
မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးမှာ သန့်ရှင်း၍ စိမ်းလန်းစိုပြေသာယာလှပပြီး အများပြည်သူများ စိတ်အေးချမ်းမြေ့မှုများ ရရှိစေရေးအတွက် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးကို အပတ်စဉ်ပုံမှန် ဆောင်ရွက်လျက်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် မတ်လ ၄ ရက်နေ့၊ နံနက်ပိုင်းက မော်လမြိုင်မြို့၊ တောင်ရိုးတန်းလမ်းတစ်လျှောက် အများပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင်သွားလာနိုင်စေရေး အလို့ငှာ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများက ခြုံနွယ်များ၊ မြက်များနှင့် အမှိုက်များရှင်းလင်းခြင်းဖြင့် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးဆောင်ရွက်မှုတို့ကို ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တောင်ရိုးတန်းလမ်းတစ်လျှောက် သန့်ရှင်းသာယာ လှပစေရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ထားရှိအခြေအနေအား လှည့်လည် ကြည့်ရှုခဲ့ကြသည်
အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ အမှိုက်များ စနစ်တကျစွန့်ပစ်ကြစေရန်၊ မြို့နယ်များအတွင်း ပတ်ဝန်းကျင် စိမ်းလန်းစိုပြေမှု ရှိစေရန်နှင့် မြို့၊ ရွာ ရှင်းသာယာလှပစေရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် လမ်းညွှန်မှာကြားခဲ့သည်။
ဗုဒ္ဓဘာသာကလျာဏယု၀ အသင်း (YMBA)ဗဟိုမှ ကြီးမှူးကျင်းပသော
(၃၈) ဖြာမင်္ဂလာတရားတော်ယဉ်းကျေးလိမ္မာ စာမေးပွဲ ဂုဏ်ထူးရ ရင်သွေးငယ်များ ဂုဏ်ပြုခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက မော်လမြိုင်မြို့၊ သာသနာဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ရာ ဦးစွာ အခမ်းအနားကိုနမောတဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ခဲ့ပြီး မော်လမြိုင်မြို့၊ ဒေါ်လန်းကျောင်းတိုက်၏ ဦးစီးပဓါန မြို့နယ်သံဃနာယက ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တဉာဏုတ္တရထံ ငါးပါး သီလခံယူဆောက်တည်ခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာကိစ္စရပ်များ လျှောက်ထားခဲ့သည်။
ဆက်လက်ပြီး သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်ချီးမြှင့်တော်မူသော ပရိတ် တရားတော်များ နာယူကြည်ညိုခဲ့ကြသည်။
အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် မွန်ပြည်နယ် ဗုဒ္ဓဘာသာကလျာဏယု၀ အသင်း (YMBA) နာယကတို့က ဆရာတော်ကြီး နှစ်ပါးအား ဂုဏ်ပြုလက်မှတ်ဆက်ကပ် ပူဇော်ခဲ့ကြကာ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက (၃၈) ဖြာမင်္ဂလာတရားတော်ယဉ်ကျေးလိမ္မာ စာမေးပွဲတွင် အလတ်တန်းအထူးဆု၊ အငယ်တန်းပထမဆု၊ ဒုတိယဆုရရှိကြသည့် အထူးအောင် မင်္ဂလာမောင်မယ်လေးများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဲဒီနောက် အနုမောဒနာ တရားနာယူ ကြည်ညို၍ လှူဒါန်းမှုအစုစု တို့အတွက် ရေစက်သွန်းချ အမျှ ပေးဝေခဲ့ကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတုသုံးကြိမ်ရွတ်ဆို၍ ရုတ်သိမ်းခဲ့ကြကာ မင်္ဂလာ မောင်မယ်လေးများအားအဟာရဒါန လက်ဆောင်များ ပေးအပ်ခဲ့ကြသည်။