Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း- မွန်ပြည်နယ်၊ တိုင်းရင်းသားယဉ်ကျေးမှု စင်တာ တည်​ဆောက်ခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင််ပြခြင်း အခမ်းအနား၊ မွန်ပြည်နယ်အတွင်း မီးရထား၊ ရေယာဉ်နှင့် မော်တော်ယာဉ်တို့ဖြင့် ပြောင်းဆံအိတ်များ တရားမဝင်သယ်ဆောင်ခဲ့မှုအား တားဆီး၊ စစ်ဆေး အရေးယူဆောင်ရာတွင် စွမ်းစွမ်းတမံ ကြိုးစားဆောင်ရွက်ခဲ့သည့် ဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲ အခမ်းအနား တက်​ရောက်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း- မွန်ပြည်နယ်၊ တိုင်းရင်းသားယဉ်ကျေးမှု စင်တာ တည်​ဆောက်ခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင််ပြခြင်း အခမ်းအနား၊ မွန်ပြည်နယ်အတွင်း မီးရထား၊ ရေယာဉ်နှင့် မော်တော်ယာဉ်တို့ဖြင့် ပြောင်းဆံအိတ်များ တရားမဝင်သယ်ဆောင်ခဲ့မှုအား တားဆီး၊ စစ်ဆေး အရေးယူဆောင်ရာတွင် စွမ်းစွမ်းတမံ ကြိုးစားဆောင်ရွက်ခဲ့သည့် ဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲ အခမ်းအနား တက်​ရောက်

