Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း- မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ပိတ်ပွဲအခမ်းအနားနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား တက်​ရောက်၊ ဇီဝိတဒါနငါးလွှတ်ခြင်းဖြင့် ကုသိုလ်ယူ၊ သက်ကြီးပူဇော်ပွဲ အခမ်းအနား တက်​ရောက်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း- မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ပိတ်ပွဲအခမ်းအနားနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား တက်​ရောက်၊ ဇီဝိတဒါနငါးလွှတ်ခြင်းဖြင့် ကုသိုလ်ယူ၊ သက်ကြီးပူဇော်ပွဲ အခမ်းအနား တက်​ရောက်

by Mon Editor

မော်လမြိုင်၊ ဧပြီ ၁၇
မြန်မာ့ရိုးရာမဟာသင်္ကြန် ပိတ်ပွဲ အခမ်းအနားနှင့်  ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဧပြီလ ၁၆ ရက်​နေ့၊ ည​နေပိုင်းက အရှေ့တောင်တိုင်းစစ်ဌာနချုပ် မဟာအတာသင်္ကြန်ပွဲတော် ရေကစားမဏ္ဍပ်၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်း နှင့်ပြည်နယ်၀န်ကြီးများတက်​ရောက်၍ တပ်ရင်း၊ တပ်ဖွဲ့မိသားစုဝင်များမှ ယိမ်းအကအလှများဖြင့် ကပြခဲ့ကြပြီး တိုင်းစစ်ဌာနချုပ် မော်လမြိုင်/မုဒုံတပ်နယ်မှ ဆုရရှိကြသည့် ပြိုင်ပွဲဝင် ယိမ်းအဖွဲ့ များအား ဂုဏ်ပြုဆု​ငွေများ အသီးသီးချီးမြှင့်ခဲ့ပြီး အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးမှ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား​ပြောကြားခဲ့ကာ သင်္ကြန်​တေးသီချင်းများဖြင့် ​ပျော်ရွှင်စွာ မဟာသင်္ကြန်ပွဲတော်အား ပိတ်သိမ်းခဲ့ကြသည်။
ဆက်လက်ပြီး မွန်ပြည်နယ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ပိတ်ပွဲအခမ်းအနားနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို မော်လမြိုင်မြို့၊ ကမ်းနားလမ်း၊ မွန်ပြည်နယ် ဗဟိုမဏ္ဍပ်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်ချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများက ပထမ၊ ဒုတိယ၊ တတိယ ဆုနှင့် အထူးဆုရရှိကြသည့် ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုဆုဖလားများ ချီးမြှင့်ခဲ့ကြသည်။
အဲဒီ​နောက် ယိမ်းအဖွဲ့ များမှ  လှပျိုဖြူ​လေးများက သင်္ကြန်တေးသီချင်းများဖြင့် ယိမ်းအကအလှများ စု​ပေါင်းကပြခဲ့ကြပြီး ပြိုင်ပွဲဝင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြသည့် ယိမ်းအဖွဲ့များမှ ယိမ်းအကအလှ​များဖြင့် ဖျော်ဖြေတင်ဆက်နေမှုများအား ကြည့်ရှုအား​ပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က အတာ​ရေစင် အမွှေးနံသာရေများ ပတ်ဖြန်းခဲ့ကြ၍ ခေတ်​ပေါ်​တေးဂီတ တီးဝိုင်းနှင့် တေးသံရှင်များ၏ ​သီဆိုဖျော်​ဖြေတင်ဆက်မှုများအား သီဆို​ဖျော်​ဖြေ​ခဲ့ကြသည်။
မွန်ပြည်နယ်အတွင်း နှစ်​ဟောင်းကုန်၍ နှစ်ကူး​ပြောင်းသည့် နှစ်သစ်ကိုကူး​ပြောင်း​သော အချိန်အခါသာမယ မြန်မာနှစ်ဆန်းတစ်ရက်​နေ့တွင် မြန်မာလူမျိုးတို့၏ ဓ​လေ့ထုံထမ်းအစဉ်အလာအရ သံဃာ​တော်များကို ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ ဇီဝိတဒါနငါးလွှတ်ခြင်း၊ သက်ကြီးပူ​ဇော်ခြင်းတို့​ဖြင့် ကုသိုလ်ယူ​လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်ဝန်ကြီးများသည် ​ ဧပြီလ ၁၇ ရက်​နေ့၊ နံက်ပိုင်းက မော်လမြိုင်မြို့၊ ကမ်းနားလမ်း၊ ဆိပ်ကမ်းသာတံတား၌ ကျင်းပပြုလုပ်သည့် ဇီဝိတဒါနငါးလွှတ်ပွဲတွင် သထုံငါး​ဖောက်စခန်းမှထုတ်သော ၂ လက်မနှင့်အထက် အရွယ်အစားရှိ ငါးမြစ်ချင်းငါးသားပေါက်ကောင်ရေ (၂)သိန်းအား သံလွင်မြစ်အတွင်းသို့ ဇီဝိတဒါန အဖြစ် ထည့်လွှတ်ကုသိုလ်ယူခဲ့ကြသည်။
မြန်မာနှစ်ဆန်း  တစ်ရက်နေ့ သက်ကြီးပူဇော်ပွဲ အခမ်းအနားကို ယ​နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ တောင်ဝိုင်း ဘိုးဘွားရိပ်သာ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်ဝန်ကြီးများက ဦးစွာ ဘိုးဘွားများအား ဩဝါဒကန်တော့ချိုးဖြင့် ကန်တော့ခဲ့ကြပြီး တောင်ဝိုင်းဘိုးဘွားရိပ်သာရှိ ဘိုးဘွားတစ်ဦးချင်းစီအတွက် ဂါရ၀ ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။
အဲဒီ​နောက် တောင်ဝိုင်း ဘိုးဘွားရိပ်သာ စောင့်ရှောက်ရေးအဖွဲ့ တာဝန်ရှိသူမှ ရိပ်သာ၏ ​လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်း‌ပြောကြားခဲ့ပြီး အဘိုးတစ်ဦး၊ အဘွား တို့ ကိုယ်စားတစ်ဦးတို့က ​မေတ္တာဆု​တောင်း ပို့သပေးခဲ့ကြသည်။

You may also like