မော်လမြိုင် မေ ၂၂
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ၂၀၂၅-၂ဝ၂၆ ပညာသင်နှစ် အတွက် ” ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ “ကျောင်းအပ်နှံရေး သီတင်းပတ် ကျောင်းအပ်နှံရေးဆိုင်ရာ မြေစိုက်ပိုစတာစိုက်ထူခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက အ.လ.က(၁)မော်လမြိုင် ကျောင်းရှေ့(မြို့တော်ဦးအဝိုင်းအရှေ့)၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညီညီစိုး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်၊ လူမှုရေးရာဝန်ကြီး ဦးစောကြည်နိုင်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဉာဏ်လင်းထွေးနှင့် ပြည်နယ်ပညာရေးမှူး ဒေါ်နန့်စယ်လီလှိုင်တို့က ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးဆိုင်ရာ မြေစိုက်ပိုစတာအား ဖဲကြိုးဖြတ်ဖွင့်လှစ်၍ အမွှေးနံသာရည်များဖြင့် ပတ်ဖျန်းခဲ့ပြီး အ.ထ.က(၉)မော်လမြိုင်မှ ကျောင်သား၊ ကျောင်းသူများ၏ ဘင်ခရာပန်းပွားဖြင့် ဖျော်ဖြေတင်ဆက်နေမှုများကိုကြည့်ရှု၍ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းက ဂုဏ်ပြုငွေပေးအပ်ချီးမြှင့်ကာ ကျောင်းသား၊ကျောင်းသူများနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရှိရသည်


