Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း- မော်လမြိုင်တက္ကသိုလ်၊ မဲခေါင်ကိုရီးယား သုတေသနရန်ပုံငွေဖြင့်ဆောင်ရွက်သော “Impact of migration on rural development with special emphasis on agriculture of Mon State, Myanmar” အလုပ်ရုံဆွေးနွေးပွဲ တက်​ရောက်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း- မော်လမြိုင်တက္ကသိုလ်၊ မဲခေါင်ကိုရီးယား သုတေသနရန်ပုံငွေဖြင့်ဆောင်ရွက်သော “Impact of migration on rural development with special emphasis on agriculture of Mon State, Myanmar” အလုပ်ရုံဆွေးနွေးပွဲ တက်​ရောက်

by Mon Editor

မော်လမြိုင်၊ မတ် ၂၉
မော်လမြိုင်တက္ကသိုလ်၊ မဲခေါင်ကိုရီးယား သုတေသနရန်ပုံငွေဖြင့်ဆောင်ရွက်သော “Impact of migration on rural development with special emphasis on agriculture of Mon State, Myanmar” အလုပ်ရုံဆွေးနွေးပွဲကို မတ်လ ၂၉ ရက်​နေ့၊ နံနက်ပိုင်းက မော်လမြိုင်တက္ကသိုလ်၊ ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ​ခေတ္တပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ (ဌာနမှူးများ) ဖိတ်ကြားထားသည့် ဧည့်သည်​တော်များ တက်​ရောက်သည်။
အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်ဟာ စိုက်ပျိုးရေးကို အဓိကထားတဲ့ပြည်နယ် ဖြစ်ပြီး မိုးစပါးစိုက်ဧက ၊ နွေစပါး၊ ​နေကြာနှင့် ဆီထွက်သီးနှံများ၊ ဒူးရင်း၊ နာနတ်၊ ကျွဲကော၊ ကြက်မောက်၊ သရက် စတဲ့ အသီးအနှံ များလည်း စိုက်ပျိုးလျှက်ရှိပါ​ကြောင်း၊ ကျေးလက်ဖွံ့ဖြိုးတိုးတက်မှုကို အဓိကအကျိုးသက်ရောက် နေသော စိုက်ပျိုးရေးလုပ်ငန်းအပေါ် အကျိုးသက်ရောက်လျှက်ရှိသည့် ​ရွှေ့ပြောင်းလုပ်သားများ၏ နေထိုင်မှုကိုလေ့လာတဲ့ အလုပ်ရုံဆွေးနွေးပွဲ တစ်ခုဖြစ်​ကြောင်း၊ လက်ရှိ ရှိနေတဲ့ value added လုပ်ငန်းများကို လေ့လာပြီးတော့ လိုအပ်တာများကိုဖြည့်ဆည်းပေးဖို့ ဆောင်ရွက်ခြင်းအားဖြင့် ဒေသရဲ့စီးပွားရေး ပိုမိုတိုးတက်လာပြီးတော့ ကျေးလက်ဖွံ့ဖြိုးမှုကို အထောက်အကူပြု နိုင်မှာဖြစ်သလို အတွေ့အကြုံတွေ၊ နည်းပညာတွေ၊ ကျွမ်းကျင်မှုတွေ ပူးပေါင်း လုပ်ဆောင်မယ်ဆိုရင် မိမိဒေသကို ပိုပြီးအထောက်အကူပြုနိုင်မယ့် လုပ်ငန်းတွေ ဖန်တီးနိုင်မှာ ဖြစ်​​ကြောင်း၊ ယ​နေ့ အလုပ်ရုံဆွေးနွေးပွဲမှသည် ကျေးလက်ဖွံ့ဖြိုးရေးကို တစ်ခန်းတစ်ကဏ္ဍမှ ပါဝင်လုပ်ဆောင် ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါကြောင်းဖြင့် အမှာစကား​ပြောကြားခဲ့သည်။
ထို့​နောက် မော်လမြိုင်တက္ကသိုလ်၊ ခေတ္တပါမောက္ခချုပ်က အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။
အဲဒီ​နောက် အလုပ်ရုံဆွေးနွေးပွဲသို့ တက်​ရောက်လာသူများက ပြည်နယ်အတွင်းရှိ စပါးစိုက်ပျိုးထားမှု အခြေအနေ၊ ​ရော်ဘာစိုက်ပျိုးထားရှိမှု အခြေအ​နေနှင့် ​ရွှေ့​ပြောင်းလုပ်သားများ၏ အ​ခြေအ​နေများနှင့် ပတ်သက်၍ ရှင်းလင်း​ဆွေး​နွေးခဲ့ကြပါသည်။

You may also like