Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း- ချောင်းဆုံမြို့နယ် ဒရယ်ကျေးရွာမှ တောင်စွန်းကျေးရွာသို့ဆက်သွယ်မည့် ကလွဲရွာရှောင်လမ်း ၈၂၈၂ ပေ မြေသားလမ်းနှင့် ကျောက်ရောမြေ/ဂဝံခင်းခြင်း ဆောင်ရွက်မည့်လုပ်ငန်း ကြည့်ရှုစစ်​ဆေး၊ ၂၀၂၃ ခုနှစ်၊ (၄၉)နှစ်မြောက် မွန်ပြည်နယ်နေ့အခမ်းအနား အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်​ရောက်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း- ချောင်းဆုံမြို့နယ် ဒရယ်ကျေးရွာမှ တောင်စွန်းကျေးရွာသို့ဆက်သွယ်မည့် ကလွဲရွာရှောင်လမ်း ၈၂၈၂ ပေ မြေသားလမ်းနှင့် ကျောက်ရောမြေ/ဂဝံခင်းခြင်း ဆောင်ရွက်မည့်လုပ်ငန်း ကြည့်ရှုစစ်​ဆေး၊ ၂၀၂၃ ခုနှစ်၊ (၄၉)နှစ်မြောက် မွန်ပြည်နယ်နေ့အခမ်းအနား အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်​ရောက်

by Mon Editor
မော်လမြိုင်၊ မတ် ၉
မွန်ပြည်နယ်အတွင်း ကျေးလက်​နေပြည်သူများ၏ လူ​နေမှုအ​ဆင့်အတန်း မြင့်မားလာ​စေ​ရေးနှင့် မြို့ပြနှင့် ​ကျေးလက်ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်လာ​စေ​ရေးတို့အတွက် ဦးစား​ပေးကဏ္ဍအ​နေဖြင့် ​ဆောင်ရွက်​ပေးလျက်ရှိရာ မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦးနှင့် တာဝန်ရှိသူများသည် ​မတ်လ ၉ ရက်​နေ့၊ နံနက်ပိုင်းက ချောင်းဆုံမြို့နယ် ဒရယ်ကျေးရွာမှ တောင်စွန်းကျေးရွာသို့ဆက်သွယ်မည့် ကလွဲရွာရှောင်လမ်း ၈၂၈၂ ပေ မြေသားလမ်းနှင့် ကျောက်ရောမြေ/ဂဝံခင်းခြင်းလုပ်ငန်း ဆောင်ရွက်မည့်နေရာသို့ ရောက်ရှိကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဆက်လက်ပြီး မွန်ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးဉာဏ်မျိုးက လမ်းဖောက်လုပ်သွားမည့်အခြေအနေအား ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က တာဝန်ရှိသူများနှင့် ပေါင်းစပ်လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါလမ်းသည် ချောင်းဆုံမြို့နယ် ဒရယ်ကျေးရွာမှ တောင်စွန်းကျေးရွာသို့သွားလာရာတွင် ကလွီကျေးရွာသို့ ဖြတ်သန်းသွားရသည့်လမ်းမှာ ၃ မိုင်ခန့်ရှည်လျားပြီး အကွေ့အကောက်များခြင်း၊ လမ်း ကျဉ်းမြောင်းခြင်း၊ သွားလာမှုခက်ခဲပြီး ယာဉ်မတော်တဆမှုများ မကြာခဏဖြစ်ပွားခြင်းတို့ ကြောင့် ကလွဲရွာရှောင်လမ်းကို နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာဝန်ယူ ဖောက်လုပ်သွားမည်ဖြစ်ပြီး လမ်း ဖောက်လုပ်ပြီးစီးပါက ဒရယ်၊ ကလွီ၊ မုနိုင်း၊ တောင်စွန်းကျေးရွာများမှ ဒေသခံပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်းစွာဖြင့် အချိန်တိုအတွင်း သွားလာနိုင်မည်ဖြစ်​ကြောင်း သိရှိရသည်။
အဲဒီကမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် ​ချောင်းဆုံမြို့နယ်၊ ဒရယ်ကျေးရွာ၊ မင်္ဂလာသုခ ​ကျောင်းတိုက်သို့ ​ရောက်ရှိခဲ့ကြပြီး ​ကျောက်တိုက်​တော်ကြီး၏ ဦးစီးပဓါန နာယက ဆရာ​တော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တ နန္ဒိယ ဖူး​မျှော်ကြည်ညို၍ သာသနာ​ရေးရာများ ​လျှောက်ထားခဲ့ကြကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
၂၀၂၃ ခုနှစ်၊ (၄၉)နှစ်မြောက် မွန်ပြည်နယ်နေ့အခမ်းအနား အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယ​နေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ​အောင်ဆန်းခန်းမ၌ ဆက်လက် ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ်နိုင်ရေး ​ဆောင်ရွက်သွားမည်ဖြစ်​ရာ အခမ်းအနားကို ​အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်​ရေး ကော်မတီအသီးသီးကိုလည်း ဖွဲ့စည်းတာဝန်ပေးအပ် ထားပြီးဖြစ်​ကြောင်း၊ ​အထိမ်းအမှတ် အခမ်းအနားအပြင်၊ မွန်တိုင်းရင်းသား လူမျိုးတို့၏ ရိုးရာအကအလှများ၊ တိုင်းရင်းသားများ၏ ရိုးရာအကအလှများ ဂုဏ်ပြုဖျော်ဖြေရေးအစီအစဉ်များကိုပါ ထည့်သွင်း ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် ကဏ္ဍအလိုက် ကြိုတင် စီစဉ်​ဆောင်ရွက်ထားရှိမည်ဖြစ်​ကြောင်း၊ ဌာန ဆိုင်ရာ ပြခန်းများနှင့် အသေးစား / အငယ်စား/အလတ်စား ထုတ်ကုန် အရောင်းပြခန်းထည့်သွင်းပြသသွားမည်ဖြစ်သည့်အတွက် ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးမှ ထုတ်ကုန်များအပြင် ဒေသတစ်ခု ထုတ်ကုန်တစ်ခု အစီအစဉ်ဖြင့် ပါဝင်ပြသနိုင်​ရေး ​ဆောင်ရွက်​ပေးရန်နှင့် အခမ်းအနားကို ​အောင်မြင်စွာကျင်းပနိုင်​ရေးအတွက် ဝိုင်းဝန်းအကြံပြု ​​ဆွေး​နွေး​ပေးကြရန်ဖြင့် အမှာစကား​ပြောကြားခဲ့သည်။
ထို့​နောက် အခမ်းအနားကျင်းပ​ရေး လုပ်ငန်းကော်မတီဝင်များက ၄၉)နှစ်မြောက် မွန်ပြည်နယ်နေ့အခမ်းအနား အောင်မြင်စွာ ကျင်းပ နိုင်ရေး ​ဆောင်ရွက်ထားရှိမှုအ​ခြေအ​နေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြသည်။
ဆက်လက်ပြီး တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးများက ဝိုင်းဝန်းအကြံပြု ​ဆွေး​နွေးတင်ပြခဲ့ကြသည်။
အဲဒီ​နောက် ​ပြည်နယ်ဝန်ကြီးချုပ်က ဆွေး​နွေးတင်ပြမှုများအ​ပေါ်  လိုအပ်သည်များကို ​ပေါင်းစပ်ညှိနှိုင်း​ဆောင်ရွက်​ပေးခဲ့ကာ နိဂုံးချုပ် အမှာစကား ​ပြောကြားခဲ့သည်။

You may also like