Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း- မီးငြှိမ်းသတ် ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနား၊ (၇၈)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သထုံခရိုင်ပြည်သူ့ဆေးရုံ အထူးကြပ်မတ်ကုသဆောင်သစ်နှင့် စက်မှုစိုက်ပျိုးနှင့် မွေးမြူရေး တွဲဖက်အထက်တန်းကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနား တက်​ရောက်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း- မီးငြှိမ်းသတ် ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနား၊ (၇၈)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သထုံခရိုင်ပြည်သူ့ဆေးရုံ အထူးကြပ်မတ်ကုသဆောင်သစ်နှင့် စက်မှုစိုက်ပျိုးနှင့် မွေးမြူရေး တွဲဖက်အထက်တန်းကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနား တက်​ရောက်

by Mon Editor
မော်လမြိုင်၊ မတ် ၂၆
မွန်ပြည်နယ်အတွင်း သဘာဝဘေးနှင့် ပတ်သက်၍ ထိရောက်ကျယ်ပြန့်စွာ အသိပညာပေးနိုင်​စေရန်၊ သဘာဝဘေး ရင်ဆိုင်တုံ့ပြန်ရေးလုပ်ငန်းများမှာပြည်သူများ ပူး​ပေါင်းပါဝင်လာ​စေရန်ရည်ရွယ်၍ မီးငြှိမ်းသတ် ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ မတ်လ ၂၆ ရက်​နေ့၌ မော်လမြုင်မြို့၊ အောက်လမ်းမ ကြီး အမှတ်(၁)စျေးကြီးတွင် ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ အများပြည်သူများ တက်​ရောက်သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက သရုပ်ပြအဖွဲ့မှ ဈေးမီးငြှိမ်းသတ်ရေးဇာတ်တိုက်လေ့ကျင့်သရုပ်ပြနေမှု အ​ခြေအ​နေတို့အား ကြည့်ရှုအား​ပေးခဲ့ကြသည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း ပြည်နယ်တွင်လည်း ဖြစ်ပွားခဲ့သည့် သဘာဝဘေးဖြစ်စဉ်များ ဖြစ်ပေါ်သည်နှင့်တပြိုင်နက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု နည်းလမ်း​ကောင်းများဖြင့် ​အောင်မြင်စွာ​ဆောင်ရွက်နိုင်ခဲ့ပါ​ကြောင်း၊ ယခုကာလသည် ပူပြင်းခြောက်သွေ့သောကာလဖြစ်သဖြင့် ဈေးကင်းနှင့် မီးငြှိမ်းသတ်ရေးဖွဲ့စည်းထားရန်လို​ကြောင်း၊ ဈေးများသည် ပြည်သူများ၏ အရင်းအနှီးများစုဝေးရာနေရာဖြစ်ကြောင်း၊ ဈေးများမီးဘေးအန္တရာယ်ကျရောက်မှုသည် ဆုံးရှုံးမှုတန်ဖိုးများပြားကြောင်း၊ ယခုကဲ့သို့ မီးငြှမ်းသတ်ရေးဇာတ်တိုက်လေ့ကျင့်မှုများ ​ဆောင်ရွက်ခြင်းဖြင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်​စောင့်​ရှောက်ခြင်း ဖြစ်​သလို ဘေးအန္တရာယ်များမှ ထိခိုက်ပျက်စီးမှု အနည်းဆုံး ဖြစ်အောင် ကူညီဆောင်ရွက်​ပေးကြရန် မှာကြားလို​ကြောင်းဖြင့် အမှာစကား​ပြောကြားခဲ့သည်။
အဲဒီ​နောက် ပြည်နယ်ဝန်ကြီးချုပ်မှ မီးငြှိမ်းသတ် ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းသရုပ်ပြအဖွဲ့အား ဂုဏ်ပြုဆုငွေများအား ပေးအပ်ချီးမြှင့်ခဲ့သည်။
(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သထုံခရိုင် ခရိုင်ပြည်သူ့ဆေးရုံ၏ နှစ်ထပ် အထူးကြပ်မတ်ကုသဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ယ​နေ့နံနက်ပိုင်းက သထုံမြို့၊ ခရိုင်ပြည်သူ့ဆေးရုံ၌ ကျင်းပပြုလုပ်ရာ ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက  သထုံခရိုင်ပြည်သူ့ဆေးရုံဝန်းအတွင်းရှိ နှစ်ထပ်အထူးကြပ်မတ် ကုသဆောင်သစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ကြကာ အထူးကြပ်မတ်ကုသဆောင်သစ်အား လှည့်လည်ကြည့်ရှုခဲ့ကြသည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း အဆင့်အတန်းမီ၍ လုံခြုံစိတ်ချရသော ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို