Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး​​အောင်ကြည်သိန်း- ​တန်​ဆောင်မုန်းလပြည့်​နေ့ ၊ ရှင်ဥပဂုတ္တမ​ထေရ်မြတ် ပူ​ဇော်ပွဲနှင့် ဆွမ်းအိုး​မျှောပွဲ၊ ​​မော်လမြိုင်မြို့ ကျက်သရေဆောင် ကျိုက်သလ္လံစေတီတော်မြတ်ကြီး ဖူး​မြော်ကြည်ညို၊​ချောင်းဆုံမြို့နယ်၊ကွမ်ရိုက်​ကျေးရွာ၊ ကျိုက်တ​မော့လဲ့ ​စေတီ​တော်မြတ်ကြီး ​ရွှေကြာသင်္ကန်း​တော် ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနား တက်​ရောက်

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး​​အောင်ကြည်သိန်း- ​တန်​ဆောင်မုန်းလပြည့်​နေ့ ၊ ရှင်ဥပဂုတ္တမ​ထေရ်မြတ် ပူ​ဇော်ပွဲနှင့် ဆွမ်းအိုး​မျှောပွဲ၊ ​​မော်လမြိုင်မြို့ ကျက်သရေဆောင် ကျိုက်သလ္လံစေတီတော်မြတ်ကြီး ဖူး​မြော်ကြည်ညို၊​ချောင်းဆုံမြို့နယ်၊ကွမ်ရိုက်​ကျေးရွာ၊ ကျိုက်တ​မော့လဲ့ ​စေတီ​တော်မြတ်ကြီး ​ရွှေကြာသင်္ကန်း​တော် ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနား တက်​ရောက်

