မော်လမြိုင် ဧပြီ ၁၈
၁၃၈၇ ခုနှစ် မြန်မာ့နှစ်သစ်ကူးအခါသမယတွင် နိုင်ငံသူ၊ နိုင်ငံသား ပြည်နယ်သူ ပြည်နယ်သားများ ဥပဒ်ဘေးဒဏ် ရန်အသွယ်သွယ် အန္တရာယ်အဝဝ ကင်းစင်ပပျောက်စေနိုင်ရန် အတွက် မြန်မာ့နှစ်သစ်ကူး အန္တရာယ်ကင်း ပရိတ်တရားတော်နာ အခမ်းအနားကို ဧပြီ(၁၇)ရက်နေ့ညနေပိုင်းတွင် မော်လမြိုင်မြို့ ဆံတော်ရှင် ဦးဇိနစေတီတော်မြတ်ကြီး ဓမ္မာရုံ၌ကျင်းပခဲ့ရာ အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်း၊ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင်ကြွရောက်တော်မူလာကြသည့်ဆရာတော်သံဃာတော်များက ဘေးအန္တရာယ် ရန်အသွယ် သွယ်အပေါင်းမှ ကင်းဝေးစေရေး အတွက် အန္တရာယ်ကင်းပရိတ် တရားတော်များ ရွတ်ဖတ်ပူဇော်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိ သူများက ဆရာတော်အရှင်သူ မြတ်တို့ထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကာဆရာတော် များထံမှ အနုမောဒနာတရား နာကြား ၍ ရေစက်သွန်းချအမျှ ပေးဝေခဲ့ကြကြောင်း သိရှိရသည်။


