Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်မြို့နယ် ဇော်ကုန်းကျေးရွာရှိ အသားတိုးဝက်မွေးမြူရေးခြံ အောင်မြင်ဖြစ်ထွန်းနေမှု ကြည့်ရှု၊ ၂၀၂၅ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် အသက်(၂၃)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်မြို့နယ် ဇော်ကုန်းကျေးရွာရှိ အသားတိုးဝက်မွေးမြူရေးခြံ အောင်မြင်ဖြစ်ထွန်းနေမှု ကြည့်ရှု၊ ၂၀၂၅ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် အသက်(၂၃)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်

by admin

မော်လမြိုင်  ဇွန်  ၁
 
 မွန်ပြည်နယ်အတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ရရှိကာ စားရေ ရိက္ခာဖူလုံပိုလျှံမှုရှိစေရေး၊ အသားထုတ်လုပ်မှု ကဏ္ဍတိုးတက်မြင့်မားလာစေရေးနှင့် မွေးမြူရေးလုပ်ငန်းများမှတဆင့် ထုတ်ကုန်များ ကုန်ချောထုတ်လုပ်ပြီး စျေးကွက်သို့တင်ပို့ရောင်းချနိုင်ရန် ရည်ရွယ်၍ မေလ ၃၁ရက်နေ့ နံနက်ပိုင်းက မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် မော်လမြိုင်မြို့နယ်၊ ကြာအင်းကျေးရွာအုပ်စု၊ ဇော်ကုန်းကျေးရွာ ဦးမင်းဆန်းလွန်း၏ အသားတိုးဝက်မွေးမြူရေးခြံသို့ ရောက်ရှိရာ ရှေးဦးစွာ ရှင်းလင်းဆောင်တွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးနှင့် ဝက်မွေးမြူရေးခြံပိုင်ရှင်တို့က ဝက်မွေးမြူရေးဆိုင်ရာ အချက်အလက်များ၊ ဝက်မွေးမြူ ထားရှိမှုအခြေအနေများကိုရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ပြည်နယ် ဝန်ကြီးချုပ်က မွေးမြူရေးလုပ်ငန်း များမှထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများကို သဘာဝဓာတ်မြေဩဇာများအဖြစ် ထုတ်ယူ သုံးစွဲနိုင်ရေး ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ သဘာဝဓာတ်မြေဩဇာ များပြားစွာရရှိစေရေး စနစ်ကျသည့် မွေးမြူရေးလုပ်ငန်းများ အဖြစ် ဆောင်ရွက်ကြရန် လိုကြောင်း၊ မျိုးကောင်းမျိုးသန့်များကို ဒေသအတွင်း အခြားတစ်ပိုင်တစ်နိုင် မွေးမြူသူများအား မွေးမြူနိုင်ရေးအတွက် ကြိုးစားထုတ်လုပ် သွားကြရန် မှာကြားကာ ဝက်မွေးမြူရေး အဆောင်အတွင်းရှိ ဇီးဝက်မ ထားရှိခန်း၊ ဝက်သားပေါက်အခန်း၊ (၄)လသားအရွယ် အသားတိုးဝက်အခန်း စသည့် ဝက်ကောင်ရေ(၁၂၇)ကောင် မွေးမြူအောင်မြင်ဖြစ်ထွန်းနေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
၂၀၂၅ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် အသက်(၂၃)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို မေလ ၃၁ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ပြည်နယ်အားကစားခန်းမ၌ ကျင်းပရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ဗိုလ်လုပွဲစဉ်အဖြစ် ပိုက်ကျော်ခြင်း အမျိုးသား(၃)ယောက်တွဲ ပေါင်မြို့နယ်အသင်းနှင့်မုဒုံမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြိုင်ပွဲတွင် အကောင်းဆုံဆုရရှိသူများ၊ ပူးတွဲတတိယဆုနှင့် ဒုတိယဆုရရှိသူများအား ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက တစ်ဦးချင်းဆုနှင့် ငွေသားဆုများအားလည်းကောင်း၊  အမျိုးသား/အမျိုးသမီး(၃)ယောက်တွဲပြိုင်ပွဲတွင် ပထမဆုရရှိသူများအား ပြည်နယ်ဝန်ကြီးချုပ်က တစ်ဦးချင်းဆု၊ ငွေသားဆုနှင့် တံခွန်စိုက်ဒိုင်းဆုများအား အသီးသီးပေးအပ်ချီးမြှင့်၍ တက်ရောက်လာသော အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။

You may also like