မော်လမြိုင် မတ် ၁၁
မွန်ပြည်နယ် မော်လမြိုင်မြို့ ၂၀၂၅ခုနှစ် မတ်လ ၁၅ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားကို မတ် လ၁၁ရက်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မွန်ပြည်နယ်စားသုံးသူရေးရာကော်မတီအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၅ ခုနှစ် ၊ မတ်လ ၁၅ ရက်နေ့မှာ ကျရောက်မဲ့ ကမ္ဘာ့စားသုံးသူအခွင့် အရေးများနေ့ဟာ စနေနေ့ဖြစ်ပြီး တစ်ဆက်တည်း ရုံးပိတ်ရက်ရှည်များတွင် ပါဝင်နေတဲ့အတွက် ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ် အခမ်းအနား ကို ယနေ့မတ်လ ၁၁ ရက် နေ့မှာ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း၊ အာဆီယံစားသုံးသူကာကွယ်ရေးရာကော်မတီမှာလည်း မြန်မာ နိုင်ငံက အဖွဲ့ဝင်အဖြစ် ပါဝင်ထားပြီး အသိပညာပေးခြင်း၊ သတင်း ဖြန့်ဝေခြင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေခြင်းနဲ့ တိုင်ကြားမှုဖြေရှင်းခြင်း လုပ်ငန်းစဉ် များကို လိုက်ပါပူးပေါင်းဆောင်ရွက်လျက်ရှိကာစားသုံးသူများသည် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုတစ်ခုခုကို ဝယ်ယူအသုံးပြုသည့်အခါ မိမိပေးလိုက်ရတဲ့ ငွေကြေးနှင့် မလျော်ကန်သည့် ကုန်ပစ္စည်းများ ရရှိခြင်း၊ လွဲမှားစွာရရှိခြင်း၊ လုံးဝဆုံးရှုံးရခြင်းတို့ဖြင့် အခါများစွာ ကြုံတွေ့ ကြရလေ့ရှိကြောင်း၊ အရည်အသွေး ပြည့်မီခြင်းမရှိတဲ့ ပစ္စည်းများ၊ ကျန်းမာရေးနှင့် အသက်အန္တရာယ်ကို ထိခိုက်စေသည့်ပစ္စည်းများ နှင့်လည်း ကြုံတွေ့ရတတ်၍ မမှန်မကန်ကြော်ငြာများ၊ အရည် အသွေးနိမ့်ပါးတဲ့ဝန်ဆောင်မှုများကြောင့်လည်း အခက်အခဲများကြုံတွေ့ လေ့ရှိကြောင်း၊ ဒါကြောင့် စားသုံးသူများအတွက် သင့်လျော်သော အကာအကွယ်ရမှသာ စားသုံးသူပြည်သူများဟာ အန္တရာယ်ကင်းတဲ့ ကုန်စည်နှင့် ဝန်ဆောင်မှုများကို အသုံးပြုနိုင်ကာ ကောင်းမွန်သာယာသော လူနေမှုဘဝကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ကြောင်း၊ စားသုံးသူပြည်သူများအနေနဲ့ စားသုံးသူအခွင့်အရေးများကို သိရှိမှ ရပိုင်ခွင့်ကို သိရှိတောင်းဆိုနိုင်မှာ ဖြစ်၍ စားသုံးသူ ရေးရာဦးစီးဌာနအနေနှင့်လည်းစားသုံးသူ အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက် လျက်ရှိကြောင်း၊ ယခု၂၀၂၅ခုနှစ်အတွက် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ဆောင်ပုဒ်ကတော့“လူနေမှုဘဝအစဉ်တည်တံ့ဖို့ မျှတအသွင်ကူးပြောင်းစို့”ဘဲ ဖြစ်ကာ ဆောင်ပုဒ်နှင့်အညီ စားသုံးသူများရဲ့ ပိုမိုကောင်း မွန်သောအကာအကွယ်နှင့် စွမ်းဆောင်နိုင်မှုတို့အပြင် ကျန်းမာသော ရွေးချယ်မှု၊ ကောင်းမွန်သောလူနေမှုအဆင့်အတန်းနှင့် ပတ်ဝန်းကျင်ကို ရရှိနိုင်စေဖို့ ကြိုးစားကြစေလိုကြာင်း၊“ ပြည်သူတိုင်းဟာ စားသုံးသူ ဖြစ်တယ်။ စားသုံးသူတိုင်းဟာ စားသုံးသူအခွင့်အရေးရှိပါ တယ်” ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ စားသုံးသူကာကွယ်ရေး လုပ်ငန်းစဉ်များ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ကြစေလိုကြောင်းပြောကြားသည်။
ထို့နောက် စားသုံးသူကာကွယ်ရေးဆိုင်ရာသိကောင်းစရာ Video Clipများနှင့် စားသုံးသူရေးရာဦးစီးဌာန ဝန်ထမ်းများက စောင့်ရှောက်ဝိုင်းကူ စားသုံးသူ သီချင်းဖြင့် သီဆိုဖျော်ဖြေနေမှုများကို ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကြည့်ရှုအားပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး၍ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။



