
မွန်ပြည်နယ်အတွင်း အခြေခံပညာကျောင်းများမှာ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ ပေါ်ထွန်းလာစေရေး အလေးထား ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့် အဖွဲ့သည် ဇန်နဝါရီလ ၂၀ ရက်နေ့၊ နံနက်ပိုင်းက မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်၊ အမှတ်(၂) အခြေခံပညာ မူလတန်းကျောင်း၌ ကျောင်းဝန်းအတွင်း၊ အပြင်နှင့် ဘေးပတ် ဝန်းကျင်ရှိ ခြုံနွယ်များ၊ မြက်များနှင့် အမှိုက်များအား တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများက ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က စာသင်ကျောင်းများ ဥပတိရုပ် ကောင်းမွန်စေရေး ကျောင်းပုရဝုဏ် စိမ်းလမ်းစိုပြေရေးနှင့် သန့်ရှင်းသာယာမှုရှိစေရေး အလေးထားဆောင်ရွက်ရန်၊ ကျောင်းအင်္ဂါရပ်နှင့် ကိုက်ညီမှုရှိစေရန်၊ အမှိုက်များ စနစ်တကျစွန့်ပစ်ကြစေရေး ဆောင်ရွက်ရန်၊ ကျောင်းကျန်းမာရေးကိစ္စရပ်များအပြင် ကျောင်အကျိုးပြုလုပ်ငန်းများကို ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် လမ်းညွှန်မှာကြားခဲ့သည်။
မွန်ပြည်နယ်အတွင်း မြို့နယ်အသီးသီးရှိ ရပ်ကွက်၊ ကျေးရွာများတွင် သန့်ရှင်းသာယာလှပစေရေးအတွက် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းကို အပတ်စဉ်ပုံမှန် ဆောင်ရွက်လျက်ပြီး စာသင်ကျောင်းများတွင်လည်း ကျောင်းသန့်ရှင်းသာယာလှပစေရေးအတွက် တပ်မတော်သားများ၊ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၊ မီးသတ်ဖွဲ့နှင့် လူမှုအဖွဲ့အစည်းများနမှလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။