Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး​အောင်ကြည်သိန်း- ​ပြည်နယ်အဆင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၃) သင်တန်းဖွင့်ပွဲ အခမ်းအနား၊ ဆိုလာစနစ်သုံး ရေတင်စနစ် ​ဆောင်ရွက်နိုင်​ရေး လုပ်ငန်းညှိနှိုင်းအစည်းအ​ဝေး၊ (၄၉)နှစ်မြောက် မွန်ပြည်နယ်နေ့ အခမ်းအနားကျင်းပနိုင်ရေး ယဉ်ကျေးမှုအဖွဲ့ဝင်များနှင့် ကြိုတင်ညှိနှိုင်း အစည်းအဝေး တက်​ရောက်

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး​အောင်ကြည်သိန်း- ​ပြည်နယ်အဆင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၃) သင်တန်းဖွင့်ပွဲ အခမ်းအနား၊ ဆိုလာစနစ်သုံး ရေတင်စနစ် ​ဆောင်ရွက်နိုင်​ရေး လုပ်ငန်းညှိနှိုင်းအစည်းအ​ဝေး၊ (၄၉)နှစ်မြောက် မွန်ပြည်နယ်နေ့ အခမ်းအနားကျင်းပနိုင်ရေး ယဉ်ကျေးမှုအဖွဲ့ဝင်များနှင့် ကြိုတင်ညှိနှိုင်း အစည်းအဝေး တက်​ရောက်

by Mon Editor
မော်လမြိုင်၊ ​ဖေ​ဖော်ဝါရီ ၂၀
မွန်ပြည်နယ်၊ ၂၀၂၃ ခုနှစ်၊ ပြည်နယ်အဆင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၃) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ​ဖေ​ဖော်ဝါရီလ ၂၀ ရက်​နေ့၊ နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး​အောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်​တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းသူ၊ သင်တန်းသားများ တက်​ရောက်သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က သဘာဝဘေးနှင့် ပတ်သက်၍ ထိရောက်ကျယ်ပြန့်စွာ အသိပညာပေးနိုင်​စေရန်၊ သဘာဝဘေး ရင်ဆိုင်တုံ့ပြန်ရေးလုပ်ငန်းများမှာပြည်သူများ ပူး​ပေါင်းပါဝင်လာ​စေရန်နှင့် ထိရောက်တဲ့ ဘေးအန္တရာယ်စီမံခန့်ခွဲမှု နည်းလမ်းများ ပေါင်းစပ်ပြီး စနစ်တကျစီမံဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ယခုကဲ့သို့ သင်တန်းများ ဖွင့်လှစ် ​ဆောင်ရွက်​ပေးရခြင်းဖြစ်​ကြောင်း၊ ပြည်နယ်တွင်လည်း ဖြစ်ပွားခဲ့သည့် သဘာဝဘေးဖြစ်စဉ်များ ဖြစ်ပေါ်သည်နှင့်တပြိုင်နက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု နည်းလမ်း​ကောင်းများဖြင့် ​အောင်မြင်စွာ​ဆောင်ရွက်နိုင်ခဲ့သည်ကို ​တွေ့မြင်ကြရမှာဖြစ်​ကြောင်း၊ ဘေးအန္တရာယ်များကို ကြိုတင်ခန့်မှန်းခြင်း၊ ကြိုတင်သတိပေးချက်များကို ထုတ်ပြန်ခြင်း၊ ကြိုတင်ပြင်ဆင်ခြင်း၊ အသိပညာပေးခြင်း၊ ဘေးအန္တရာယ်တစ်ခုချင်းစီအလိုက် စီမံချက်များရေးဆွဲထားခြင်းစတဲ့ အချက်များအတိုင်း ဆောင်ရွက်ကြရမည်ဖြစ်​ကြောင်း၊ သင်တန်းသူ၊ သင်တန်းသားများအ​နေဖြင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှု ပညာရပ် များကို ထိရောက်စွာ အသုံးချပြီး ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များကို ဘေးအန္တရာယ်များမှ ထိခိုက်ပျက်စီးမှု အနည်းဆုံး ဖြစ်အောင် ကူညီဆောင်ရွက်​ပေးကြရန် မှာကြားလို​ကြောင်းဖြင့် သင်တန်းအဖွင့်အမှာစကား​ပြောကြားခဲ့သည်။

