Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း-၂၀၂၃ ခုနှစ်၊ (၄၉)နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ်အကြို ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်​ရောက်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း-၂၀၂၃ ခုနှစ်၊ (၄၉)နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ်အကြို ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်​ရောက်

by Mon Editor

မော်လမြိုင်၊ မတ် ၁၁
မွန်ပြည်နယ်တွင် အများပြည်သူများ အသက်အရွယ်မ​ရွေး ကိုယ်လက်လှုပ်ရှား အားကစား ​ဆောင်ရွက်နိုင်​​ရန် အားကစားနည်းအလိုက်ပြိုင်ပွဲများ ကျင်းပပြုခြင်းများ ​​ဆောင်ရွက်လျက်ရှိရာ ထူးချွန်​သော​ဂေါက်သီးရိုက်
အားကစားသမားများ​ ပေါ်ထွက်လာ​စေရေးရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ (၄၉)နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ်အကြို ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မတ်လ ၁၁ ရက်​နေ့၊ နံနက်ပိုင်းက  ​မော်လမြိုင်မြို့၊ ငန်း​တေး​ဂေါက်ကွင်း၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး​​အောင်ကြည်သိန်း၊ အ​ရှေ့​တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် ဂေါက်သီးရိုက် အားကစားသမားများ၊ ဖိတ်ကြားထားသည့် ဂေါက်သီးရိုက် အားကစားဝါသနာရှင်များ တက်​ရောက်သည်။
ဦးစွာ ပြည်ည်နယ် ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်ဝန်ကြီးတို့မှ ၂၀၂၃ ခုနှစ်၊ (၄၉)နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ်အကြို ဂေါက်သီးရိုက်ပြိုင်ပွဲကို မီးခိုး​ဘော်လုံးရိုက်၍ စတင်ဖွင့်လှစ်​ပေးခဲ့သည်။
အဲဒီ​နောက် ပြည်နယ်ဝန်ကြီးချုပ်က ပြိုင်ပွဲအတွက် အဖွင့်အမှာစကား ​ပြောကြားရာတွင် မွန်ပြည်နယ်အနေဖြင့် ပြည်နယ်ရဲ့ အားကစားအဆင့် အတန်းတိုးတက်မြင့်မားရေးအတွက် ကဏ္ဍပေါင်းစုံကနေ ပံ့ပိုး​ဆောင်ရွက်​ပေးလျက်ရှိပါ​ကြောင်း၊ ဂေါက်သီး ရိုက်အားကစားဟာ ကမ္ဘာပေါ်မှာထင်ရှားတဲ့ အားကစားနည်း တစ်ခုဖြစ်သလို ပျော်ရွှင်မှုများ ရရှိနိုင်စေခြင်း ၊ သက်တူရွယ်တူ အချင်းချင်း အားပေးဖော်များ ကောင်းမွန်စေခြင်း၊ အသင်းအဖွဲ့နှင့်နေတတ်ခြင်း၊ ကောင်းသောယှဉ်ပြိုင် လိုစိတ် အလေ့အထကို ရရှိစေခြင်းစသော အကျိုးကျေးဇူးများကို ရရှိစေမှာဖြစ်​ကြောင်း၊ ထို့အပြင် ကျန်းမာကြံ့ခိုင်မှု၊ စည်းကမ်းရှိမှု၊ ကိုယ်ကျင့်သိက္ခာ ထိန်းသိမ်းမှု၊ နည်းစနစ် ကျွမ်းကျင်မှုကိုပါ လေ့ကျင့်ပျိုးထောင်ပေးတဲ့ အားကစားနည်းတစ်ခုဖြစ်သည်နှင့်အညီ ဂေါက်သီးရိုက်အားကစားကဏ္ဍ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် ​ဆောင်ရွက်​ပေးကြရန်လို​ကြောင်း၊ ပြိုင်ပွဲ အောင်မြင်စွာကျင်းပ နိုင်ရေးအတွက် အဖက်ဖက်မှ လိုအပ်သည်များကို ဝိုင်းဝန်းကူညီဆောင်ရွက် ပေးခဲ့ကြတဲ့သူများကိုလည်း​ ကျေးဇူးတင်ရှိ​ပါကြောင်းဖြင့် အမှာစကား​ပြောကြားခဲ့သည်။
ယင်း​နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ပြိုင်ပွဲဝင် ဂေါက်သီးရိုက် အားကစားများ ဝင်​ရောက် ယှဉ်ပြိုင်​နေမှုအ​ပေါ် ကြည့်ရှုအား​ပေးခဲ့သည်။
၂၀၂၃ ခုနှစ် (၄၉)နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲကို ယ​နေ့နံံနက်ပိုင်းက မော်လမြိုင််မြို့၊ ငန်း​တေးဂေါက်ကွင်း၌ စတင်ကျင်းပပြုလုပ်ခဲ့ပြီး မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ဖိတ်ကြားထားသည့် ပြိုင်ပွဲအသင်းများမှ ​ဂေါက်သီးရိုက် အားကစားသမား (၂၂၀)ဦးခန့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရှိရသည်။

You may also like