
မွန်ပြည်နယ်အတွင်း လူမှုရေး၊ စီးပွားရေး၊ ပညာရေးနှင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရေးလုပ်ငန်းများကို အစဉ်တစိုက် အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိရာ စွန့်ပစ်အမှိုက်များကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုမရှိစေရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိအမြင်များပြန့်ပွားစေရေး ရည်ရွယ်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာလူထုလှုပ်ရှားမှု အစီအစဉ်ကို မတ်လ ၁၀ ရက််နေ့၊ နံနက်ပိုင်းက မော်လမြိုင်မြို့၊ တောင်ရိုးတန်းလမ်း၊ ရှုခင်းသာ အများပြည်သူများ နားနေရာ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ၊ တက်ရောက်သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က လူဦးရေထူထပ် များပြား လာသည်နှင့်အမျှ အများပြည်သူလည်ပတ်ရာ နေရာများတွင် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ် ခြင်း၊ အမှိုက်စနစ်တကျခွဲခြားစွန့်ပစ်မှု အသိပညာများ အားနည်းခြင်းတို့ကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုပြဿနာရပ်များ ဖြစ်ပေါ်လျက်ရှိပြီး ထာဝစဉ် စိမ်းလန်းသန့်ရှင်းပြီး ကောင်းမွန်မျှတသော ပတ်ဝန်းကျင်ကို ဖော်ဆောင်သွားမည်ဖြစ်ကြောင်း၊ ပတ်ဝန်းကျင်ညစ်ညမ်းစေမှုသည် တစ်ခုအပါအဝင်ဖြစ်သည့်အတွက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာလူထုလှုပ်ရှားမှုအနေဖြင့် ဌာနဆိုင်ရာများနှင့် ပြည်သူလူထု ပူးပေါင်း၍ ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ စုပေါင်းအမှိုက်ကောက်သည့် အသုံးအကျင့်များအား အသိပညာပေါ် ဟောပြောခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များ ခြင်း၊ အမှိုက်စနစ်တကျစွန့်ပစ်ရေး တေးသရုပ်ဖော် တင်ဆက်ခြင်းနှင့် တစ်ဦးတစ်ယောက်ချင်းစီမှ လက်တွေ့ စုပေါင်းအမှိုက်ကောက် စေခြင်းစသည့် အစီအစဉ်များဖြင့် စဉ်ဆက်မပြတ် အသိပညာပေးဆောင်ရွက်ကြရန် လိုကြောင်း၊ စုပေါင်းအမှိုက်ကောက်စေခြင်းနှင့် အမှိုက်များအား စနစ်တကျခွဲခြားစွန့်ပစ်စေခြင်းတို့အား လက်တွေ့ဆောင်ရွက်သွားမည် ဖြစ်ကြောင်းဖြင့် အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် မွန်ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဝန်ထမ်းလေးများက စွန့်ပစ်အမှိုက်များအား စနစ်တကျစွန့်ပစ်ရေး အမှိုက်ကောက်တေး သရုပ်ဖော်တင်ဆက်ခြင်းအပေါ် ကြည့်ရှုအားပေးခဲ့ကြသည်။
အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ အများပြည်သူများက ပြည်သူတစ်ဦးတစ်ယောက် ချင်းအမှိုက်များကို စနစ်တကျစွန့်နိုင်ကြစေရေးအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာလူထုလှုပ်ရှားမှု အစီအစဉ် ပါဝင်ဆောင်ရွက်ခြင်းဖြင့် ပါဝင်ဆောင်ရွက်ခဲ့ကြပါသည်။
မွန်ပြည်နယ်အတွင်း အခြေခံပညာအဆင့်ဖြစ်သည့် တက္ကသိုလ်ဝင်စာမေးပွဲ
ကို စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ အမှတ် (၁) အခြေပညာအထက်ကျောင်းသို့ရောက်ရှိခဲ့ကြပြီး တက္ကသိုလ်ဝင်စာမေးပွဲအား ကျောင်းသူ၊ ကျောင်းသားလေးများ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနေကြမှုအပေါ် ကြည့်ရှုအားပေးခဲ့ကြသည်။
အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်က စာမေးပွဲကြီးကြပ်ရေးမှူး၊ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ကျောင်းသူ၊ ကျောင်းသားလေးများ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကြရန်၊ စာမေးပွဲကို အောင်မြင်စွာ ဖြေဆိုနိုင်ရေးအတွက် ဝိုင်းဝန်း ပံ့ပိုးကူညီ ဆောင်ရွက်ပေးကြရန်ဖြင့် မှာကြားခဲ့သည်။
မွန်ပြည်နယ်အနေဖြင့်၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန (၂၃) ခုရှိပြီး ဝင်ရောက် ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၅၇၆၈) ဦး (ဖြေဆိုသူ ၉၂ ဒဿမ ၇၃ ရာခိုင်နှုန်း) ရှိကြောင်းနှင့် တက္ကသိုလ်ဝင်စာမေးပွဲအား ကျောင်းသူ၊ ကျောင်းသားလေးများ စိတ်အေးချမ်းသာစွာနှင့် ဘေးကင်းလုံခြုံစွာ စာမေးပွဲဖြေဆိုနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း သိရှိရပါသည်။