
မော်လမြိုင်၊ အောက်တိုဘာ ၇
မွန်ပြည်နယ်အတွင်းရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဆေးရုံများ၊ တိုက်နယ်ဆေးရုံများ ဆေးရုံအင်္ဂါရပ်နှင့် ကိုက်ညီမှုရှိပြီး ဥပဓိရုပ် ကောင်းမွန်စေရေး၊ သန့်ရှင်းသာယာလှပမှုရှိစေရေးအတွက် အလေးထား ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် အောက်တိုဘာ ၇ ရက်နေ့၊ နံနက်ပိုင်းက မော်လမြိုင်မြို့၊ အမျိုးသမီးနှင့် ကလေးအထူးကု ဆေးရုံကြီး၊ ဆေးရုံ ပုရဝုဏ်အတွင်း၊ အပြင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်း၊ ခြုံနွယ်ပိတ်ပေါင်းများဆောင်ရွက် ခြင်းကို ဌာနဆိုင်ရာများ၊ တပ်မတော် သားများ၊ မီးသတ် တပ်ဖွဲ့၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီနှင့် အရပ်ဖက် လူမှုရေး အသင်းအဖွဲ့များ၊ ရပ်ကွက်နေ လုပ်သား ပြည်သူများက ဆေးရုံအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက် နေမှုအပေါ် ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်းရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဆေးရုံများ၊ တိုက်နယ် ဆေးရုံများ ဆေးရုံအင်္ဂါရပ်နှင့် ကိုက်ညီ မှုရှိပြီး သန့်ရှင်းသာယာလှပမှုရှိစေရန်၊ သန့်ရှင်း၍ စိမ်းလန်းစိုပြေစေရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်တို့ကို လမ်းညွှန်ကြားမှာကာ မော်လမြိုင်မြို့၊ အမျိုးသမီးနှင့် ကလေးအထူးကု ဆေးရုံကြီးမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့သည်။
မွန်ပြည်နယ်အတွင်း ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဆေးရုံများ၊ တိုက်နယ်ဆေးရုံများအား စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများအား ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီနှင့် လူမှုအဖွဲ့အစည်းများ၊ ရပ်ကွက်နေပြည်သူများမှ စုပေါင်းသန့်ရှင်းရေး ဝိုင်းဝန်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
မွန်ပြည်နယ်အတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေးနှင့် သတ်မှတ်ထားသည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်ကြစေရေး အလေးထား ဆောင်ရွက်လျက််ရှိရာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် မော်လမြိုင်မြို့၊ စျေးကြိုမီးပွိုင့်၌ စည်းကမ်းမဲ့ယာဥ်များ၊ ဆိုင်ကယ် ဦးထုပ်မဆောင်းသူများနှင့် သတ်မှတ်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများလိုက်နာခြင်း မရှိသူများအားအသိပညာပေး ဆောင်ရွက်နေမှုအပေါ် ကြည်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က မော်တော်ယာဉ်မောင်းသူများ လိုက်နာရန်စည်းကမ်းချက်များအား အလေးထား လိုက်နာ ဆောင်ရွက်ကြရန်၊ လမ်းပြောင်းပြန်မောင်းခြင်း မပြုလုပ်ကြရန် ယာဉ်မောင်းများအနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို သိရှိပြီး တိကျစွာလိုက်နာဆောင်ရွက်နိုင်ရန်နှင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန်ဖြင့် လမ်းညွှန်မှာကြားခဲ့သည်။
(၄၄)ကြိမ်မြောက် မုဒုံမြို့နယ်လုံးဆိုင်ရာ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မုဒုံမြို့၊ သာသနာ့ဗိမာန် တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့ရာ နာယကဆရာတော်ကြီးများ၊ ပင့်သံဃာတော်များ၊ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်မှူး၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် အလှူရှင်များတက်ရောက်၍ မုဒုံမြို့၊ အခမ်းအနားအား နမောတဿသုံးကြိမ်ရွတ်ဆိုကာ ဂျုံးဂျုံးဂျတောရကျောင်း ဆရာတော် ဉုကိတ္တိဝဏ္ဏ ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က (၄၄)ကြိမ်မြောက် မုဒုံမြို့နယ်လုံးဆိုင်ရာ ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့်ပတ်သက်၍ သာသနာရေးဆိုင်ရာများအား လျှောက်ထားသည်။
အဲဒီကမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်မှူး၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများသည် ဆွမ်းဆန်စိမ်းလောင်းလှူရေးမဏ္ဍပ်၌ (၄၄)ကြိမ်မြောက် မုဒုံမြို့နယ်လုံးဆိုင်ရာ ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ ကြွရောက်တော်မူလာကြသည့် မုဒုံမြို့နယ်၊ ရပ်ကွက်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းပေါင်း (၆၀) ကျောင်းမှ ဆရာတော်၊ သံဃာတော် (၂၁၈၅) ပါး၊ သီလရှင်ကျောင်းပေါင်း (၁၂) ကျောင်းမှ သီလရှင် (၄၁၂) ပါးတို့ကို ဆွမ်းဆန်စိမ်း၊ ငွေပဒေသာပင်များ၊ လှူဖွယ်ပစ္စည်းများအား အသီသီးလှူဒါန်းခဲ့ကြသည်။
https://t.me/mrtvnews/133563






