Home နောက်ဆုံးရသတင်းများ (၄၉) နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ် ဌာနဆိုင်ရာ ပြခန်းများ၊ ဒေသထွက်ကုန်နှင့် ရိုးရာအစားအစာ အရောင်းပြခန်းများနှင့် ရိုးရာအစားအစာ အရောင်းပြခန်းများ ဖွင့်လှစ်

(၄၉) နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ် ဌာနဆိုင်ရာ ပြခန်းများ၊ ဒေသထွက်ကုန်နှင့် ရိုးရာအစားအစာ အရောင်းပြခန်းများနှင့် ရိုးရာအစားအစာ အရောင်းပြခန်းများ ဖွင့်လှစ်

by Mon Editor
မော်လမြိုင် မတ် ၁၈

၂၀၂၃ ခုနှစ် မတ် ၁၉ ရက်တွင် ကျရောက်မည့် (၄၉) နှစ်မြောက် မွန်ပြည်နယ်နေ့ကို ကြိုဆို ဂုဏ်ပြုသည့်အနေဖြင့် ဌာနဆိုင်ရာ ပြခန်းများ၊ ဒေသထွက်ကုန်နှင့် ရိုးရာအစားအစာ အရောင်းပြခန်းများ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့၊ ကမ်းနား လမ်း၊ ဆိပ်ကမ်းသာ အားကစားကွင်း၌ ကျင်းပသည်။

ဖွင့်ပွဲအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး  ဗိုလ်ချုပ်မြတ်သက်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ တိုင်းရင်းသား ရိုးရာ ယဉ်ကျေးမှုအဖွဲ့များ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြ သည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်အစိုးရအနေဖြင့် ပြည်တွင်းစီးပွားရေး၊ ပြည်တွင်းကုန်ထုတ်လုပ်မှုနှင့်  ပြည်တွင်းရင်းနှီးမြှုပ်နှံမှုကို အားပေးလျက်ရှိရာ သက်ဆိုင် သူများအနေဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ အောင်မြင်ရေးကို ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း။ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ကောင်းမွန်စွာ လည်ပတ်နိုင်ရေးနှင့် လုပ်ငန်းများ ပိုမိုချဲ့ထွင်နိုင်ရေး MSME လုပ်ငန်းရှင်များ၏ ထုတ်ကုန်ပစ္စည်းများ ရောင်းလိုအား မြှင့်တင် နိုင်ရေးနှင့် အရည်အသွေး ပြည့်မီသော ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရေး အတွက် MSME  ချေးငွေများ၊ မြစိမ်း ရောင်ချေးငွေများနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေတို့မှ ရင်းနှီးမတည်ငွေများ ရရှိအောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း။

ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်ခု လုပ်ငန်းများမှ တစ်ဆင့် ပြည်တွင်းဈေးကွက်တွင် ဈေးနှုန်းချိုသာပြီး အဆင့်မီစွာ သုံးစွဲနိုင်မည့် ကုန်ပစ္စည်းများကို တွင်ကျယ်စွာ အသုံးပြု နိုင်ရေးအတွက် One Village One Produce (OVOP) အစီအစဉ်ဖြင့် ဒေသ ထွက်ကုန် ပစ္စည်းထုတ်လုပ်သည့် လုပ်ငန်းများ ပေါ်ထွက်လာရေးကို အားပေးမြှင့်တင် ဆောင်ရွက် လျက်ရှိကြောင်း။

မွန်ပြည်နယ်  အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး အေဂျင်စီကိုလည်း ဖွဲ့စည်းထားပါကြောင်း။ MSME စီးပွားရေး လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် MSME Talk Show စကားဝိုင်းဆွေးနွေး ပွဲများ ကိုလည်း ကျင်းပပြုလုပ်ခဲ့ပါကြောင်း။

ယနေ့ ကျင်းပပြုလုပ်သည့် အခမ်းအနားကို MSME  အချင်းချင်း ထုတ်ကုန် အရည် အသွေးနှင့် တီထွင်ဆန်းသစ်မှုများကို သိရှိလေ့လာနိုင်စေရန်၊ ထုတ်ကုန်အသစ် များကို စားသုံးသူများနှင့် မိတ်ဆက်ပေးနိင်ရန်၊ ဈေးကွက်အသစ်များ ချဲ့ထွင်ရန်အတွက် အထောက် အကူပြုစေပြီး  လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရန်နှင့် ဝန်ကြီးဌာနအသီးသီးရှိ ဌာနများ၏ ဆောင်ရွက်နေမှု လုပ်ငန်းတာဝန်များကို ပြည်သူများ လေ့လာသိရှိနိုင်စေရန် ရည်ရွယ် ကျင်းပ ခြင်းဖြစ်ကြောင်းပြောကြားသည်။ 

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညီညီစိုး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်၊ စီးပွားရေးရာ ဝန်ကြီး နိုင်လယိတမ၊ သယံဇာတရေးရာဝန်ကြီး ဒေါက်တာမြတ်ကျော်စိန်နှင့် တိုင်းရင်းသား ရေးရာဝန်ကြီး ဦးခင်မောင်ဦးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က အ.ထ.က (၉) ဘင်ခရာ၊ ပန်းပွားအဖွဲ့နှင့် တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုငွေများ ပေးအပ်ပြီး ခင်းကျင်းပြသ ထားသော ဌာနဆိုင်ရာ ပြခန်း (၃၁) ခန်း၊ MSME ထုတ်ကုန်အရောင်းပြခန်း (၂၈) ခန်း၊ ဒေသထွက်ကုန်အရောင်းပြခန်း (၁၀)ခန်း၊ တိုင်းရင်းသားရိုးရာ အစားအစာ အရောင်းပြခန်း (၁၀)ခန်း နှင့် ပြည်နယ်အမျိုးသမီးရေးရာ ပြခန်း (၂) ခန်း စုစုပေါင်း ပြခန်း ( ၈၁) ခန်းကို လှည့်လည် ကြည့်ရှုအားပေးကြသည်။

You may also like