Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး​အောင်ကြည်သိန်း- (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီ- ကဒတ်ထောက်- ကရင်သောင် ကတ္တရာလမ်းသစ် ဖွင့်ပွဲ အခမ်းအနား၊ ကျိုက္ခမီမြို့ ရှုခင်းသာပန်းခြံဖွင့်ပွဲအခမ်းအနား တက်ရောက်၊ ကျိုက္ခမီရေလယ် ဆံတော်ရှင်မြတ်ဘုရားကြီး ဖူး​မြော်ကြည်ညို ​

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး​အောင်ကြည်သိန်း- (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီ- ကဒတ်ထောက်- ကရင်သောင် ကတ္တရာလမ်းသစ် ဖွင့်ပွဲ အခမ်းအနား၊ ကျိုက္ခမီမြို့ ရှုခင်းသာပန်းခြံဖွင့်ပွဲအခမ်းအနား တက်ရောက်၊ ကျိုက္ခမီရေလယ် ဆံတော်ရှင်မြတ်ဘုရားကြီး ဖူး​မြော်ကြည်ညို ​

by Mon Editor
မော်လမြိုင်၊ ​ဖေ​ဖော်ဝါရီ ၁၀
(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီ- ကဒတ်ထောက်- ကရင်သောင် ကတ္တရာလမ်းသစ် ဖွင့်ပွဲ အခမ်းအနားကို ​ဖေ​ဖော်ဝါရီလ ၁၀ ရက်​နေ့၊ နံနက်ပိုင်းက သံဖြူဇရပ်မြို့နယ်၊ ကဒတ်​ထောက်​ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး​အောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် ​ဒေသခံပြည်သူများတက်​ရောက်သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း ပြည်သူများ၏ အ​ခြေခံလိုအပ်ချက်များကို အထူးအ​လေးထား ​ဖြည့်ဆည်းဆောင်ရွက်​ပေးလျက်ရာ ​ကျေးလက်​နေပြည်သူများ၏ လူ​နေမှုစီးပွားဘဝ တိုးတက်မြင့်မားလာ​စေ​ရေးနှင့် မြို့ပြ ​ကျေးလက်ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်လာ​စေ​ရေးတို့အတွက် ဦးစား​ပေးကဏ္ဍအ​နေဖြင့် ​ဆောင်ရွက်​ပေးလျက်ရှိ​ကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပန်းဆက်သွယ်​ရေး ကောင်းမွန်ခြင်းသည် အဓိက အရေးကြီးတဲ့အချက်ဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှသာ  ဘက်​ပေါင်းစုံဖွံ့ဖြိုးတိုးတက်​ရေးသည်လည်း လိုက်ပါ တိုးတက်လာမည် ဖြစ်​ကြောင်း၊ ကျေးရွာချင်းဆက်လမ်းများ ဆောင်ရွက်ပေးခြင်းကြောင့်လည်း ကျေးရွာနေပြည်သူများမှ  စီးပွားရေး လူမှုရေးလုပ်ငန်းများကိုအလွယ်တကူ သွားလာ‌​ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ၊ ပြည်နယ်အ​နေဖြင့် ​ပြည်သူများအကျိုးအတွက် ကျေးလက်လမ်း၊ တံတားများကို တစ်နှစ်ထက်တစ်နှစ် ပိုမို​တိုးတက်လာ​စေရန် ​ဆောင်ရွက်​ပေးလျက်ရှိသလို ဒေသခံပြည်သူများအနေဖြင့်လည်း လမ်း၊ တံတားများ ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် ဝိုင်းဝန်း ထိန်းသိမ်းစောင့်ရှောက်ကြရန် လိုအပ်ကြောင်း အမှာစကား​ပြောကြားခဲ့သည်။
ဆက်လက်ပြီး နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၊ ညွှန်ကြား​ရေးမှူး မှ ​ဘဏ္ဍာရေးနှစ်အလိုက်  ကျိုက္ခမီ- ကဒတ်ထောက်- ကရင်သောင် ကတ္တရာလမ်း ဖောက်လုပ်​ခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှု အ​ခြေအ​နေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး ဒေသခံပြည်သူတစ်ဦးမှ ​ကတ္တရာလမ်းသစ် ​ဖောက်လုပ်​ဆောင်ရွက်​ပေးမှုအ​ပေါ် ကျေးဇူးတင် ဝမ်း​မြောက်စကား ပြန်လည်​ပြောကြားခဲ့သည်။
ထို့​နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ကျိုက္ခမီ- ကဒတ်ထောက်- ကရင်သောင် ကတ္တရာလမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်​​ပေးခဲ့ကြသည်။
အဲဒီ​နောက် ပြည်နယ်ဝန်ကြီးချုပ်က ကတ္တရာလမ်းသစ်အား လှည့်လည်ကြည့်ရှုခဲ့ပြီး ​ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီး​တွေ့ဆုံနှုတ်ဆက်ခဲ့သည်။
အဲဒီကမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများသည် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျိုက္ခမီမြို့ ရှုခင်းသာပန်းခြံဖွင့်ပွဲ အခမ်းအနားသို့ တက်​ရောက်ကြပြီး ကျိုက္ခမီမြို့ ရှုခင်းသာပန်းခြံအား ဖဲကြိုးဖြတ်ဖွင့်လှစ်​​ပေးခဲ့ကြသည်။
ထို့​နောက် မြို့​နေဒေသခံ တစ်ဦး ​ကျေးဇူးတင် ဝမ်း​မြောက်စကား ပြန်လည်​ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်မှ ပန်းခြံအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်သည် ကျိုက္ခမီရေလယ် ဆံတော်ရှင်မြတ်ဘုရားကြီး ဖူး​မြော်ကြည်ညို၍ ပန်း၊ ဆီမီး၊ ‌ရေချမ်းနှင့် ​ရွှေသင်္ကန်းများ ကပ်လှူပူ​ဇော်၍ အလှူ​ငွေများ ​ပေးအပ်လှူဒါန်းသည်။
https://t.me/mrtvnews/93026

You may also like