Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ် လုံခြုံ​ရေးနှင့် နယ်စပ်​ရေးရာဝန်ကြီး ဗိုလ်မှူးကြီး​ကျော်စွာမြင့်-(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကဒါကျေးရွာ၊ ဦးစိန်ရေထိန်းတံခါးဖွင့်ပွဲ အခမ်းအနား၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်(၅) နှင့် မွန်ရိုးရာလက်ရက်ကန်းသင်တန်းအမှတ်စဉ် (၂၁) သင်တန်းဆင်းပွဲ အခမ်းအနား တက်​ရောက်

မွန်ပြည်နယ် လုံခြုံ​ရေးနှင့် နယ်စပ်​ရေးရာဝန်ကြီး ဗိုလ်မှူးကြီး​ကျော်စွာမြင့်-(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကဒါကျေးရွာ၊ ဦးစိန်ရေထိန်းတံခါးဖွင့်ပွဲ အခမ်းအနား၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်(၅) နှင့် မွန်ရိုးရာလက်ရက်ကန်းသင်တန်းအမှတ်စဉ် (၂၁) သင်တန်းဆင်းပွဲ အခမ်းအနား တက်​ရောက်

by Mon Editor
မော်လမြိုင်၊ မတ် ၂၄
(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ချောင်းဆုံ မြို့နယ်၊ ကဒါကျေးရွာ၊ ဦးစိန်ရေထိန်းတံခါးဖွင့်ပွဲအခမ်းအနားကို မတ်လ ၂၄ ရက်နေ့ နံနက်ပိုင်းက ကဒါကျေးရွာအနီးရှိ ဦးစိန်ရေထိန်းတံခါး၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် လုံခြုံ​ရေးနှင့် နယ်စပ်​ရေးရာဝန်ကြီး ဗိုလ်မှူးကြီး​ကျော်စွာမြင့်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ​ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ​ဒေသခံပြည်သူများ တက်​ရောက်သည်။
အခမ်းအနားတွင်  မွန်ပြည်နယ် လုံခြုံ​ရေးနှင့် နယ်စပ်​ရေးရာဝန်ကြီး ဗိုလ်မှူးကြီး​ကျော်စွာမြင့်က မွန်ပြည်နယ်အတွင်း မိုးစပါးကို ရာနှုန်းပြည့် ကျော်လွန်စိုက်ပျိုးပြီးဖြစ်၍ ​နွေစပါးအပါအဝင် ​နေကြာနှင့် အခြားဆီထွက်သီးနှံများ ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်​ရေး အ​လေးထား​ဆောင်ရွက်လျက်ရှိပြီး လယ်ယာ မြေများသည် နှစ်စဉ် ရေကြီးပြီး ရေငန်နှင့် နုန်းဝင်ရောက်မှု မရှိ​ရေး၊ လယ်ယာမြေများ၏ အသီးအနှံထွက်နှုန်းကို လျော့ကျမှု​ မရှိစေ​ရေးအတွက် ပြည်နယ် အ​နေဖြင့်ယခုလို ရေထိန်းတံခါး တည်ဆောက် ​ဆောင်ရွက်​ပေးရခြင်း ဖြစ်ပါ​ကြောင်း၊ နွေရာသီ ရေငန်ဝင်ရောက်မှုနှင့် နုန်းပို့ချမှုများကို ကာကွယ်နိုင်ရုံမက မိုးနှောင်းပိုင်း တွင် ရေချိုသိုလှောင်ပြီး ဆန်စပါးအပါအဝင် ဆီထွက်သီးနှံ နေကြာ စိုက်ခင်းများပါ ပိုမိုစိုက်ပျိုးလာနိုင်၍ ဒေသနေလယ်သမားများအတွက် လူမှုစီးပွားဘဝများ တိုးတက်မြင့်တက်လာမည် ဖြစ်​ကြောင်း၊ ရေထိန်းတံခါးကြီး ရေရှည်တည်တံ့ခိုင်ခံ့စေရန်အတွက် ဒေသနေ ပြည်သူများမှလည်း ဝိုင်းဝန်းကူညီထိန်းသိမ်းပေးကြရန်ဖြင့် အမှာစကား​ပြောကြားခဲ့သည်။
ဆက်လက်ပြီး ပြည်နယ် လုံခြုံ​ရေးနှင့် နယ်စပ်​ရေးရာဝန်ကြီး၊ ပြည်နယ်ဝန်ကြီးများက ကဒါကျေးရွာ၊ ဦးစိန်ရေထိန်းတံခါးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကာ ရေထိန်းတံခါး လှည့်လည်ကြည့်ရှုခဲ့ကြသည်။