by Mon Editor

မော်လမြိုင်၊ နိုဝင်ဘာ ၂၇
တန်​ဆောင်မုန်းလပြည့်​နေ့  (သာမညဖလအခါသမယ​နေ့) မှာ မွန်ပြည်နယ်အတွင်း အထင်ကရတန်ခိုးကြီး ဘုရား​၊ စေတီများတွင် ဘုရားဖူးကုသိုလ်ယူကြသူများ၊ ​မြို့နယ်အသီးသီးတွင် ပျော်ပွဲရွှင်ပွဲများ၊ စတုဒိတာကျွေး​မွေးခြင်းများဖြင့် စည်ကားသိုက်မြိုက်လျက်ရှိရာ ရှင်ဥပဂုတ္တမ​ထေရ်မြတ် ပူ​ဇော်ပွဲနှင့် ဆွမ်းအိုး​မျှော်ပွဲကို နိုဝင်ဘာဘာလ ၂၇ ရက်​နေ့၊ နံနက်ပိုင်းက ​မော်လမြိုင်မြို့၊ ကမ်းနားလမ်း၊ ဆိပ်ကမ်းသာတံတား၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး​​အောင်ကြည်သိန်းနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်​တော် တရားသူကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ တက်​ရောက်သည်။
​ရှေးဦးစွာ ပြည်နယ်​ဝန်ကြီးချုပ်က ရှင်ဥပဂုတ္တမ​ထေရ်မြတ်ရုပ်ပွား​တော်ကို ဖူး​မြော်ကြည်ညို၍ ပန်း၊ ဆီမီးနှင့် ရေချမ်းတို့အား ​ကပ်လှူပူ​ဇော်ခဲ့ကြသည်။
အဲဒီီ​နောက် နံနက် အရုဏ် တက်ချိန်တွင် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်​တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က သံလွင်မြစ်အတွင်းသို့ ဆွမ်းအိုး​များ​မျှော၍ ပူ​ဇော် ကုသိုလ်ယူခဲ့ကြသည်။
အဲဒီကမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများသည် မော်လမြိုင်မြို့ ကျက်သရေဆောင် ကျိုက်သလ္လံစေတီတော်မြတ်ကြီးသို့ ရောက်ရှိခဲ့ပြီး ​စေတီ​တော်မြတ်ကြီးကို ဖူး​မြော်ကြည်ညို၍ ပန်း၊ ဆီမီးနှင့် ရေချမ်းတို့အား ​ကပ်လှူပူ​ဇော်ခဲ့ကြသည်။
အဲဒီ​နောက် ပြည်နယ်ဝန်ကြီးချုပ်က ကျိုက်သလ္လံစေတီတော်မြတ်ကြီးအား လက်ယာယစ်တစ်ပတ် လှည့်လည်ဖူး​မြော်ကြည်ညိုခဲ့သည်။
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ကွမ်ရိုက်​ကျေးရွာ၊ ကျိုက်တ​မော့လဲ့​စေတီ​တော်မြတ်ကြီး ရွှေကြာသင်္ကန်း​တော် ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယ​နေ့နံနက်ပိုင်းက ကျိုက်တ​မော့လဲ့​စေတီ​တော်မြတ်ကြီး ရင်ပြင်​တော်၌ ကျင်းပပြုလုပ်ရာ ​ရှေးဦးစွာမော်လမြိုင်မြို့၊ မြစေတီစာသင်တိုက်ကြီး၏ ဦးစီးပဓါန နာယကဆရာတော် (အဂ္ဂမဟာပဏ္ဍိတ) ဘဒ္ဒန္တဝိမလဗုဒ္ဓိ အရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူ​ဆောက်တည်ခဲ့ကြပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ်ချီးမြှင့်တော်မူသော မေတ္တာသုတ်အစရှိသော ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ကြသည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးတို့က ကျိုက်တ​မော့လဲ့​စေတီ​တော်မြတ်ကြီးထံ ကပ်လှူပူ​ဇော်မည့် ရွှေကြာသင်္ကန်း​တော်အား ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဆရာ​တော်၊ သံဃာ​တော် အရှင်သူများထံ၊ ကထိန်လျာမြတ်သင်္ကန်းများနှင့် လူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြသည်။
အဲဒီ​နောက် ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက သံဃာ​တော် အရှင်သူများထံ လူဖွယ်ဝတ္ထုပစ္စည်းများ အသီးသီးဆက်ကပ်လှူဒါန်းခဲ့ကြကာ  အနုမောဒနာတရားနာယူ ကြည်ညိုခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက်ရေစက်သွန်းချ အမျှပေးဝေခဲ့ကြ၍ အခန်းအနားကို “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ကြပြီး အလှူတော်မင်္ဂလာအခမ်းအနား အောင်မြင်ခြင်းအထိမ်းအမှတ်အဖြစ် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးတို့က ရတနာရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုးခဲ့ကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများမှ ဆရာတော်၊ သံဃာတော်များကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။
မွန်ပြည်နယ်အတွင်း တန်ခိုးကြီးဘုရား​၊ စေတီများဖြစ်ကြသည့် ကျိုက်ထီးရိုးဆံ​တော်ရှင် ​စေတီ​တော်မြတ်ကြီး၊ ကျိုက်သလံစေတီတော်မြတ်၊ ကျိုက္ခမီရေလယ် ဆံတော်ရှင်မြတ် ဘုရားကြီး​ အစရှိသည့် ဘုရား၊ ​စေတီ၊ ပုထိုးများတွင် ရပ်နီးရပ်ဝေးမှ ရဟန်းရှင်လူပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်၍ ကုသိုလ်ဘာဝနာတရား ပွားများ နာယူလျက်ရှိသလို ​​​မြို့/ ရွာအလိုက် ​ပျော်ပွဲ၊ ရွှင်ပွဲများ ကျင်းပခြင်း၊ ​စတုဒီသာ​ကျွေး​များ ကုသိုလ်ယူ​ကျွေး​မွေးခြင်း၊ ရောင်စုံအလှမီးပုန်းများ ထွန်းညှိပူ​ဇော်ခြင်း၊ မီးရူးမီးပန်းများ ​ဖောက်လွှတ်ခြင်းတို့ဖြင့် တန်​ဆောင်မုန်းလပြည့်​​နေ့အခါသမယ​နေ့၌ ပျှော်ရွှင်စွာ ဆင်ယဉ်ကျင်းပလျက်ရှိ​ကြောင်း သိရှိရသည်။

You may also like