Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှု ကြည့်ရှုအားပေး၊ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)ထည့်သွင်းခြင်း၊ ကြဲခင်းစနစ်လျော့ချရေး Seederဖြင့် တိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးခြင်းနှင့် တောင်သူများအား မျိုးသန့်မျိုးပွားမျိုးစေ့ (RS)ချီးမြှင့် ပေးအပ်ခြင်းအခမ်းအနား တက်ရောက်

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှု ကြည့်ရှုအားပေး၊ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)ထည့်သွင်းခြင်း၊ ကြဲခင်းစနစ်လျော့ချရေး Seederဖြင့် တိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးခြင်းနှင့် တောင်သူများအား မျိုးသန့်မျိုးပွားမျိုးစေ့ (RS)ချီးမြှင့် ပေးအပ်ခြင်းအခမ်းအနား တက်ရောက်

by admin

မော်လမြိုင်၊ မေ ၃၁

မွန်ပြည်နယ်အတွင်း သန့်ရှင်း၍ စိမ်းလန်းစိုပြေသော အခြေခံပညာစာသင်ကျောင်းများအား ဖော်ဆောင်ပြီး ကျောင်းသူ၊ ကျောင်းသားများ စိတ်အေးချမ်းမြေ့စွာ ပညာသင်ကြား နိုင်ရေးအတွက် အလေးထား ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် မေလ ၃၁ရက်နေ့၊ နံနက်ပိုင်းက မော်လမြိုင်မြို့၊ အခြေခံပညာ အထက်တန်းကျောင်းခွဲ(စမ်းကြီး)၌  ကျောင်းဝင်းအတွင်းနှင့် ဘေးပတ်ဝန်းကျင်ရှိ ခြုံနွယ်များ၊ မြက်များ၊ အမှိုက်များအား ဌာနဆိုင်ရာများ၊  မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများက စာသင်ကျောင်း စိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်း သာယာလှပ ရေးအတွက် ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဝိုင်းဝန်း ဆောင်ရွက်ပေးနေမှုအပေါ် ကြည့်ရှုအားပေးခဲ့သည်။    

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က စာသင်ကျောင်းဝင်း အတွင်း၊ အပြင် သန့်ရှင်းရေး ဆောင်ရွက်နေမှု အခြေအနေတို့အား လှည့်လည်ကြည့်ရှု စစ်ဆေးပြီး အခြေခံပညာစာသင်ကျောင်းများ သန်ရှင်း၍ စိမ်းလမ်းစိုပြေစေရေး အလေးထားဆောင်ရွက် ပေးကြရန်၊ မကြာမီကျောင်းများပြန်လည်ဖွင့်လှစ်တော့မည် ဖြစ်သည့်အတွက် ကျောင်းအင်္ဂါရပ်နှင့် ကိုက်ညီမှုရှိစေရေး၊ ဥပတိရုပ် ကောင်းမွန်စေရေးနှင့် ကျောင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြေ၍ သန့်ရှင်းသာယာမှုရှိစေရေး အတွက် တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။        

မွန်ပြည်နယ်အတွင်း မြို့နယ်အသီးသီးရှိ အခြေခံပညာစာသင်ကျောင်းများတွင် စိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်း သာယာလှပရေးအတွက် ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို အပတ်စဉ်ပုံမှန် ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရှိရသည်။   

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရိုးဂိုးကျေးရွာ ကွင်းအမှတ်(၈၁၃)၊ ဦးပိုင်(၂၁/ခ/၁)ရှိတောင်သူ ဦးမျိုးအောင် လယ်ယာမြေတွင် မော်လမြိုင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တစ်နှစ်(၃)သီး သီးနှံစမ်းသပ်စိုက်ခင်း၌ တတိယသီးနှံ နွေနှမ်း စမ်းသပ်အောင်မြင်ဖြစ်ထွန်းနေမှုကို ကြည့်ရှုအားပေးသည်။