အဆိုပါ ဦးစိန်ရေထိန်းတံခါးသည် ​ရေထိန်းတံခါး​ပေါက် (၅)ပေါက်ပါရှိ၍ Slide Gate (၅)ချပ်ပါ အုတ်၊ သံကူကွန်ကရစ်ရေထိန်းတံခါး အမျိုးအစားဖြစ်ကာ ရေခေါ်မြောင်းမကြီးအလျား (၄၀၀၀)ပေနှင့် ရေထုတ်မြောင်းမကြီးအလျား(၅၁)ပေရှိကြောင်း၊ ​ဒေသတွင်းရှိ အကျိုးပြုနိုင်မှု မိုးစပါးလယ်မြေ (၇၀၀) ဧကအတွက် ပင်လယ်ရေငန်ဝင်ရောက်မှုများ၊ ရေကြီးနစ်မြုပ်မှုများ လျော့နည်းသက်သာစေမည်ဖြစ်သည့်အပြင် ရေချိုသိုလှောင်ထိန်းသိမ်းနိုင်မည် ဖြစ်​ကြောင်း သိရရှိသည်။
မွန်ပြည်နယ်အတွင်း တိုင်းရင်းသား လူငယ်များအတွက် အိမ်တွင်းမှု သက်​မွေးပညာရပ်များကို ​လေ့ကျင့်သင်ကြား​ပေးပြီး အလုပ်အကိုင်အခွင့်အလမ်း ရရှိရန်နှင့် အသက်​မွေးဝမ်း​ကျောင်း ကိုယ်ပိုင်စီးပွား​ရေးလုပ်ငန်းများ ဖန်တီးနိုင်ရန် ရည်ရွယ်၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန မုဒုံမြို့၊အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ် (၅) နှင့် မွန်ရိုးရာလက်ရက်ကန်းသင်တန်း အမှတ်စဉ် (၂၁) သင်တန်းဆင်းပွဲ အခမ်းအနားကို ယ​နေ့ နံနက်ပိုင်းက မုဒုံမြို့နယ်၊ ကွမ်တာ​ကျေးရွာ၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးပညာ သင်တန်းကျောင်း၌ ကျင်းပရာ ပြည်နယ် လုံခြုံ​ရေးနှင့် နယ်စပ်​ရေးရာဝန်ကြီးက မွန်ပြည်နယ်အ​နေဖြင့် ​ဒေသ​နေပြည်သူအားလုံး၏ လူမှုစီးပွား ဘဝများ ဖွံ့ဖြိုးတိုးတက်လာစေရေး ဦးတည်ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ ကဏ္ဍစုံ၊ ဘက်​ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက်လည်း အထူးအလေးထား ဆောင်ရွက်ပေးလျက်ရှိ​ကြောင်း၊ ပြည်နယ်အတွင်း  သထုံမြို့နယ်၊ မုဒုံမြို့နယ်နှင့် ရေးမြို့နယ်တို့တွင် လူငယ်သင်တန်းကျောင်းများ၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးပညာသင်တန်းကျောင်းများကို ဖွင့်လှစ်ပြီး တိုင်းရင်းသူများအတွက် စက်ချုပ်နဲ့ အိမ်တွင်းမှုဘာသာရပ်များ အပြင် အခြားအသက်​မွေး​ကျောင်း ပညာရပ်များကိုလည်း သင်ကြားပို့ချပေးလျက်ရှိကြောင်း၊ သင်တန်းကို တက်ရောက်အောင်မြင်ခဲ့ကြတဲ့ သင်တန်းသူများအနေဖြင့် မိမိတို့ကိုယ်တိုင်က အသိပညာ၊ အတတ်ပညာများ ပြည့်ဝသူများ ဖြစ်အောင် အစဉ်ကြိုးစားကာစူးစမ်းလေ့လာမှု၊ တီထွင်ဖန်တီးမှု၊ လုံ့လ ဝီရိယပြုမှုတို့ဖြင့် မိမိတို့ဘဝတိုးတက်သည်ထက်တိုးတက်အောင်ကြိုးစားသွားကြရန်နှင့် အိမ်တွင်းမှု ပညာရပ်များကို အသုံးချပြီး တစ်ပိုင်တစ်နိုင် အသက်မွေး ဝမ်းကျောင်းပြုကြပြီး ဒေသ တိုးတက်ရေး လုပ်ငန်းများကိုလည်း ပူးပေါင်းပါဝင်ဆောင်ရွက် သွားကြရန် တိုက်တွန်းလို​ကြောင်းဖြင့် အမှာစကား ​ပြောကြားခဲ့သည်။
ထို့​နောက် ပြည်နယ်ဝန်ကြီးများမှ သင်တန်းတွင် ထူးချွန်ဆုရရှိကြသူများကို ဆုများ၊ သင်တန်းဆင်း အောင်လက်မှတ်များအသီးသီးချီးမြှင့်ခဲ့ကြပြီး သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကာ သင်တန်းကျောင်း တာဝန်ရှိသူမှ သင်တန်းဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြခဲ့သည်။
အဲဒီ​နောက် ပြည်နယ် လုံခြုံ​ရေးနှင့် နယ်စပ်​ရေးရာဝန်ကြီး၊ ပြည်နယ်ဝန်ကြီးများက သင်တန်းသူများအား ရင်းရင်းနှီး လို

You may also like