Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ကျိုက်မရောမြို့နယ် ဘိန်းဗျောကျေးရွာ ကော့တာတောရကျောင်း ဆရာတော်ဘဒ္ဒန္တတေဇ မထေရ်မြတ်၏ ရုပ်ကလာပ်တော်အား ဖူးမြှော်ကြည်ညို

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ကျိုက်မရောမြို့နယ် ဘိန်းဗျောကျေးရွာ ကော့တာတောရကျောင်း ဆရာတော်ဘဒ္ဒန္တတေဇ မထေရ်မြတ်၏ ရုပ်ကလာပ်တော်အား ဖူးမြှော်ကြည်ညို

by admin

မော်လမြိုင် မေ ၈
 
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ကျိုက်မရောမြို့နယ် ဘိန်းဗျောကျေးရွာ ကော့တာတောရကျောင်းသို့ရောက်ရှိကာ ဘဝနတ်နန်းပြောင်းရွှေ့စံမြန်းတော်မူပြီးဖြစ်သည့်  ကော့တာတောရကျောင်း ဆရာတော်ဘဒ္ဒန္တတေဇ မထေရ်မြတ်၏ ရုပ်ကလာပ်တော်အား ဖူးမြှော်ကြည်ညိုသည်။
 
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် အန္တိမအဂ္ဂိဈာပန ကျင်းပရေးကော်မတီ နာယကဆရာတော်ကြီးများထံ သွားရောက်ဖူးမြှော်ကန်တော့ကာ အန္တိမအဂ္ဂိဈာပန သာဓုကီဠနသဘင် ကျင်းပနိုင်ရေးအတွက် သာသနာရေးဆိုင်ရာများလျောက်ထားပြီး လှူဖွယ်ပစ္စည်းများနှင့် အလှူငွေများ ဆက်ကပ် လှူဒါန်းခဲ့သည်။
 
ကျိုက်မရောမြို့နယ် ဘိန်းဗျောကျေးရွာ ကော့တာတောရကျောင်း ဆရာတော်ဘဒ္ဒန္တတေဇ မထေရ်မြတ်သည်၂၀၂၅ ခုနှစ် မေလ ၈ ရက်နေ့ နံနက် ၀၁:၃၅ နာရီအချိန်တွင် ဘဝနတ်နန်း ပြောင်းရွှေ့စံလွန်တော်မူခဲ့ရာ ကြွင်းကျန်ရစ်သော ဥတုဇရုပ်ကလာပ်တော်ကို မေလ (၁၀)ရက်နေ့တွင် ရပ်နီးရပ်​ဝေးဒါယိကာ ဒါယိကာမ များဖူးမြှော်နိုင်​ရေးစံကျောင်းချပူဇော်ခံသွားမည်ဖြစ်ကြောင်း သိရှိရသည်။

You may also like