Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း နှစ်(၈၀)ပြည့် တပ်မတော်နေ့အခမ်းအနားနှင့် ရွှေတောင်ကျောင်းတိုက် ထေရာဝါသ ကျောင်းဆောင် ကျောင်းလွှတ်ပူဇာသဘင် အခမ်းအနား တက်ရောက်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း နှစ်(၈၀)ပြည့် တပ်မတော်နေ့အခမ်းအနားနှင့် ရွှေတောင်ကျောင်းတိုက် ထေရာဝါသ ကျောင်းဆောင် ကျောင်းလွှတ်ပူဇာသဘင် အခမ်းအနား တက်ရောက်

by admin

မော်လမြိုင် မတ် ၂၇

၂၀၂၅ခုနှစ် မတ်လ ၂၇ရက်နေ့တွင် ကျရောက်သည့် နှစ်(၈၀)ပြည့် တပ်မတော်နေ့ အခမ်းအနားကို  မတ်လ ၂၇ ရက်နေ့ နံနက်ပိုင်းက မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် စစ်ရေးပြကွင်း၌ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် နှစ်(၈၀)ပြည့်တပ်မတော်နေ့ ဂုဏ်ပြုစစ်ရေးပြတပ်ခွဲများက စစ်ကြောင်းပုံစံဖြင့် ကွင်းအတွင်းချီတက်နေရာယူကြပြီး အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ် ကျော်လင်းမောင်က တပ်မတော်နေ့ မိန့်ခွန်းပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ မွန်ပြည်နယ်အစိုးရအဖွဲ့၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ မိသားစုဝင်များ၊ တပ်ရင်းတပ်ဖွဲ့မှူးများနှင့် အရာရှိစစ်သည်မိသားစုဝင်များ တက်ရောက်ခဲ့ကြကာ အခမ်းအနားအပြီးတွင် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မော်လမြိုင်မြို့ ရွှေတောင်ကျောင်းတိုက်၌ ကျင်းပပြုလုပ်သည့် ထေရာဝါသ ကျောင်းဆောင် ကျောင်းလွှတ်ပူဇာသဘင် အခမ်းအနားသို့ တက်ရောက်ပြီး   ရွှေတောင် ကျောင်းတိုက်ကြီး၏ဦးစီးပဓါနနာယက၊ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက ဓဇ၊ မဟာဓမ္မကထိက ဗဟုဇန ဟိတဓရ၊ ဂန္တဝါစကပဏ္ဏိတဘဒ္ဒန္တ ဝိမလထံမှ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က ငါးပါးသီလခံယူဆောက်တည်၍ ဆရာတော်အရှင်သူမြတ်ထံ လူဖွယ်ဝတ္ထုပစ္စည်းများ နာဝကမ္မဝတ္တု​​ငွေများဆက်ကက်လှူဒါန်းကာ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

You may also like