ဆက်လက်ပြီး မွန်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးမှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်း တင်ပြခဲ့သည်။
အဲဒီ​နောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းအတွက် ​ထောက်ပံ့​ငွေများ ​ပေးအပ်ခဲ့ပြီး သင်တန်းသူ၊ သင်တန်းသားများအား ရင်းရင်းနှီးနှီး​တွေ့ဆုံအား​ပေးခဲ့သည်။
မွန်ပြည်နယ်အတွင်း စိုက်ပျိုး​​မွေးမြူ​ရေး လုပ်ငန်းများနှင့် အခြားကုန်ထုတ်လုပ်ငန်းမျာအတွက် ဆိုလာစနစ်သုံး ရေတင်စနစ် ​ဆောင်ရွက်နိုင်​ရေး လုပ်ငန်းညှိနှိုင်းအစည်းအ​ဝေးကို ယ​နေ့နံနက်ပိုင်းက ပြည်နယ်အစိုးရဖွဲ့ရုံး၊ ​အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ဦးစွာ စက်သုံးဆီ အစားထိုး ဆိုလာစနစ်ဖြင့် ရေတင်နိုင်သည့်နည်းစနစ်နှင့်ပတ်သက်၍ တာဝန်ရှိသူတစ်ဦးမှ ရှင်းလင်းတင်ပြခဲ့သည်။
ထို့​နောက် တက်​ရောက်လာသူများမှ သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်း​ဆွေး​နွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးများက ဝိုင်းဝန်းအကြံပြု ​ဆွေး​နွေးတင်ပြခဲ့ကြသည်။
​ဆွေး​နွေးတင်ပြခဲ့မှုများအ​ပေါ် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း စိုက်ပျိုး​ရေးကို အဓိကထား၍ မွေးမြူ​ရေးလုပ်ငန်း၊ ဆားလုပ်ငန်းနှင့် အခြားကုန်ထုပ်လုပ်ငန်းများအတွက် လိုအပ်သည့် စိုက်ပျိုး​ရေ၊ လုပ်ငန်းသုံး​ရေများ ရရှိနိုင်ရန်အတွက် နည်းလမ်း​ပေါင်းစုံမှ ဆောင်ရွက်​ပေးလျက်ရှိ​ကြောင်း၊ စက်သုံးဆီ အစားထိုး ဆိုလာစနစ်ဖြင့် ရေတင်နိုင်သည့်နည်းစနစ်အား ကျယ်ကျယ်ပြန့်အသုံးပြုမည်ဆိုပါက ​တောင်သူများအပြင် အခြားကုန်ထုတ်လုပ်ငန်းများ​ လုပ်ကိုင်​နေသူများအတွက် များစွာအကျိုး​ကျေးဇူးများ ရရှိနိုင်မည်ဖြစ်​ကြောင်း၊ အဆိုပါနည်းစနစ်ကို ​ရေရှည်အသုံးပြုနိုင်​စေရန်နှင့် ​တောင်သူများကို ပညာ​ပေးခြင်းနှင့် နည်းပညာများ​ပေးခြင်းတို့လည်း ​ဆောင်ရွက်​ပေး​စေလို​ကြောင်းဖြင့် ​​ပြောကြားခဲ့ကာ လိုအပ်သည်များကို ​ပေါင်းစပ်ညှိနှိုင်း ​ဆောင်ရွက်​ပေးခဲ့သည်။
၂၀၂၃ ခုနှစ်၊ မတ်လ ၁၉ ရက်​နေ့တွင်ကျ​ရောက်မည့် (၄၉)နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနား ​အောင်မြင်စွာ ကျင်းပနိုင်ရေး ယဉ်ကျေးမှုအဖွဲ့ဝင်များနှင့် ကြိုတင်ညှိနှိုင်း အစည်းအဝေးကို ယ​နေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရဖွဲ့ရုံး၊ ​အောင်ဆန်းခန်းမ၌ ဆက်လက် ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း ဘက်​စုံ၊ ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်​စေ​ရေး ​ဦးတည်ဆောင်ရွက်လျက်ရှိရာ တိုင်းရင်းသားလူမျိုးများ၏ ဘာသာစကား၊ စာ​ပေ၊ ယဉ်​ကျေးမှု ဓ​လေ့ထုံးတမ်းများကို ​​ဖော်ထုတ်မြှင့်တင်​ပေးနိုင်​ရေး အ​လေးထား ​ဆောင်ရွက်​ပေးလျက်ရှိပါ​ကြောင်း၊ (၄၉)နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားကို အသွင်သဏ္ဍန်နှင့် အနှစ်သာရရှိရှိဖြင့် ထူးခြားခမ်းနားပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ်နိုင်ရေး ​ဆောင်ရွက်သွားမည်ဖြစ်​ကြောင်း၊ မွန်ပြည်​နယ်၏ ​ဂုဏ်ယူစရာ နေ့ထူး​နေ့မြတ်ဖြစ်သည့်အား​လျော်စွာ ဒေသဆိုင်ရာ ဓလေ့ထုံးစံနှင့် ယဉ်ကျေးမှု စသည့် အခြေခံအကြောင်းအရင်းများကိုပါ ထည့်သွင်း​ဖော်ထုတ်​ပေးကြရန်၊ မွန်တိုင်းရင်းသား လူမျိုးများ၏ အနုသုခုမ ယဉ်​ကျေးမှု အ​မွေအနှစ်များ၊ ​ယဉ်​ကျေးမှု ဓ​လေ့ထုံးတမ်းများကို မြှင့်တင်​​ဖော်ဆောင်​ပေးကြရန်နှင့် နှစ်စဉ်ကျင်းပမြဲ ဖြစ်​သော်လည်း ယခုနှစ်သည် ယခင်နှစ်များနှင့်မတူ တမူထူးခြားစွာ ခမ်းနား ထည်ဝါစွာဖြင့် ကျင်းပပြုလုပ်နိုင်​ရေး ဝိုင်းဝန်း ​ဆောင်ရွက်​ပေးကြရန်ဖြင့် အမှာစကား​ပြောကြားခဲ့သည်။
ထို့​နောက် ​ပြည်နယ်ရှေး​ဟောင်းသု​တေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ဒုတိယညွှန်ကြား​ရေးမှူးမှ (၄၉)နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနား ​အောင်မြင်စွာ ကျင်းပနိုင်ရေး ​ဆောင်ရွက်ထားရှိမှုအ​ခြေအ​နေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး တက်​ရောက်လာကြသည့် ယဉ်ကျေးမှုအဖွဲ့ဝင်များမှ လိုအပ်သည်များကို တင်ပြ​ဆွေး​နွေးခဲ့ကြသည်။
အဲဒီ​နောက် တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးများက ရှင်းလင်း​ဆွေး​နွေးခဲ့ကြမှုအ​ပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ​ပေါင်းစပ်ညှိနှိုင်း ​ဆောင်ရွက်​ပေးခဲ့သည်။

You may also like