Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး​အောင်ကြည်သိန်း- ​မော်လမြိုင်တက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အနုပညာအသင်းမှ ကျင်းပပြုလုပ်သော လှယဉ်ကျေးမယ်နှင့် တိုင်းရင်းသားရိုးရာဝတ်စားဆင်ယင်မှုနှင့် ဖက်ရှင်ပြိုင်ပွဲ အခမ်းအနား၊ ၂၀၂၃ ခုနှစ်၊ (၄၉)နှစ်မြောက် မွန်ပြည်နယ်နေ့အခမ်းအနား အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်​ရောက်

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး​အောင်ကြည်သိန်း- ​မော်လမြိုင်တက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အနုပညာအသင်းမှ ကျင်းပပြုလုပ်သော လှယဉ်ကျေးမယ်နှင့် တိုင်းရင်းသားရိုးရာဝတ်စားဆင်ယင်မှုနှင့် ဖက်ရှင်ပြိုင်ပွဲ အခမ်းအနား၊ ၂၀၂၃ ခုနှစ်၊ (၄၉)နှစ်မြောက် မွန်ပြည်နယ်နေ့အခမ်းအနား အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်​ရောက်

by Mon Editor
မော်လမြိုင်၊ ​ဖေ​ဖော်ဝါရီ ၂၁
မော်လမြိုင်ကက္ကသိုလ် ၂၀၂-၂၀၂၃ ပညာသင်နှစ်၊ အနုပညာအသင်းမှ ကြီးမှူး ကျင်းပသော လှယဉ်ကျေးမယ်နှင့် တိုင်းရင်းသားရိုးရာဝတ်စားဆင်ယင်မှုနှင့် ဖက်ရှင်ပြိုင်ပွဲ အခမ်းအနားကို ​ဖေ​ဖော်ဝါရီလ ၂၁ ရက်​နေ့၊ နံနက်ပိုင်းက မော်လမြိုင်ကက္ကသိုလ်၊ ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့်ဇနီး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်မြတ်သက်ဦးနှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ၊ ဆရာမများ၊ ​ကျောင်းသား၊ ​ကျောင်းသူများ၊တိုင်းရင်းသားစာ​ပေနှင့် ယဉ်​ကျေးမှုဆပ်​ကော်မတီဝင်များ၊ အနုပညာအသင်းများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
ဦးစွာ  ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်ပြည်နယ်ဝန်ကြီးများက ပြိုင်ပွဲကို ဖဲကြိုးဖြတ် ဖွင့်လှစ်​ပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အဆင့်မြင့်ပညာသင်ယူနေကြတဲ့ တက္ကသိုလ်ကျောင်းသူများ ဟာ ပညာရေး မှာထူးချွန်ရုံသာမကပဲ၊ အနုပညာဖက်မှာလည်း ထူးချွန်တဲ့ နိုင်ငံ့ဂုဏ်ဆောင်တက္ကသိုလ်အလှမယ်များပေါ်ထွန်းလာစေရန်၊တိုင်းရင်းသား လူမျိုးတွေရဲ့ဝတ်စားဆင်ယင်မှုနဲ့ ခေတ်အဆက်ဆက်ဝတ်စားဆင်ယင်မှု တွေကို ပြန်လည်ဖော်ထုတ်ရန် ရည်ရွယ်၍ ယခု့ကဲ့သို့ ပြိုင်ပွဲများ ကျင်းပ​ဆောင်ရွက်ရခြင်း ဖြစ်ပါ​ကြောင်း၊ ပညာရေးဘက်မှာလည်း ထူးချွန်အောင်ကြိုးပမ်းဆောင်ရွက်ကြရန်၊ ​ကျောင်းသား ​မောင်​၊ မယ်​လေးများအ​နေဖြင့် အနုပညာနဲ့စာပေဖက်မှာသာမကပဲ ဘက်စုံထူးချွန်တဲ့ အနာဂတ်သားကောင်း ရတနာ၊ သမီး​ကောင်း ရတနာ​လေးများဖြစ်​စေရန် စွမ်း​ဆောင်​ပေးကြရန် တိုက်တွန်းလို​ကြောင်း၊ မြန်မာ့ယဉ်ကျေးမှု အစဉ်အလာများ ထိန်းသိမ်းစောင့်ရှောက်ရန်၊ ခေတ်နှင့်လျော်ညီပြီး ဖက်ရှင်ကျတဲ့ ဝတ်စား ဆင်ယင်မှုကို ဝတ်ဆင်တတ်ဖို့နဲ့ အနုပညာအရည်အသွေး တိုးတက်ဖို့  ကြိုးပမ်းယှဉ်ပြိုင်ကြစေလို​ကြောင်းဖြင့် အမှာစကား​ပြောကြားခဲ့သည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့မှ ပြိုင်ပွဲအတွက် ဂုဏ်ပြု​ထောက်ပံ့​ငွေများ ​ထောက်ပံ့​ပေးအပ်ခဲ့သည်။
