
မော်လမြိုင်၊ဒီဇင်ဘာ ၈ မွန်ပြည်နယ်တွင် မျိုးဆက်သစ် အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရေးနှင့် အားကစားနှင့် လူငယ်များ၏ အခန်းကဏ္ဍကို မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်၍ ၂၀၂၃ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသား ဘတ်စကက်ဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ (၈) ရက်နေ့၊ နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်/နည်းပြနှင့် ပြိုင်ပွဲဝင် အားကစားသမားများ၊ဖိတ်ကြားထားသူများတက်ရောက်ကြသည်။ ရှေးဦးစွာ ဗိုလ်လုပွဲစဉ်အဖြစ် မော်လမြိုင်မြို့နယ်အသင်းနှင့် သထုံမြို့နယ်အသင်းတို့၏ယှဉ်ပြိုင်နေမှုကိုကြည့်ရှု့အားပေးကြပြီးဆက်လက်၍ဆုပေးပွဲကိုကျင်းပပြုလုပ်ရာ ကောင်းဆုံးအားကစာသမားဆုရရှိသူအားလမ်းပန်းဆက်သွယ်ရေးဝန်ကြီးရဲမှူးကြီးမျိုးဆွေကလည်းကောင်း၊ပူးတွဲတတိယဆုရရှိသောကျိုက်ထိုမြို့နယ်အသင်းနှင့်ချောင်းဆုံမြို့နယ်အသင်းတို့အားလူမှုရေးရာဝန်ကြီးဦးမြတ်သွင်နှင့်စီးပွားရေးရာဝန်ကြီးနိုင်လယိတမတို့ကေငွသားဆုများကိုလည်းကောင်း၊ဒုတိယဆုရရှိသော သထုံမြို့နယ်အသင်းအားတစ်ဦးချင်းဆုနှင့်ငွေသားဆုများကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့်ကလည်းကောင်း၊ပထမဆုရရှိသောမော်လမြိုင်မြို့နယ်အသင်းအားတစ်ဦးချင်းဆုများကိုပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညီညီစိုးကလည်းကောင်းဆုများအသီးသီးပေးအပ်ကြသည်။ထို့နောက်ပထမဆုရရှိသောမော်လမြိုင်မြို့နယ်ဘတ်စကက်ဘောအသင်းအား ငွေသားဆုနှင့်တံခွန်စိုက်ဒိုင်းဆုအားပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းကပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။





