
မော်လမြိုင်၊ ဖေဖော်ဝါရီ ၉
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ရက်နေ့တွင်ကျရောက် မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ၂၅ကီလိုမီတာ စက်ဘီးပြိုင်ပွဲကို ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ ကမ်းနားလမ်း၊ မြစ်ကမ်းသာကစားကွင်းရှေ့၌ ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ စက်ဘီးစီး အားကစားဝါသနာရှင်များတက်ရောက်ခဲ့သည်။
ဦးစွာ ပြိုင်ပွဲဝင်အားကစား သမားများက သတ်မှတ်တာထွက်ရာ နေရာတွင် နေရာယူခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က စက်ဘီးပြိုင်ပွဲကို အချက်ပေး တာလွှတ်ပေးခဲ့ပြီး ပြိုင်ပွဲဝင် အားကစားသမားများ၏ ၂၅ကီလိုမီတာ တပျော်တပါး စက်ဘီးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြမှုအပေါ် ကြည့်ရှုအားပေးခဲ့ကြသည်။
အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများက ပြိုင်ပွဲဝင်အားကစားသမားများ၏ ပန်းဝင်ရောက်ရှိခဲ့ကြမှုအပေါ် ကြိုဆိုအားပေးခဲ့ကြပြီီး ပထမ၊ ဒုတိယ၊ တတိယဆုနှင့် ယင်းဆုများအပြင် စတုတ္ထ၊ ပဥ္စမ၊ နှစ်သိမ့်ဆု၊ အထူးဆုများ ရရှိခဲ့ကြသည့် ပြိုင်ပွဲဝင် အားကစားသမားများအား ဆုတံဆိပ်နှင့် ငွေသားဆုများ၊ တံခွန်စိုက် ဒိုင်းဆု အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
၂ဝ၂၃ ခုနှစ်၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ၂၅ကီလိုမီတာစက်ဘီးပြိုင်ပွဲကိို မွန်ပြည်နယ်အတွင်း မြို့နယ်အသီးသီးရှိ ပြိုင်ပွဲဝင်အားကစားသမား( ၃၆) ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး မော်လမြိုင်မြို့၊ ကမ်းနားလမ်း၊ မြစ်ကမ်းသာကစားကွင်းရှေ့မှစတင်တာထွက်ခဲ့ကြပြီး ကမ်းနားလမ်းတစ်လျှာက်၊ သံလွင်တံတား (ချောင်းဆုံ) အား ဖြတ်သန်းပြီး မော်လမြိုင်- ချောင်းဆုံလမ်းမကြီး တစ်လျှောက်မှ ချောင်းဆုံမြို့နယ် အထိမ်းအမှတ် အဝိုင်းမှတစ်ဆင့် မူလတာထွက်ရာနေရာသို့ ၂၅ကီလိုမီတာ စက်ဘီးစီး၍ ပြိုင်ပွဲယှဉ်ပြိုင်ခဲ့ကြကြောင်း သိရှိရသည်။
မွန်ပြည်နယ်၊ အခြေခံပညာဦးစီးဌာန၊ လက်ထောက်မူလတန်းပြ ဆရာ၊ ဆရာမများ ခန့်ထားနိုင်ရေးအတွက် (လုပ်ငန်းခွင်အကြို) ရက်တို သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းခန်းမဆောင်၌ ကျင်းပပြုလုက်ရာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေးစနစ်ကို ဖော်ဆောင်နိုင်ရေး အဖက်ဖက်မှ အထူးအလေးထား ဆောင်ရွက်လျက်ရှိရာ အခြေခံပညာကဏ္ဍမှာ သင်ကြားရေးဝန်ထမ်းဆရာ၊ ဆရာမများအတွက် တတ်ကျွမ်းမှု စံသတ်မှတ်ချက်များ၊ ပညာရပ်နယ်ပယ်များ အရည်အသွေးပြည့်ဝစေရန် ဆောင်ရွက်ကြရမည်ကြောင်း၊ ဆရာ့ အရည်အသွေး ပြည့်ဝတဲ့ ဆရာကောင်းတစ်ယောက် ဖြစ်လာစေဖို့ မိမိတို့ သိသင့် သိထိုက်သော အသိပညာ အတတ်ပညာ မှန်သမျှကို လေ့လာဆည်းပူး သင်ယူသွားကြဖို့ လိုအပ်ကြောင်း၊ သင်တန်းကပို့ချသင်ကြား ပေးလိုက်သည့် သင်ခန်းစာများအပြင် မိမိတို့၏ အတွေ့အကြုံများ ဗဟုသုတ များနှင့် ပေါင်းစပ်ပြီး အရည်အသွေး ပြည့်ဝတဲ့ ဆရာကောင်းတစ်ယောက် ဖြစ်အောင် ကြိုးစားအားထုတ်ကြပါလို့ မှာကြားလိုကြောင်း၊ အခြေခံပညာအဆင့်မှာရှိတဲ့ ကျောင်းသား၊ ကျောင်း သူများ အားလုံးသတ်မှတ်ထားသော အသိပညာ ကျွမ်းကျင်မှုနှင့် သဘော ထား အယူအဆအမြင်များကို ပညာသင်ကြားမှု နည်းစနစ်များနှင့်အညီ လေ့လာသင်ယူနိုင်သူများ ဖြစ်ကြစေရန်နှင့် ပညာရေး အဆင့်အတန်း ပိုမိုမြင့်မားကာ လူ့စွမ်းအား အရင်းအမြစ်များ ကောင်းစွာ ပေါ်ထွက်လာပါစေရန် ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ပေးကြရန်ဖြင့် သင်တန်းအဖွင့် အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသူ၊ သင်တန်းသား များအား ဗလာစာအုပ် ၊ ဘောပင်နှင့်ခဲတံများ ထောက်ပံ့ပေးအပ်ခဲ့သည်။
အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသား ဆရာ၊ ဆရာမများ အား ရင်းရင်းနှီးနှီး လိုက်လံနှုတ် အားပေးခဲ့ကြသည်။