by Mon Editor

မော်လမြိုင်၊ နိုဝင်ဘာ ၂၂
မွန်ပြည်နယ်အတွင်း တိုင်းရင်းသားလူမျိုးများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးတမ်း၊ အမျိုးသားရေးလက္ခဏာနှင့် သမိုင်းအမွေအနှစ်တို့ကို မပျောက်မပျက်ထိန်းသိမ်းစာင့်ရှောက်၍ တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်ရေး၊ ချစ်ကြည်လေးစားရေးနှင့် ရိုင်းပင်းကူညီရေးတို့ တိုးတက်ဖြစ်ထွန်းစေရန် ရည်ရွယ်၍
မွန်ပြည်နယ်၊ တိုင်းရင်းသားယဉ်ကျေးမှု စင်တာကို ​​မော်လမြိုင်မြို့၊ မင်းရွာ​ကျေးရွာ၌ တည်​ဆောက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများသည် နိုဝင်ဘာလ ၂၂ ရက်​နေ့၊ နံနက်ပိုင်းက တိုင်းရင်းသားယဉ်ကျေးမှု စင်တာ တည်​ဆောက်​ရေးစီမံကိန်းသို့​ရောက်သို့​ရောက်ရှိခဲ့ကြပြီး ​ရှေးဦးစွာ စီမံကိန်းရှင်းရှင်းလင်း​ဆောင်တွင် တည်​ဆောက်​ရေးလုပ်ငန်း ​တာဝန်ရှိသူများမှ လုပ်ငန်းတစ်ခုချင်းစီအလိုက် ​ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြသည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်တွင် မွန်၊ ဗမာ၊ ပအိုဝ်း၊ ကရင် နှင့် အခြားတိုင်းရင်းသားများ စုပေါင်းနေထိုင်ကြရာ တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု၊ အနုပညာ များကို တစ်နေရာတည်းတွင် အလွယ်တကူ အများပြည်သူ ဝင်ရောက်လေ့လာနိုင်သော တိုင်းရင်းသားယဉ်ကျေးမှုစင်တာ တည်​ဆောက်​နေပြီဖြစ်သည့် အတွက်အထူးပင် ဝမ်း​မြောက်ဂုဏ်ယူမိပါ​ကြောင်း၊ တည်​ဆောက်​ရေးလုပ်ငန်း​များ နှောင့်​နှေးကြန့်ကြာမှုမရှိ​စေ​ရေး တွန်းအား​ပေး​ဆောင်ရွက်သွားကြရန်လိုအပ်ပြီး မြေပြင်ဧရိယာနှင့် ကွဲလွဲမှုမရှိ​ရစ​ရေး၊ တိကျမှန်ကန်သည့်တွက်ချက်မှုများဖြင့် စနစ်တကျ​ တည်​ဆောက်​နိုင်​ရေး ကြပ်မတ်​ဆောင်ရွက်သွားကြရန်လို​ကြောင်း၊ သတ်မှတ်ဘဏ္ဏာ​ရေး​ရေးနှစ်အတွင်း အချိန်မီပြီးစီး​​စေ​ရေးနှင့် စံညီးစံညွှန်းနှင့် ကိုက်ညီ​စေ​​ရေး အထူးအ​လေးထား​ဆောင်ရွက်​ပေးကြရန်ဖြင့် လမ်းညွှန်မှာကြားခဲ့သည်။
အဲဒီ​နောက် တာဝန်ရှိသူများက ဖြည့်စွက်​ဆွေး​နွေးတင်ပြခဲ့ကြမှုအ​ပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ​ပေါင်းစပ်ညှိနှိုင်း​ဆောင်ရွက်​ပေးခဲ့ပြီး တိုင်းရင်းသားယဉ်ကျေးမှု စင်တာ တည်​ဆောက်​​ရေးလုပ်ငန်းများအား ကြည့်ရှုစစ်​ဆေးခဲ့သည်။
မွန်ပြည်နယ်အတွင်း မီးရထား၊ ရေယာဉ်နှင့် မော်တော်ယာဉ်တို့ဖြင့် ပြောင်းဆံအိတ်များ တရားမဝင်သယ်ဆောင်ခဲ့မှုအား တားဆီး၊ စစ်ဆေး အရေးယူဆောင်ရာတွင် စွမ်းစွမ်းတမံ ကြိုးစားဆောင်ရွက်ခဲ့သည့် ဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲ အခမ်းအနားကို ယ​နေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ရာမညခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အ​နေဖြင့် တရားမဝင်ကုန်သွယ်မှုများကြောင့် နိုင်ငံတော်အတွက် ရထိုက်​သော အခွန်​ငွေများ ဆုံးရှုံးနစ်နာမှုများမရှိ​စေ​ရေးနှင့် တရားမဝင်ကုန်သွယ်မှုများမရှိစေရေး အထူးအ​လေးထား ထိန်းချုပ်ဆောင်ရွက်လျက်ရှိပါ​ကြောင်း၊ ပြည်နယ်အတွင်းသို့ ၂ဝ၂၃ ခုနှစ်အတွင်း မီးရထား၊ မော်တော်ယာဉ်၊ ရေယာဉ် တို့ဖြင့် တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ တစ်ဖက်နိုင်ငံသို့ တင်ပို့ရောင်းချမည့် ပြောင်းစေ့ အိတ်များကို တားဆီး၊ ဖမ်းဆီးရာတွင် မွန်ပြည်နယ်တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ ဦး​ဆောင်မှုဖြင့် ဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများအားလုံးကို မှတ်တမ်းတင်ဂုဏ်ပြုရခြင်းဖြစ်ကြောင်း၊ ပြည်သွင်း၊ ပြည်ပသို့ တင်သွင်း /တင်ပို့သည့် ပစ္စည်းများအား သက်ဆိုင်ရာဌာနများမှ သတ်မှတ်ထားသည့် ဥပဒေလုပ်ထုံးလုပ်နည်း များနှင့်အညီ ကျသင့်အခွန်များပေးဆောင်ပြီးမှသာလျှင် တင်သွင်း/ တင်ပို့ခွင့်များ ​ဆောင်ရွက်​ပေးကြရန်လိုအပ်ပြီး တရားမဝင်ကုန်သွယ်မှုများ မရှိ​စေ​ရေး ကြပ်မတ်​ ဆောင်ရွက်ကြရန်လို​ကြောင်း၊ ယခုလို တားဆီး၊ ဖမ်းဆီး အရေးယူ ဆောင်ရွက်ရာတွင် ပါဝင်ထမ်းဆောင်ခဲ့ကြသော ဝန်ထမ်းများအား ချီးကျူးဂုဏ်ပြုပါ​ကြောင်းနှင့် နောင်တွင်လည်း ပြည်နယ်၏ ဂုဏ်တက်အောင် စွမ်းစွမ်းတမံ ကျရာကဏ္ဍမှ ထမ်းဆောင်ကြစေလိုပါကြောင်းဖြင့် အမှာစကား​ပြောကြားခဲ့သည်။
ဆက်လက်ပြီး မွန်ပြည်နယ်အတွင်း မီးရထား၊ ရေယာဉ်နှင့် မော်တော်ယာဉ်တို့ဖြင့် ပြောင်းစေ့အိတ်များ တရားမဝင် သယ်ဆောင်ခဲ့မှုအား တားဆီးခြင်း၊ စစ်ဆေးခြင်း၊ လေလံအောင်မြင်သူထံ ထုတ်ပေးခြင်း Video Clip မှတ်တမ်းအား ပြသခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း မီးရထား၊ ရေယာဉ်နှင့် မော်တော်ယာဉ်တို့ဖြင့် ပြောင်းဆံအိတ်များ တရားမဝင်သယ်ဆောင်ခဲ့မှုအား တားဆီး၊ စစ်ဆေး အရေးယူဆောင်ရာတွင် စွမ်းစွမ်းတမံ ကြိုးစားဆောင်ရွက်ခဲ့သည့် ဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။
အဲဒီ​နောက် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပ​ဒေချုပ်၊ အစိုးရအဖွဲ့အတွင်း​ရေးမှူးတို့က ဂုဏ်ပြုမှတ်တမ်းလွှာများ ဆက်လက်​ပေးအပ်ခဲ့ကြပြီး အမှတ်တရစု​ပေါင်း မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြ​ကြောင်း သိရှိရသည်။

You may also like