Home နောက်ဆုံးရသတင်းများ FIFA-MFF U-15 LEAGUE 2023 ပြိုင်ပွဲတွင် တတိယဆုရရှိခဲ့သည့် အသက်(၁၅)နှစ်အောက် ရာမည FC ဘောလုံးအသင်းအား ဂုဏ်ပြုပွဲအခမ်းအနား တက်ရောက်

FIFA-MFF U-15 LEAGUE 2023 ပြိုင်ပွဲတွင် တတိယဆုရရှိခဲ့သည့် အသက်(၁၅)နှစ်အောက် ရာမည FC ဘောလုံးအသင်းအား ဂုဏ်ပြုပွဲအခမ်းအနား တက်ရောက်

by Mon Editor

မော်လမြိုင် ဒီဇင်ဘာ ၁၂

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသော FIFA-MFF U-15 LEAGUE 2023 ပြိုင်ပွဲတွင် တတိယဆုရရှိခဲ့သည့် အသက်(၁၅) နှစ်အောက် ရာမည FC  ဘောလုံးအားကစားသမားများအား ပြည်နယ်ဝန်ကြီးချုပ် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက ယနေ့ မွန်းလွဲပိုင်တွင် မော်လမြိုင်မြို့ ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့တွင် ဂုဏ်ပြုပန်းစည်းများဖြင့် ကြိုဆိုခဲ့ကြပြီး ဂုဏ်ပြုပွဲအခမ်းအနားကို ပြည်နယ် အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ဆက်လက်၍ ကျင်းပရာ ရှေးဦးစွာ FIFA-MFF U-15 LEAGUE 2023 ပြိုင်ပွဲတွင် တတိယဆုရရှိခဲ့သည့် အသက်(၁၅)နှစ်အောက် ရာမည FC ဘောလုံးအသင်းမှ အဖွဲ့ခေါင်းဆောင် ၊အုပ်ချုပ်သူ၊ နည်းပြ နှင့် အားကစားသမားများက တစ်ဦးချင်း မိတ်ဆက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ၂၀၂၃ ခုနှစ် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပ၍ FIFA-MFF U-15 LEAGUE 2023 ပြိုင်ပွဲတွင် တတိယဆုရရှိခဲ့ပြီး အခြားအင်အားကြီး ပြည်နယ်နှင့် တိုင်းအသင်းကြီးများကို ကျော်ဖြတ်၍ အနိုင်ယူကာ တတိယဆုရရှိအောင် စွမ်းဆောင်ခဲ့ကြလို့ အုပ်ချုပ်သူ ၊ နည်းပြများနှင့် အသင်းသားအားလုံးကို မွန်ပြည်နယ် ပြည်သူလူထုကိုယ်စား လှိုက်လှိုက်လှဲလှဲ ချီးကျူးဂုဏ်ပြုပါကြောင်း၊ မွန်ပြည်နယ်လက်ရွေးစင် အားကစားသမားများအနေဖြင့် အားကစား စည်းမျဉ်း/စည်းကမ်း ဥပဒေဘောင်များ အတွင်းကနေ အားကစား စိတ်ဓာတ်အပြည့်ဖြင့် တရားနည်းလမ်းကျစွာ ယှဉ်ပြိုင်အနိုင်ယူပြီး မွန်ပြည်နယ်အတွက် ဆုတံဆိပ်များ ဆွတ်ခူးပေးခဲ့သည့်အတွက် ချီးကျူးဂုဏ်ပြု မှတ်တမ်းတင်ပါကြောင်းနှင့် ရှေ့ဆက်ပြီးလည်း ပြိုင်ပွဲတိုင်းမှာ အနိုင်ရရှိကာ ပြည်နယ်ဂုဏ်ကို မြှင့်တင်ပေးနိုင်အောင် ကြိုးစားလေ့ကျင့်သွားကြရန် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများဖြစ်အောင် စွမ်းစွမ်းတမံ ကြိုးစားလေ့ကျင့်သွားကြရန် တာဝန်ရှိသူအားလုံးကလည်း ဝိုင်းဝန်း ကူညီပံ့ပိုးပေးကြရန်နှင့် မွန်ပြည်နယ်အစိုးရအဖွဲ့ကလည်း အောင်မြင်မှု ရရှိပါက ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့် ပေးသွားမှာ ဖြစ်ကြောင်း တိုက်တွန်းမှာကြားခဲ့သည်။

ထို့နောက် မွန်ပြည်နယ် ရာမညFC ဘောလုံးအသင်း နည်းပြချုပ် မှ ပြိုင်ပွဲ အတွေ့ အကြုံများကို ရှင်းလင်းတင်ပြပြီး၊ FIFA-MFF U-15 LEAGUE 2023 ပြိုင်ပွဲတွင် တတိယဆုရရှိခဲ့သည့် အသက်(၁၅)နှစ်အောက် ရာမည FC ဘောလုံးအသင်းအား ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက  ဂုဏ်ပြုဆုငွေကျပ်သိန်း(၈၀) ပေးအပ်ချီးမြှင့်ခဲ့သည်။ ယင်းနောက် မွန်ပြည်နယ် ရာမညFC ဘောလုံးအသင်း အုပ်ချုပ်သူ ဦးဆန်းဝင်း မှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး ဆုရပြိုင်ပွဲဝင် အားကစားသမားများအား ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။

You may also like