
၂၀၂၃ ခုနှစ် ၊ (၄၉)နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ပွဲ အခမ်းအနား
ကိုမတ်လ ၁၇ ရက်နေ့၊ မွန်းလွဲပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာချုပ်တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများက ပြိုင်ပွဲဝင် အားကစားသမားများ၏ ပိုက်ကျော်ခြင်းပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားနေမှု အခြေအနေအား ကြည်ရှုအားပေးခဲ့ကြသည်။
ဆက်လက်ပြီး ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ရာ ပြိုင်ပွဲဝင် အသင်းများ၏ ဆုရရှိသော အားကစားသမားများက သတ်မှတ်နေရာတွင် နေရာယူခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများက စစ်တုရင်ပြိုင်ပွဲ၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ တို့တွင် အသင်းအလိုက်၊ တစ်ဦးချင်းစီအလိုက် ပထမ ၊ ဒုတိယ ၊ တတိယဆုရရှိသော ပြိုင်ပွဲဝင်အသင်းများအား တစ်ဦးချင်းဆုနှင့် ငွေသားဆု၊ ဆုတံဆိပ်နှင့် တံခွန်စိုက်ဒိုင်းဆုများအား လည်းကောင်း၊ နေရာအလိုက် အကောင်းဆုံးဆုရရှိသူများအား ဆုတံဆိပ်များနှင့် ငွေသားဆုများအား လည်းကောင်း၊ ဆုများအသီးသီးချီးမြှင့်ခဲ့ကြသည်။
၂၀၂၃ ခုနှစ်၊ (၄၉)နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ် (၁၀) မြို့နယ် အသက်(၁၉ )နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ယနေ့ ညနေပိုင်းက မော်လမြိုင်မြို့၊ ရာမညအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ဦးစွာ ပြိုင်ပွဲဝင် အားကစားသမားများမှ ကွင်းအတွင်းသို့ နေရယူခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အနေဖြင့် ပြည်နယ်တစ်ခုလုံး နယ်ပယ်စုံ ၊ ကဏ္ဍစုံ အဘက်ဘက်က ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားထုတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ အားကစားကဏ္ဍကိုလည်း တစ်ခန်းတစ်ကဏ္ဍ ထည့်သွင်းပြီး အဆင့်မီဖွံ့ဖြိုးတိုးတက်စေရေးကို စနစ်တကျအစီအမံများ ချမှတ်အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မွန်ပြည်နယ် ဘောလုံးအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးဘောလုံးပြိုင်ပွဲများတွင် မွန်ပြည်နယ် ဘောလုံးအသင်း အောင်မြင်မှုရရှိစေရန်၊ မြန်မာ့လက်ရွေးစင် ဘောလုံးအားကစားသမားများ မွေးထုတ်ပေးနိုင်ရန် စသည့် ရည်ရွယ်ချက်ကောင်းတွေနဲ့ ကျင်းပပေးရခြင်းဖြစ်သလို ထူးချွန်ပြီး အရည်အချင်းပြည့်မှီတဲ့ အားကစားသမားတွေကို လက်ရွေးစင် ရွေးချယ်ပြီး စနစ်တကျစုစည်းလေ့ကျင့်ပေးသွား မှာဖြစ်ကြောင်း၊ ဘောလုံးအားကစားပြိုင်ပွဲတွေဟာ လူကြိုက်အများဆုံးနှင့် အားပေးမှုအများဆုံးရှိတဲ့ ပြိုင်ပွဲတစ်ခုလည်းဖြစ်ရာ ဘောလုံးအားကစားအဆင့်အတန်း မြင့်မားလာရေးအတွက် ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက် ၊ ကျေးရွာများပါမကျန် ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်ကြဖို့ မှာကြားလိုကြောင်း၊ အခြေခံပညာ မူလတန်း ၊ အလယ်တန်း ၊ အထက်တန်းကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲများနဲ့ ခရိုင်၊ မြို့နယ် ဘောလုံး ပြိုင်ပွဲများကို စနစ်တကျ စဉ်ဆက်မပြတ် ကျင်းပပြုလုပ်ပေးသွားမှာလည်း ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင် ဘောလုံးအသင်းများအနေနဲ့ မိမိတို့ဝါသနာပါတဲ့ ဘောလုံး အားကစားကိုယခုပြိုင်ပွဲမှာ အားကစားသမားကောင်းပီသစွာ စွမ်းဆောင်ရည်နဲ့ ကျွမ်းကျင်မှုတွေကို ပြသရမှာဖြစ်သလို ဇွဲ ၊ စိတ်ဓာတ် ၊ အရင်းခံပြီး မိမိတို့ အသင်းအနိုင်ရရှိရေးအတွက် ကြိုးစားယှဉ်ပြိုင်ကြရန်၊ မိမိကြောင့် အားကစားကို အကျည်းတန်စေတဲ့ အပြုအမူတွေ ပြဿနာတွေကိုလည်း ရှောင်ကြဉ်ကြရန် လိုအပ်ကြောင်း၊ မွန်ပြည်နယ်ဘောလုံးအားကစားအဆင့်အတန်း တိုးတက် မြင့်မားရေးနှင့် ပြည်နယ်ဂုဏ်ဆောင် အားကစားသမားများ စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များအားလုံး အထူး အာရုံစိုက်ပြီး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန်ဖြင့် အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်ပြီး ပြိုင်ပွဲဝင် အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန် ရွတ်ဆိုခဲ့ကြပြီး ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြသည်။
အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်ယ်ဝန်ကြီးများနှင့် အားကစားဝါသနာရှင်များက အဖွင့်ပွဲစဉ်အဖြစ် ပေါင်မြို့နယ်ဘောလုံးအသင်းနှင့် ရေးမြို့နယ်ဘောလုံးအသင်းတို့ ယှဉ်ပြိုင်စကားနေမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။
၂၀၂၃ ခုနှစ် ၊ (၄၉)နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ် (၁၀)မြို့နယ်၌ အသက်(၁၉)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲသို့ မြို့နယ်(၁၀)မှ ဘောလုံးအသင်း (၁၀) သင်း ၀င်ယှဉ်ပြိုင်ကြမည်ဖြစ်ကာ မတ်လ ၁၇ ရက်နေ့မှ ဧပြီလ ၇ ရက်နေ့အထိကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။