အများပြည်သူများရရှိစေရန် အထူးအ​လေး​ပေး ​​ဆောင်ရွက်​ပေးလျက်ရှိပါ​ကြောင်း၊ “လူတိုင်းသက်တမ်းစေ့အသက်ရှည်စွာနေနိုင်ရေး” နှင့် “လူတိုင်း ရောဂါဘယကင်းဝေးရေး”ဟူ၍ ကျန်းမာရေးဝန်ကြီးဌာန၏ ရည်မှန်းချက်များ ပြည့်မီအောင် ဆောင်ရွက်ရာတွင် ပြည်သူလူထု လက်လှမ်းမီသော ကျန်းမာရေးစောင့်ရှောက်မှုခံယူနိုင်ရေးအတွက် ကျေးလက်အောက်ခြေအထိ ဝန်ထမ်းအင်အားများ တိုးချဲ့ခန့်ထားပေးခြင်း၊ ဆေးဝါးပစ္စည်းများ ပြည်မှာလုံလောက်စွာ ရန်စေရေးအတွေက် ဆယ်ယူဖြည့်တင်းပေးခြင်း ကျွမ်းကျင်ဝန်းထမ်းများ မွေးထုတ်နိုင်ရေးအတွက် မွမ်းမံသင်တန်းများ ​လေ့ကျင့်သင်ကြားပို့ချ​ပေးလျက်ရှိ​ကြောင်း၊ ဝေးလံခက်ခဲ ဒေသများတွင်လည်း ကျန်းမာ​ရေး ဝန်ထမ်းများခန့်ထားကာ ကျေးလက်ကျန်းမာရေးဌာနများတိုးချဲ့ဖွင့်လှစ်ပြီး ဆောင်ရွက်လျှက်ရှိရာ ပြည်သူများအနေဖြင့်လည်း ပူးပေါင်းပါဝင်ဆောင်ရွက်စေလိုပါကြောင်း အမှာစကားပြောကြားသည်။
ယင်းနောက် အထူးကြပ်မတ်ကုသဆောင် ဆောက်လုပ်ခြင်းနှင့်ပတ်သက်၍ တည်​ဆောက်​ရေးလုပ်ငန်း တာဝန်ရှိသူက သထုံခရိုင်ပြည်သူ့ဆေးရုံ အထူးကြပ်မတ်ကုသဆောင်သစ် နှင့် ပတ်သက်၍ ရှင်းလင်း တင်ပြခဲ့ပြီး အထူးကြပ်မတ်ကုသဆောင်အား လွှဲပြောင်းပေးအပ်ရာ သထုံခရိုင်ဆေးရုံတာဝန်ရှိသူမှ လက်ခံရယူခဲ့သည်။
အဲဒီ​နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် (၇၈)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သထုံမြို့နယ်၊ အမှတ် (၁) အ​ခြေခံပညာ အထက်​တန်းကျောင်းရှိ စက်မှု၊ စိုက်ပျိုးနှင့်မွေးမြူရေး တွဲဖက်အထက်တန်းကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားသို့ တက်​ရောက်၍ ဦးစွာ ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်​​ပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်တွင် အခြေခံပညာရေးကဏ္ဍ၌ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာပညာရပ်များ သင်ယူမှုအခွင့်အလမ်းများတိုးမြှင့် ရရှိ​စေ​ရေး ဦးစား​ပေး ကဏ္ဍအ​နေဖြင့် ​ဆောင်ရွက်လျက်ရှိပါ​ကြောင်း၊ ယခုဖွင့်လှစ်သည့်ကျောင်းသည် အခြေခံပညာရေးကဏ္ဍ၌ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာပညာရပ်များ သင်ယူမှုအခွင့်အလမ်းများတိုးမြှင့် ရရှိမည်ဖြစ်ကြောင်း၊ ပညာရေးကဏ္ဍ အရှိန်အဟုန်ဖြင့်တိုးတက်အောင် ကြိုးပမ်းအားထုတ်နေပါကြောင်း၊ ပညာရေးနှင့်ပတ်သတ်၍ KG+9 အောင်မြင်အောင် ဆောင်ရွက်ပေးရန်နှင့် အောင်မြင်ပြီးပါက သက်မွေးပညာရပ်များ ဆက်လက်သင်ကြားနိုင်ရေးဆောင်ရွက်ပေးရန်၊ အခြေခံပညာကျောင်းများနှင့်တွဲဖက်ပြီး စက်မှုနည်းပညာ၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်းများဖွင့်လှစ်နိုင်​ရေး ဝိုင်းဝန်း​ဆောင်ရွက်​ပေးကြရန် လို​ကြောင်း၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်​ရေးကို ​ဖော်​ဆောင်နိုင်မည့် ​အနာဂတ်မျိုးဆက်သစ် လူငယ်၊ မောင်မယ်​လေးများကို ​မွေးထုတ်​ပေးနိုင်​ရေး တက်ညီလက်ညီ ကြိုးပမ်း​ဆောင်ရွက်​ပေးကြရန် တိုက်တွန်းလို​ကြောင်းဖြင့် အမှာစကား​ပြောကြားခဲ့သည်။
ထို့​နောက် စက်မှု၊ စိုက်ပျိုးနှင့်မွေးမြူရေး တွဲဖက်အထက်တန်း ကျောင်းဆောင်သစ် ​​ဆောက်လုပ်ခြင်း နှင့် ပတ်သက်၍ တာဝန်ရှိသူတစ်ဦးမှ ရှင်းလင်း တင်ပြခဲ့ပြီး ​ကျောင်း​ဆောင်သစ် ဆိုင်ရာ အချက်အလက်များအား ပြည်နယ်ပညာ​ရေးမှူး ​မှ လွှဲ​ပြောင်း​ပေးအပ်ခြင်းအ​ပေါ် လက်ခံရယူခဲ့ကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက အဆိုပါ ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှုခဲ့ကြသည်။

You may also like