ္ဍာန် အမျိုးမျိုး​ဖြင့် ကဏ္ဍပေါင်းစုံ တွန်းအားပေး ပံ့ပိုးဆောင်ရွက်လျက်ရှိကြောင်း၊ လှေလှော်အားကစားနည်းကို အများပြည်သူများ ပိုမိုစိတ်ဝင်စားလာစေပြီး ရိုးရာအားကစားနည်းကို တန်ဖိုးထား မြတ်နိုးတတ်​စေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်းဖြစ်​သလို တစ်ဖက်ကလည်း ထူးချွန်ပြီး အရည်အချင်းပြည့်ဝသည့် လှေလှော် အားကစားသမားများ မွေးထုတ်ပေးနိုင်ရန် ​ဆောင်ရွက်​ပေးခြင်းဖြစ်​ကြောင်း၊ ပြိုင်ပွဲဝင် အားကစားသမားများအ​နေဖြင့် ​လှေ​လှော်အားကစားနည်း၏ အနှစ်သာရကို ​ပေါ်လွင်ထင်ဟပ်​စေရန်အတွက် မိမိတို့၏ စု​ပေါင်းစွမ်းအားတို့ဖြင့် တက်ညီလက်ညီ အစွမ်းကုန်ကြိုးစားယှဥ်ပြိုင်သွားကြ​စေလို​ကြောင်းဖြင့် အမှာစကားပြောကြားသည်။
ထို့​နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လှေလှော်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားအား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်​ပေးခဲ့ပြီး ပြိုင်ပွဲဝင် ​လှေ​လှော်အသင်းများ၏ ယှဉ်ပြိုင်မှုများကို ကြည့်ရှုအား​ပေး ခဲ့သည်။
(၂၀၂၂-၂၀၂၃)ပညာသင်နှစ် အခြေခံပညာဦးစီးဌာန၊ မွန်ပြည်နယ် အခြေခံပညာအထက်တန်းဆင့် Grade-10, Grade-11 ဘာသာရပ်မွမ်းမံအလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားကို ယ​နေ့မွန်းလွဲပိုင်းက ​မော်လမြိုင်မြို့၊ အမှတ် (၉) အ​ခြေခံပညာအထက်တန်း​ကျောင်း၊ ​ကျောင်းခန်းမ​ဆောင်၌ ကျင်းပပြုလုက်ရာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း ဘက်စုံလွှမ်းခြုံနိုင်​သော ပညာ​ရေးစနစ်ကို အ​ကောင်အထည်​ဖော်​ဆောင်ရွက်ရာတွင် အရည်အ​သွေးပြည့်ဝ​သော ပညာ​ရေးကို လက်​တွေ့အကျဆုံးနှင့် အဓိက​ဖော်​ဆောင်ရမဲ့သူများသည် သင်ကြား​ရေးစွမ်းရည်ပြည့်ဝတဲ့ ဆရာ၊ ဆရာမများပင်ဖြစ်​ကြောင်း၊  ဆရာများ၏ အရည်အ​သွေးသည် ​ကျောင်းသားများ၏ သင်ယူတတ်​မြောက်မှုအရည်အ​သွေးအ​ပေါ် များစွာ တည်မှီမှုရှိ​ကြောင်း၊ ဘာသာရပ်ဆိုင်ရာ အလုပ်ရုံ​ဆွေး​နွေးပွဲမှ အ​ခြေခံ၍ သင်ရိုးသစ် ဘာသာရပ်သင်ခန်းစာများ သင်ကြားရာတွင် မှန်ကန်စွာ လက်​တွေ့အသုံးချတတ်​စေ​ရေးနှင့် သင်ခန်းစာချိတ်ဆက်သင်ကြားနိုင်​ရေးအတွက် ထိ​ရောက်​သော ​ဆွေး​နွေးမှုရလာဒ်​ကောင်းများ ​ပေါ်ထွက်လာ​စေ​ရေး အားလုံးဝိုင်းဝန်းပူး​ပေါင်း ​ဆောင်ရွက်​ပေးကြ​စေလို​ကြောင်းဖြင့် အမှာစကား​ပြောကြားခဲ့သည်။
ထို့​နောက် မွန်ပြည်နယ်ပညာ​ရေးမှူး၊ ​ဒေါက်တာချိုချိုမြတ်​အောင်မှ အလုပ်ရုံ​ဆွေး​နွေးပွဲနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များအား ရှင်းလင်းတင်ပြခဲ့ပြီး  အလုပ်ရုံ​ဆွေး​နွေးပွဲအတွက် ​ထောက်ပံ့​ပေးအပ်​ငွေများ ​​ပေးအပ်​ထောက်ခဲ့သည်။
မွန်ပြည်နယ်အတွင်း သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆု ​လျှောက်ထားလာ​သော အ​ခြေခံ​ကျောင်းများသို့ အ​ထောက်အပံ့ပစ္စည်းများ ​ထောက်ပံ့ခြင်းအခမ်းအနားကို ယ​နေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ​အောင်ဆန်းခန်းမ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အ​နေဖြင့် မြို့နယ်အသီးသီးမှာရှိတဲ့ အခြေခံပညာကျောင်းများကို သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ ပေါ်ထွန်းလာစေရေးအတွက် အထူးအ​လေး​ပေး​ ဆောင်ရွက်လျက်ရှိကြောင်း၊ ​အခြေခံပညာ ကျောင်းနေအရွယ် ကလေးလူငယ်များထံ   ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ​ဆောင်ရွက်ချက်များကို အသိအမြင်များ မျှဝေသင်ကြားရန် လိုအပ်ပြီး ကလေးသူငယ်များ အနေဖြင့်လည်း ငယ်ရွယ်စဉ်မှစ၍ အမှိုက်များကို အမှိုက်စို/ အမှိုက်ခြောက် ခွဲခြား၍ စနစ်တကျ စွန့်ပစ်တတ်သော အပြုအမူကောင်းများ  ရရှိသွားစေရန် ရည်ရွယ်၍ ​ထောက်ပံ့​ပေးအပ်ခြင်းဖြစ်​ကြောင်း၊ အခြေခံပညာကျောင်းများအနေဖြင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ ​ဖြစ်​ပေါ်လာ​စေ​ရေးအတွက် သတ်မှတ်ထားသော အခြေခံစံနှုန်းများ၊ အညွှန်းကိန်းများကို တိတိကျကျ လိုက်နာဆောင်ရွက်သွားရန်လိုအပ်သလို ရေရှည်ထိန်းသိမ်းပြီး စဉ်ဆက်မပြတ် ဆောင်ရွက် သွားကြဖို့လည်း လို​အပ်ကြောင်းဖြင့် အမှာစကား ​ပြောကြားခဲ့သည်။
ထို့​နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆု ​လျှောက်ထားလာ​သော အ​ခြေပညာ (၂၃) ​ကျောင်းအတွက် အ​ခြေခံပတ်ဝန်းကျင်ဆိုင်ရာသာသာရပ် ဆရာများလက်စွဲ စာအုပ်များနှင့် အမှိုက်ပုံးများ အသီးသီး​ထောက်ပံ့​ပေးအပ်ခဲ့သည်။




You may also like