Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး​အောင်ကြည်သိန်း- (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲ အခမ်းအနား၊ မွန်ပြည်နယ်မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအ​​ဝေး တက်​ရောက်

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး​အောင်ကြည်သိန်း- (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲ အခမ်းအနား၊ မွန်ပြည်နယ်မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအ​​ဝေး တက်​ရောက်

by Mon Editor
မော်လမြိုင်၊ ​ဖေ​ဖော်ဝါရီ ၁၃
မွန်ပြည်နယ်တွင်  (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ဖေ​ဖော်ဝါရီလ ၁၂ ရက်​နေ့၊ ညပိုင်းက မော်လမြိုင်မြို့၊ မောရဝတီ ပန်းခြံ၌ ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့်ဇနီး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦးနှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် တိုင်းရင်းသားရိုးရာ အကများ၊ ပညာရေးဒီဂရီကောလိပ်ကျောင်းမှ ကျောင်းသား၊ ​ကျောင်းသူလေးများ၏ အကအလှများ၊ နည်းပညာတက္ကသိုလ် (မော်လမြိုင်)မှ ကျောင်းသား၊ ​ကျောင်းသူလေးများ၏ ဂုဏ်ပြုဖျော်ဖြေတင်ဆက်နေမှုများနှင့် ​ခေတ်​ပေါ်​တေးဂီတ ဖျော်ဖြေတင်ဆက်သီဆိုနေမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့​နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဖျော်ဖြေတင်ဆက်​ပေးခဲ့ကြသည့် တိုင်းရင်းသားရိုးရာ အကအဖွဲ့များ၊ ကျောင်းသား၊ ​ကျောင်းသူလေးများနှင့် ​ခေတ်​ပေါ်​တေးဂီတ ဝိုင်း​တော်သားများနှင့် အဆိုရှင်များကို ဂုဏ်ပြုချီးမြှင့်​​ငွေများ၊ ဂုဏ်ပြုပန်းစည်းများ  ပေးအပ်ချီးမြှင့်ခဲ့ကြပြီး အခမ်းအနားသို့ တက်​ရောက်လာသူများအား ရင်းရင်းနှီးနှီးအား လိုက်လံနှုတ်ဆက်ခဲ့ကြသည်။
မွန်ပြည်နယ်မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအ​​ဝေးကို ​ဖေ​ဖော်ဝါရီလ ၁၃ ရက်​နေ့၊ မွန်းလွဲပိုင်းက မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ​​အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး​အောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ မွန်ပြည်နယ်မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကော်မတီဝင်များ တက်​ရောက်သည်။
အစည်းအ​ဝေးတွင် ပြည််နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အနေဖြင့် မသန်စွမ်းသူများ အခွင့်အရေး များဆိုင်ရာကော်မတီကို ဖွဲ့စည်း​ဆောင်ရွက်ခဲ့ပြီး မသန်စွမ်းမှု ဆိုင်ရာအရေးကိစ္စတို့ကို ပြည်သူလူထုအတွင်း သဘောပေါက်နားလည်နိုင်စွမ်း မြှင့်တင်​ပေးခြင်း၊ မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာ၊ အခွင့်အရေးများ၊ ကောင်းကျိုးစီးပွားတို့အတွက် ပံ့ပိုး​ပေးခြင်းတို့ကို ဆောင်ရွက်​ပေးလျက်ရှိ​ကြောင်း၊ ထို့အပြင် မသန်စွမ်းသူများအား ထောက်ပံ့​ပေးခြင်း၊ ပုဂ္ဂလိက မသန်စွမ်းအထူးပညာသင် ကျောင်းများအားတည်ထောင်ခွင့်ပြုမိန့်ပြုနိုင်ရေးဆောင်ရွက်ပေးခြင်း၊ မသန်စွမ်းမှု ဆိုင်ရာ အသိပညာပေးမှုများ ဆောင်ရွက်ခြင်း၊ အထူးလိုအပ်ချက်ရှိသော ကလေးများ ပြုစုလေ့ကျင့်မှုဆိုင်ရာ အသိပညာများပေးခြင်း၊ မသန် စွမ်းသူများအတွက် အတားအဆီးမဲ့ ခရီးသွားလုပ်ငန်းဖော်ဆောင် ခြင်းဆိုင်ရာ အထောက်အကူပြုစေရန် မသန်စွမ်းမှုအမြင်များနှင့် လက်သင်္ကေတပြဘာသာ စကား အသိပညာပေးမှုများကို ဆောင်ရွက်လျက်ကြောင်း၊ မသန်စွမ်းသူများ ကိုယ်တိုင်ဦးဆောင်တဲ့ မသန်စွမ်း အသင်းအဖွဲ့တွေ လည်း ပေါ်ပေါက်လာပြီ ဖြစ်၍ ပြည်နယ်အတွင်းမှာ ရှိတဲ့မသန်စွမ်းသူ တွေအတွက် အင်မတန်အားတက်စရာပဲဖြစ်ပါ​ကြောင်း၊ မသန်စွမ်းမှုကို အကြောင်းပြုလို့ မသန်စွမ်းသူများကို ခွဲခြားဆက်ဆံခြင်း မပြုကြဖို့နှင့် မသန်စွမ်းသူများ ၏ ဂုဏ်သိက္ခာ၊ စွမ်းရည်နှင့် စွမ်းဆောင်နိုင်မှုများကို အလေးထား အသိအမှတ်ပြုပေးကြဖို့ လိုအပ်​ကြောင်း၊ မသန်စွမ်းသူ များ၏ အခွင့်အရေးများကို အပြည့်အဝကာကွယ်ပေးနိုင်ဖို့နဲ့ မသန်စွမ်း သူများ၏ လူမှုဘဝများဖွံ့ဖြိုးတိုးတက်စေဖို့ မိမိတို့ရဲ့ ကိုယ်စွမ်းဉာဏ်စွမ်း ရှိသရွေ့တိုးတက်လုပ်ဆောင်ပြီး ဝိုင်းဝန်းဆွေးနွေးပေးကြရန်ဖြင့် အမှာစကား​ပြောကြားခဲ့သည်။
ထို့​နောက် ပြည်နယ်လူမှု​ရေးရာဝန်ကြီး ဦးမြတ်သွင်က မွန်ပြည်နယ်မသန်စွမ်း သူများအသင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။
အဲဒီ​နောက် မွန်ပြည်နယ်လူမှုဝန်ထမ်းရုံး၊ ညွှန်ကြားရေးမှူးမှ မွန်ပြည်နယ် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကိစ္စရပ်များ၊ လုပ်ငန်း​ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကော်မတီဝင်များမှ သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြခဲ့ကြမှုအ​ပေါ် ပြည်နယ်ဝန်ကြီးများ ဖြည့်စွက်ဆွေး​နွေးတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ​ပေါင်းစပ်ညှိနှိုင်း​ဆောင်ရွက်​ပေးခဲ့ကာ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကိစ္စရပ်များ​ဆောင်ရွက်နိုင်ရန် ​ထောက်ပံ့​ငွေများ ​ပေးအပ်ခဲ့သည်။

You may also like