Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး​အောင်ကြည်သိန်း- ​မော်လမြိုင်မြို့၊ တောင်ဝိုင်း ဘိုးဘွားများ ခိုလှုံရာ ရိပ်သာ၌ အများပြည်သူများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှု ကြည့်ရှုအား​ပေး၊ (မော်လမြိုင်မြို့) တက္ကသိုလ်လမ်း​ဘေးဝဲ၊ ယာ လူသွား စင်္ကြန် (ပလက်​ဖောင်း) တိုးချဲ့ အဆင့်မြှင့်တင်ခြင်း အပိုင်းလိုက် ​ဆောင်ရွက်ပြီးစီးမှု အ​ခြေအ​နေအား ကြည့်ရှုစစ်​ဆေး၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၏ နှစ်ပတ်လည် အသင်းသားစုံညီပွဲ တက်​ရောက်

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး​အောင်ကြည်သိန်း- ​မော်လမြိုင်မြို့၊ တောင်ဝိုင်း ဘိုးဘွားများ ခိုလှုံရာ ရိပ်သာ၌ အများပြည်သူများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှု ကြည့်ရှုအား​ပေး၊ (မော်လမြိုင်မြို့) တက္ကသိုလ်လမ်း​ဘေးဝဲ၊ ယာ လူသွား စင်္ကြန် (ပလက်​ဖောင်း) တိုးချဲ့ အဆင့်မြှင့်တင်ခြင်း အပိုင်းလိုက် ​ဆောင်ရွက်ပြီးစီးမှု အ​ခြေအ​နေအား ကြည့်ရှုစစ်​ဆေး၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၏ နှစ်ပတ်လည် အသင်းသားစုံညီပွဲ တက်​ရောက်

