Home နောက်ဆုံးရသတင်းများ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေး ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး   ချောင်းဆုံ-မုရစ်ကလေး-ကမာကေးလမ်းပေါ်ရှိ ပေ ၈၀ အရှည် သံကူကွန်ကရစ်တံတား ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေး ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး   ချောင်းဆုံ-မုရစ်ကလေး-ကမာကေးလမ်းပေါ်ရှိ ပေ ၈၀ အရှည် သံကူကွန်ကရစ်တံတား ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

by Mon Editor
မော်လမြိုင် မတ် ၁၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေး ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် နှင့် Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ဒေါက်တာစိုးဝင်း တို့သည့်  ယနေ့ နံနက်ပိုင်းတွင် တပ်မတော် လေယာဉ်ဖြင့် မော်လမြိုင်လေဆိပ်သို့ ရောက်ရှိ ကြရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး  ဗိုလ်ချုပ် မြတ်သက်ဦး၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊  မွန်ပြည်နယ် အတွင်းရှိ ဒေသခံ တိုင်းရင်းသားများနှင့် တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု အဖွဲ့များက နွေးထွေးစွာ ကြိုဆို ကြသည်။
ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် အဖွဲ့သည် (၄၉) နှစ်မြောက် မွန်ပြည်နယ် နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ဖွင့်လှစ်မည့် ချောင်းဆုံ-မုရစ်ကလေး-ကမာကေး လမ်းပေါ်ရှိ ပေ ၈၀ အရှည် သံကူကွန်ကရစ်တံတား ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ယခု ဖွင့်လှစ် သည့် တံတားသည် မွန်ပြည်နယ်၏ အဓိက လမ်းကြောင်းဖြစ်သည့်  ချောင်းဆုံ-မုရစ် ကလေး-ကမာကေးလမ်း၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ရေထွက်ပစ္စည်းများနှင့် လယ်ယာ ထွက်ကုန်များ သယ်ယူပို့ဆောင်ခြင်းအတွက် အဓိက အားထားရသည့် တံတား ဖြစ်ကြောင်း၊  တံတားအသစ် တည်ဆောက်ပြီးစီးခြင်းကြောင့် လမ်းပန်းဆက်သွယ်မှု အဆင်ပြေချောမွေ့ပြီး ဒေသခံပြည်သူများ  အဆင်ပြေချောမွေ့စွာ ကူးသန်းရောင်းဝယ်နိုင်ရေးအတွက်  ရည်ရွယ် ဖွင့်လှစ်ခြင်း ဖြစ်ကြောင်းပြောကြားသည်။
ထို့နောက် ဒေသခံ ပြည်သူတစ်ဦးက တံတားအသစ် ဖွင့်လှစ်ပေးခြင်းနှင့် ပတ်သက်၍ ကျေးဇူးတင်စကားပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေး ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် နှင့်  Jeng Phang နော်တောင်၊  မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး မှတ်တမ်း တင် ဓာတ်ပုံ ရိုက်ကူးကြသည်။
ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် အဖွဲ့သည် ချောင်းဆုံမြို့နယ်အတွင်း ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများကို လှည့်လည် ကြည့်ရှုကြသည်။ 
ဆက်လက်၍ မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ် ကြီး မြထွန်းဦးနှင့် အဖွဲ့သည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူး ရုံး၌ ကျင်းပပြုလုပ်သည့် မွန်တိုင်းရင်းသား စာပေ ပြဌာန်းစာအုပ်ပေးအပ် ပွဲနှင့် သက်မွေး ပညာသင်တန်း ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။
ဦးစွာ  တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နှုတ်ခွန်းဆက် အမှာစကားပြောကြာ သည်။
ထို့နောက် မွန်ပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသား ရေးရာဝန်ကြီး ဦးခင်မောင်ဦးက မွန်တိုင်းရင်းသား စာပေပြဌာန်းခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး က မွန်စာပေ ပြဌာန်းစာအုပ်  Grade-1 ဘာသာရပ်စာအုပ် ၁၅၀၇၇ အုပ်ကို လည်းကောင်း၊ မွန်ပြည်နယ်ဝန်ကြီး ချုပ်က Grade-2 ဘာသာရပ်စာအုပ် ၁၀၀၂၇ အုပ် ကိုလည်းကောင်း၊ တိုင်းရင်းသားရေးရာဝန်ကြီးက Grade-3 ဘာသာရပ်စာအုပ် ၆၈၆၅ အုပ်ကို မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ တာဝန်ရှိ သူများထံ ပေးအပ်သည်။
ထို့နောက် မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင် စကားပြောကြားပြီး စာပေနှင့် ယဉ်ကျေးမှု ဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ၊ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှု ကော်မတီနှင့် ဗမာစာပေနှင့် ယဉ်ကျေးမှု ကော်မတီမှ တာဝန်ရှိသူများက စာပေနှင့် ယဉ်ကျေးမှု ဆိုင်ရာ ကိစ္စများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဦးရန်ကျော် က   တက်ရောက် လာကြသည့် စာပေနှင့် ယဉ်ကျေးမှု ကော်မတီများအား ထောက်ပံ့ ငွေများကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် က တိုင်းရင်းသား အခွင့်အရေး များ ကာကွယ်စောင့်ရှောက်သည့် နည်းဥပဒေစာအုပ်များကို ပေးအပ်ခဲ့သည်။
ယင်းနောက် မွန်တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အဖွဲ့မှ ဟင်္သာအက ဖြင့် ကပြ ဖျော်ဖြေ တင်ဆက်မှုကို ကြည့်ရှုအားပေးသည်။ 

You may also like