ထို့နောက် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)ထည့်သွင်းခြင်း၊ ကြဲခင်းစနစ်လျော့ချရေး Seederဖြင့် တိုက်ရိုက်မျိုးစေ့ချစိုက်ပျိုးခြင်းနှင့် မိုးစပါးမျိုးစေ့ထုတ်တောင်သူများအား မျိုးသန့်မျိုးပွားမျိုးစေ့(RS)ချီးမြှင့် ပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်၍ ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးမှ ၂၀၂၅-၂၀၂၆ခုနှစ် မိုးသီးနှံ စိုက်ပျိုး ထုတ်လုပ်မည့် အခြေအနေများအားရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး၊ သွင်းအားစုများ၊ မြေသြဇာများလျော့ချသုံးစွဲနိုင်ရေးအတွက် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)များ ထည့်သွင်းစိုက်ပျိုးလျက်ရှိပါကြောင်း၊ ယခုနှစ်သည် ကြဲခင်းစနစ်ဖြင့်စိုက်ပျိုးခြင်းပပျောက်စေရေးအတွက်  ယခုနှစ်မိုးစပါးစိုက်ရာသီတွင် ကြဲခင်းများ လျော့နည်းစေရေးအတွက် လက်ဆွဲကောက်စိုက်စက်၊ ကောက်စိုက်စက်၊  စပါးမျိုးစေ့ချကိရိယာ (Drum Seeder)များနှင့် ပျိုးထောင်စိုက်ပျိုးခြင်းများ စိုက်ပျိုးဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ အထွက်နှုန်းများ ပိုမိုတိုးတက်ထွက်ရှိရေး၊ ပန်းတိုင်အထွက်နှုန်းများ ရောက်ရှိစေရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း၊  သီးထပ်စွမ်းအား သီးနှံစိုက်စွမ်းအားတိုးတက်စေရေးအတွက် တောင်သူဦးကြီးများက တက်ညီလက်ညီဝိုင်းဝန်း ပံ့ပိုးပေးကြစေလိုကြောင်းနှင့်  စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ပါစေကြောင်း ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်း စိုက်ပျိုးမည့် တောင်သူများအား မျိုးသန့်မျိုးပွားမျိုးစေ့(RS) မျိုးစပါးအား ပေးအပ်ချီးမြှင့်ခဲ့ပြီး တက်ရောက်လာသော တောင်သူများက ကုန်ထုတ်လမ်း ဖောက်လုပ်ပေးရေး၊ ရိတ်သိမ်းချွေလှေ့စက် ကူညီဆောင်ရွက်ပေးရေး၊ ချောင်းကောမြောင်းကောများပြန်လည် တူးဖော်ပေးရေးစသည့် လိုအပ်ချက်များကို တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်းဆောင်ရွက်နေမှုနှင့် Drum Seeder စနစ်ဖြင့် တိုက်ရိုက်မျိုးစေ့ချ ဆောင်ရွက်နေမှုတို့အား လှည့်လည်ကြည့်ရှုအားပေးကာ ပြည်နယ်ဝန်ကြီးချုပ်က  သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)များ ထည့်သွင်းစိုက်ပျိုးခြင်းဖြင့် သွင်းအားစုများ၊ မြေသြဇာများ လျော့ချသုံးစွဲနိုင်မည်ဖြစ်ကြောင်း၊ စပါးမျိုးစေ့ချကိရိယာ Drum Seederများ သုံးစွဲခြင်းဖြင့် ကြဲခင်းစိုက်ပျိုးခြင်းထက် အထွက်နှုန်းများ ပိုမိုထွက်ရှိလာမည်ဖြစ်သည့်အတွက် တောင်သူများအနေဖြင့် လိုက်နာဆောင်ရွက်ကြရန်  မှာကြားခဲ့ကြောင်း သိရှိရသည်။

You may also like