ထို့​နောက် မော်လမြိုင်တက္ကသိုလ်၊ ပါမောက္ခချုပ် ဒေါက်တာအောင်မြတ်ကျော်စိန်မှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး လှယဉ်ကျေးမယ်ပြိုင်ပွဲဝင်ကျောင်းသူ ​ပြိုင်ပွဲဝင်​ရောက်ယှဉ်ပြိုင်မှုများအား လည်း​ကောင်း၊ တိုင်းရင်းသားရိုးရာဝတ်စားဆင်ယင်မှုနှင့် ဖက်ရှင် ပြိုင်ပွဲဝင်​ရောက်ယှဉ်ပြိုင်မှုများအား လည်း​ကောင်း ကြည့်ရှုအား​ပေးခဲ့ကြသည်။
အဲဒီ​နောက် ပြည်နယ်ဝန်ကြီးချုပ်က ​ကျောင်းသား၊ ​ကျောင်းသူ​လေးများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။
၂၀၂၃ ခုနှစ်၊ (၄၉)နှစ်မြောက် မွန်ပြည်နယ်နေ့အခမ်းအနား အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယ​နေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ​အောင်ဆန်းခန်းမ၌ ဆက်လက် ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၃ ခုနှစ်၊ မတ်လ ၁၉ ရက်​​နေ့တွင် ကျ​ရောက်မည့် (၄၉)နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ်နိုင်ရေး ​ဆောင်ရွက်သွားမည်ဖြစ်​ရာ အခမ်းအနားကို ​အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်​ရေး ကော်မတီအသီးသီးကိုလည်း ဖွဲ့စည်းတာဝန်ပေးအပ် ထားပြီးဖြစ်​ကြောင်း၊ ​အထိမ်းအမှတ် အခမ်းအနားအပြင်၊ မွန်တိုင်းရင်းသား လူမျိုးတို့၏ ရိုးရာအကအလှများ၊ တိုင်းရင်းသားများ၏ ရိုးရာအကအလှများ ဂုဏ်ပြုဖျော်ဖြေရေးအစီအစဉ်များကိုပါ ထည့်သွင်း ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် ကဏ္ဍအလိုက် ကြိုတင် စီစဉ်​ဆောင်ရွက်ထားရှိမည်ဖြစ်​ကြောင်း၊ ဌာန ဆိုင်ရာ ပြခန်းများနှင့် အသေးစား / အငယ်စား/အလတ်စား ထုတ်ကုန် အရောင်းပြခန်းထည့်သွင်းပြသသွားမည်ဖြစ်သည့်အတွက် ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးမှ ထုတ်ကုန်များအပြင် ဒေသတစ်ခု ထုတ်ကုန်တစ်ခု အစီအစဉ်ဖြင့် ပါဝင်ပြသနိုင်​ရေး ​ဆောင်ရွက်​ပေးရန်နှင့် အခမ်းအနားကို ​အောင်မြင်စွာကျင်းပနိုင်​ရေးအတွက် ဝိုင်းဝန်းအကြံပြု ​​ဆွေး​နွေး​ပေးကြရန်ဖြင့် အမှာစကား​ပြောကြားခဲ့သည်။
ထို့​နောက် အခမ်းအနားကျင်းပ​ရေး လုပ်ငန်းကော်မတီဝင်များက ၄၉)နှစ်မြောက် မွန်ပြည်နယ်နေ့အခမ်းအနား အောင်မြင်စွာ ကျင်းပ နိုင်ရေး ​ဆောင်ရွက်ထားရှိမှုအ​ခြေအ​နေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြသည်။
ဆက်လက်ပြီး တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးများက ဝိုင်းဝန်းအကြံပြု ​ဆွေး​နွေးတင်ပြခဲ့ကြသည်။
အဲဒီ​နောက် ​ပြည်နယ်ဝန်ကြီးချုပ်က ဆွေး​နွေးတင်ပြမှုများအ​ပေါ်  လိုအပ်သည်များကို ​ပေါင်းစပ်ညှိနှိုင်း​ဆောင်ရွက်​ပေးခဲ့ကာ နိဂုံးချုပ် အမှာစကား ​ပြောကြားခဲ့သည်။




You may also like