Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ်၊ ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်မြို့၌ စျေးမီးငြှိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနား တက်ရောက်

မွန်ပြည်နယ်၊ ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်မြို့၌ စျေးမီးငြှိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနား တက်ရောက်

by admin

မော်လမြိုင် မတ် ၉

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ၂၀၂၅ခုနှစ် စျေးမီးငြှိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ အောက်လမ်းမကြီး အမှတ်(၁) စျေးကြီးအတွင်း၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊  ဈေးသူ/ဈေးသားများနှင့် ဇာတ်တိုက်လေ့ကျင့်ခန်းတွင် ပါဝင်သော တပ်ဖွဲ့/ ဦးစီးဌာန၊ အဖွဲ့အစည်းများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက် ခဲ့သည်။

အခမ်းအနားတွင် သရုပ်ပြအဖွဲ့မှ ဈေးမီးငြှိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့် သရုပ်ပြနေမှုများကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဈေးမီးငြှိမ်းသတ်ရေး သရုပ်ပြအဖွဲ့ဝင်များအား လမ်းညွှန်အမှာ စကားပြောကြားရာတွင် ယခုကာလသည် ပူပြင်းခြောက်သွေ့သည့် ရာသီဥတု ဖြစ်သည်နှင့်အညီ မီးဘေးအန္တရာယ် စိုးရိမ်ရသည့် ကာလဖြစ်သောကြောင့် နေရာတိုင်း၊ ဒေသတိုင်းတွင် မီးဘေးအန္တရာယ်အတွက် ဂရုစိုက်ရမည်ဖြစ်ပြီး၊ မီးလောင်မှုမဖြစ်ပေါ်စေရန်အတွက် မီးဘေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း မီးလောင်ပါကလည်း အချိန်မီ ငြှိမ်းသတ်နိုင်ရေးအတွက် ပြင်ဆင်ထားရန် လိုအပ်ကြောင်း မီးလောင်မှုများတွင် ဈေးများ မီးလောင်မှုသည်  ဆုံးရှုံးမှုတန်ဖိုးများပြားကြောင်း၊  ဈေးများ၌ မီးဘေးလုံခြုံရေးကို အထူးဂရုစိုက် ဆောင်ရွက်ကြရန်နှင့် အမှတ်(၁)ဈေးကြီး ဇာတ်တိုက် လေ့ကျင့်ခန်းတွင် ပါဝင်ဆောင်ရွက်ကြသော မီးသတ်တပ်ဖွဲ့၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းတပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ ကျန်းမာရေးဝန်ထမ်းများ၊ စည်ပင်သာယာ ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဈေးသူ/သားများအား အထူးပင် ကျေးဇူးတင်ရှိကြောင်းနှင့် ယခုလို ဇာတ်တိုက်လေ့ကျင့်ခန်းမှတစ်ဆင့် အမှန်တကယ် ဖြစ်စဉ်များ၌ ထိခိုက်ဆုံးရှုံးမှုများ နည်းနိုင်သမျှ နည်းနိုင်အောင် ပူးပေါင်းဆောင်ရွက် သွားကြရန်၊ မီးဘေးအန္တရာယ်နှင့် အခြား သဘာဝဘေးအန္တရာယ်များမှ ကင်းဝေးပါစေလိုကြောင်း တိုက်တွန်း မှာကြားခဲ့သည်။

ဆက်လက်၍  ဈေးမီးငြှိမ်းသတ်ရေး သရုပ်ပြအဖွဲ့ဝင်များအား၊ ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ပြီး အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်

You may also like