
မွန်ပြည်နယ်တွင် လူငယ်များအနေဖြင့် အားကစားနည်းများကို အခြေခံကျနားလည် တတ်မြောက်စေရန်နှင့် မျိုးဆက်သစ်အားကစား သမားများကောင်းများ ပေါ်ထွန်းစေရန်ရည်ရွယ်၍ မွန်ပြည်နယ်အားကစားနှင့် ကာယပညာကော်မတီမှ ဖွင့်လှစ်သည့် မွန်ပြည်နယ် နွေရာသီ အခြေခံအားကစားသင်တန်း ဆင်းပွဲအခမ်းအနားကို မတ်လ ၂၂ ရက်နေ့၊ မွန်းလွဲပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အားကစားနည်းပြများ၊ သင်တန်းသူ၊ သင်တန်းသားများ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက မွန်ပြည်နယ်တွင် လူငယ်မောင်မယ်များကို နွေရာသီကျောင်းပိတ်ရက် အားလပ်ရက်များအတွက် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေး နှင့် အားကစားလှုပ်ရှားမှု များတွင် ပါဝင်လာစေခြင်းဖြင့် အခြေခံအားကစားနည်းစနစ်တွေကို သိရှိ နားလည် တတ်ကျွမ်းလာစေရန် ရည်ရွယ်ပြီး နွေရာသီအခြေခံအားကစား သင်တန်းများကို ဖွင့်လှစ်ပေးရခြင်း ဖြစ်ပါကြောင်း၊ အားကစားပြိုင်ပွဲများကို စဉ်ဆက်မပြတ် ကျင်းပပြုလုပ်ပေးခြင်း သင်တန်းများဖွင့်လှစ်ခြင်း ၊ သင်တန်းများသို့ စေလွှတ်တက်ရောက်စေခြင်းနဲ့ တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများကိုလည်း မပျက်မကွက် ပါဝင်ယှဉ်ပြိုင်စေခဲ့ပြီး မွန်ပြည်နယ်ရဲ့ အားကစားအဆင့်အတန်း တိုးတက် မြင့်မားရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ နွေရာသီအခြေခံ အားကစားသင်တန်းကနေ ပြည်နယ်အတွက် အားထားရတဲ့ မျိုးဆက်သစ်အားကစား သမားများပေါ်ထွက်လာမှာဖြစ်ပြီး အားကစားအဆင့်တန်းလည်း ထွန်းတောက်လာမှာဖြစ်သည့်အပြင် အားကစားသမားအချင်းချင်း ချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်တတ်မှု၊ စည်းလုံညီညွှတ်မှုများ အကျိုးကျေးဇူးများရရှိစေမှာဖြစ်ကြောင်း၊ သင်တန်းသူ၊ သင်တန်းသားများ အနေဖြင့် အားကစားနည်း အလိုက် အခြေခံကောင်း များကို ကြိုးစားလေ့ကျင့်သွားကြရန်လိုကြောင်း၊ အားကစားနည်း အလိုက် အခြေခံကောင်း များကို ကြိုးစားလေ့ကျင့်သွားကြရန်နှင့် ထူးချွန်တဲ့ အားကစားသမားကောင်းများ ဖြစ်လာအောင် စွမ်းစွမ်းတမံ လေ့ကျင့်သင်ယူ ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။
ထို့နောက် မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့်၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများ မွန်ပြည်နယ် နွေရာသီ အခြေခံအားကစားသင်တန်းတွင် အားကစားသင်တန်းဆင်း လက်မှတ်များ ချီးမြှင့်ခြင်း နှင့် သင်တန်းကြီးကြပ် ၊ နည်းပြများအား ဂုဏ်ပြုလက်ဆောင် များ အသီးသီးချီးမြှင့်ခဲ့ကြသည်။
အဲဒီနောက် သင်တန်းဆင်း အားကစားလူငယ်၊ မောင်မယ်လေးများက ရိုးရာခြင်းလုံး သရုပ်ပြသခြင်း၊ ကရာတေး သရုပ်ပြသခြင်း၊ မြန်မာ့သိုင်း သရုပ်ပြသခြင်း နှင့် ဂျူဒို သရုပ်ပြသခြင်းတို့ ဆောင်ရွက်ခဲ့ကြမှုအပေါ် ကြည့်ရှုအားပေးခဲ့ကြသည်။