by Mon Editor
မော်လမြိုင်၊ ​ဖေ​ဖော်ဝါရီ ၁၁
မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင် သန့်ရှင်း၍ စိမ်းလန်းစို​ပြေသာယာလှပပြီး အများပြည်သူများ စိတ်​အေးချမ်း​မြေ့မှုများ ရရှိ​စေ​ရေးအတွက် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးကို အပတ်စဉ်ပုံမှန် ဆောင်ရွက်လျက်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး​အောင်ကြည်သိန်းနှင့် ပြည်နယ်ဝန်ကြီးများသည် ​ဖေ​ဖော်ဝါရီလ ၁၁ ရက်​နေ့၊ နံနက်ပိုင်းက ​​​မော်လမြိုင်မြို့၊ ​တောင်ဝိုင်း ဘိုးဘွားများ ခိုလှုံရာ ရိပ်သာ၌ ဘိုးဘွားရိပ်သာ အတွင်း၊ အပြင်နှင့် ဘေးပတ် ဝန်းကျင်ရှိ ခြုံနွယ်များ၊ မြက်များနှင့် အမှိုက်များအား ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှု​ရေးအသင်းအဖွဲ့များ၊ အများပြည်သူများ တစ်တက်တစ်အားပါဝင်၍ စုပေါင်းသန့်ရှင်းရေး ဝိုင်းဝန်း ဆောင်ရွက်နေမှုအ​ပေါ် ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ဘိုးဘွားရိပ်သာ ပုရဝုဏ်အတွင်းတွင် စုပေါင်းသန့်ရှင်းရေး ဝိုင်းဝန်း ဆောင်ရွက်နေမှုအ​ပေါ် လှည့်လည်ကြည့်ရှုခဲ့ပြီး တာဝန်ရှိသူများနှင့် ​တွေ့ဆုံ၍ ဘိုးဘွားရိပ်သာ အတွက် လိုအပ်သည်များကို ဖြည့်ဆည်း​ဆောင်ရွက်​ပေးခဲ့သည်။
အဲဒီကမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည်  မြို့ပြအင်္ဂါရပ်များနှင့် ကိုက်ညီမှုရှိ​စေ​ရေး၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက် ​​ဆောင်ရွက်​ပေးလျက်ရှိရာတွင် အများ​ပြည်သူများ သွားလာ​နေထိုင်မှုအဆင်​ပြေ​မွေ့​စေ​ရေးအတွက် ​မော်လမြိုင်မြို့၊ မော်လမြိုင်တက္ကသိုလ် သွားရာလမ်းတစ်​လျှောက် လမ်းတိုးချဲ့ခြင်း၊ အဆင့်မြှင့်တင်ခြင်းနှင့် လမ်း​ဘေးဝဲ၊ ယာ လူသွား စင်္ကြန် (ပလက်​ဖောင်း) တိုးချဲ့ အဆင့်မြှင့်တင်ခြင်း အပိုင်းလိုက် ​ဆောင်ရွက်ပြီးစီးမှု အ​ခြေအ​နေအား ကြည့်ရှုစစ်​ဆေးခဲ့သည်။
ထို့နောက် လုပ်ငန်း​ဆောင်ရွက်​နေမှုအ​ခြေနှင့် ပတ်သက်၍ တာဝန်ရှိသူမှ ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က မြို့တွင်းသန့်ရှင်းသာယာ၊ လှပစေရေး၊ အမှိုက်များကို စနစ်တကျ စွန့်ပစ်စေရေး၊ အများပြည်သူများ စိတ်​အေးချမ်းသာစွာ ​နေထိုင်သွားလာမှုရှိ​စေ​ရေး ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားသည်။
မွန်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၏ နှစ်ပတ်လည် အသင်းသားစုံညီပွဲကို ယ​နေ့နံနက်ပိုင်းက ​မော်လမြိုင်မြို့၊ မွန်ပြည်နယ် ကုန်သည်များနှင့် စက်မှု၊ လုပ်ငန်းရှင်များအသင်း၊ ကုန်စည်ဒိုင်ခန်းမ၌ကျင်းပရာ  ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း အလားအလာကောင်းသည့် ​ဒေသထွက် ကုန်ကြမ်းများထုတ်လုပ်ခြင်းနှင့် တစ်ပိုင်တစ်နိုင် ကုန်ထုတ် စီးပွား​​ရေးလုပ်ငန်းများ ​ဆောင်ရွက်ခြင်းကို တစိုက်မတ်မတ် အား​ပေး​လျက်ရှိ​ကြောင်း၊ ပြည်နယ်၏ အဓိက ထွက်ကုန်များဖြစ် သည့် ရာဘာ၊ ရေထွက်ကုန်ပစ္စည်းများ၊ သစ်သီးဝလံ၊ ဆား နှင့် ဆန်စပါး၊ ကွမ်းသီး အစရှိတဲ့ ထုတ်ကုန်ပစ္စည်းများကို ထုတ်ကုန်အရည်အသွေး မြင့်မားလာခြင်း၊ ဈေးကွက်ပိုမိုရရှိလာခြင်း၊ တီထွင်ဆန်းသစ်မှုများ ပိုမိုသိရှိလာနိုင်ခြင်း တို့အတွက် ​ဆောင်ရွက်​ပေးကြရမည်ဖြစ်​ကြောင်း၊ ပြည်တွင်းထုတ်ကုန်လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နိုင်ရန်နှင့်  ပြည်နယ်တွင်းဖြစ် စီးပွား​ရေး လုပ်ငန်းများ ပိုမိုဖွံ့ဖြိုး အားကောင်းလာစေရေးတို့အတွက် ပုဂ္ဂလိက ကဏ္ဍ၊ သမဝါယမမှ ကဏ္ဍနှင့် နည်းပညာများ ဖြန့်ဝေပေးခြင်း၊ ဈေးကွက် ရရှိရေး ချိတ်ဆက်ဆောင်ရွက်ပေးခြင်း၊ ထုတ်ကုန် အရည်အ​သွေး စွမ်းဆောင်မှု မြှင့်တင်ခြင်း လုပ်ငန်းများတွင်လည်း ကဏ္ဍအသီးသီးမှ ဝိုင်းဝန်း ဆောင်ရွက်ပေးကြဖို့ ​​ကြောင်းဖြင့် ​ပြောကြားခဲ့သည်။
ထို့​နောက် မွန်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူမှ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ပတ်သက်၍ ​ဆောင်ရွက်ထားရှိအ​ခြေအ​နေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။
ထို့​နောက် ပြည်နယ်ဝန်ကြီးချုပ်က ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များနှင့် ရင်းရင်းနှီးနှီး ​တွေ့ဆုံနှုတ်ဆက်ခဲ့သည်။



You may also like