Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း- မွန်ပြည်နယ်၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ​သင်္ကြန်အကြတ်နေ့ကို ​အေးချမ်းစွာနှင့် စည်ကားသိုက်မြိုက်စွာ ဆင်ယင်ကျင်းပ​နေခြင်းအ​ပေါ် လိုက်လံကြည့်ရှုအား​ပေး၊ ​ပျော်ရွှင်စွာ​ရေသဘင်ပွဲ ဆင်နွှဲ

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း- မွန်ပြည်နယ်၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ​သင်္ကြန်အကြတ်နေ့ကို ​အေးချမ်းစွာနှင့် စည်ကားသိုက်မြိုက်စွာ ဆင်ယင်ကျင်းပ​နေခြင်းအ​ပေါ် လိုက်လံကြည့်ရှုအား​ပေး၊ ​ပျော်ရွှင်စွာ​ရေသဘင်ပွဲ ဆင်နွှဲ

by Mon Editor

မော်လမြိုင်၊ ဧပြီ ၁၆
မွန်ပြည်နယ်အတွင်း မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မြန်မာရိုးရာမဟာသင်္ကြန် ပွဲတော် ​သင်္ကြန်အကြတ်နေ့ကို အေးချမ်းစွာနှင့် စည်ကားသိုက်မြိုက်စွာဆင်ယင်ကျင်းပလျက်ရှိပြီး အများပြည်သူများမှ ပျော်ရွှင်စွာ​ရေသဘင်ပွဲအား ဆင်နွှဲလျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင် တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်း နှင့်ပြည်နယ် ၀န်ကြီးများသည် ဧပြီလ ၁၅ ရက်​နေ့၊ နံနက်ပိုင်းက အရှေ့တောင်တိုင်းစစ်ဌာနချုပ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာအတာသင်္ကြန်ပွဲတော် ရေကစားမဏ္ဍပ်၌ တပ်ရင်း၊ တပ်ဖွဲ့မိသားစုဝင်များမှ၊​ပျော်ရွှင်စွာ ပျော်ရွှင်စွာ​ရေသဘင်ပွဲ ဆင်နွှဲခြင်း၊ ယိမ်းအကအလှ​များဖြင့် ကပြခြင်း၊ ​တေးသီချင်းများ တီဆို​နေခြင်းတို့ကို ကြည့်ရှုအား​ပေးခဲ့ကာ ဂုဏ်ပြုဆု​ငွေများ ချီးမြှင့်ခဲ့ကြသည်။
ထို့​နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများသည် ​ချောင်းဆုံမြို့၊ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်သို့​ရောက်ရှိခဲ့ကြပြီး ဦးစွာ ယိမ်းအကအဖွဲ့များမှ လှပျိုဖြူ​လေးများက သင်္ကြန်ယိမ်းအကများဖြင့် ​ဖျော်​ဖြေတင်ဆက်ခဲ့ကြပြီး အများပြည်သူများ ပျော်ရွှင်စွာ​နှင့်  ရေကစား​နေမှုများနှင့် ​ပျော်ရွှင်စွာရေပက်ခံထွက်​နေများအား ကြည့်ရှုအား​ပေးကာ  အတာ​ရေစင်အား အမွှေးနံသာရေများကို သပြေခတ်ဖြင့် ပတ်ဖြန်းခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးနှင့် တာဝန်ရှိသူများက ကပြ​ဖျော်​ဖြေ​ခဲ့ကြ​သော ယိမ်းအဖွဲ့များအား ဂုဏ်ပြုဆု​ငွေများ အသီးသီး ချီးမြှင့်ခဲ့ကြသည်။
အဲဒီ​နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် ​ပေါင်မြို့၊ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်သို့​ရောက်ရှိခဲ့ကြပြီး ဗဟိုမဏ္ဍပ်တွင် ​ပျော်ရွှင်စည်ကားစွာ ​ရေကစား​နေမှုများ၊  ယိမ်းအကအလှ​များဖြင့် ဖျော်ဖြေတင်ဆက်နေမှုများကို ကြည့်ရှုအား​ပေးခဲ့ကြကာ အတာ​ရေစင် အမွှေးနံသာရေများ ပတ်ဖြန်းခဲ့ကြကာ ဂုဏ်ပြုဆု​ငွေများ ချီးမြှင့်ခဲ့ကြသည်။
မြန်မာနိုင်ငံ၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်ဖြစ်သည့် မြန်မာ့ရိုးရာ ယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို တိုင်း​ဒေသကြီးနှင့် ပြည်နယ်များမှာ  ​​ပျော်ရွှင်စည်ကားသိုက်မြိုက်ကျင်းပလျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင် တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်းတို့သည် ယ​နေ့မွန်းလွဲပိုင်းက ကရင်ပြည်နယ် ဘာအံမြို့သို့​ရောက်ရှိခဲ့ကြပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦး​စောမြင့်ဦးနှင့်အတူ ကရင်ပြည်နယ် ဗဟိုမဏ္ဍပ်၌ ယိမ်းအကအလှ​များဖြင့် ဖျော်ဖြေတင်ဆက်ခြင်း၊ ခေတ်​ပေါ်​တေးဂီတဖြင့် ​ဖျော်​ဖြေတင်ဆက်ခြင်းတို့အား ကြည့်ရှုအား​ပေးခဲ့ကြပြီး
ဘာအံမြို့​ပေါ်ရှိ၊ ​ဖျော်​ဖြေ​ရေးမဏ္ဍပ်၊ ​ရေကစကားမဏ္ဍပ်​တို့အား လှည့်ည်ကြည့်ရှုအား​ပေးခဲ့ကြကာ လမ်း​လျှောက်သင်္ကြန်ပွဲ​တော်တွင် အများပြည်သူများနှင့်အတူ ​ ရင်းနှီး​ပျော်ရွှင်စွာ အတာရေသဘင်ပွဲအား ပျော်ရွှင်စွာဆင်နွှဲခဲ့ကြသည်။
အဲဒီကမှတစ်ဆင့် မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် အမှတ် (၂၂) ​​ခြေလျင်တပ်မဌာနချုပ် ရေကစားမဏ္ဍပ်တွင် တပ်ရင်း၊ တပ်ဖွဲ့မိသားစုဝင်များအား မိသားစုသဖွယ်ချစ်ကြည်ရင်း​သောအားဖြင့် တစ်​ပျော်တစ်ပါး ပျော်ရွှင်စွာ​ရေသဘင်ပွဲကို ပါဝင်ဆင်နွှဲခဲ့ကြပြီး ယိမ်းအဖွဲ့များအား ဂုဏ်ပြုဆု​ငွေများ ချီးမြှင့်ခဲ့ကြသည်။
ယင်း​နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် မော်လမြိုင်မြို့၊ ကမ်းနားလမ်း၊ မွန်ပြည်နယ် ဗဟိုမဏ္ဍပ်တွင် ​​ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များ၏ ပြိုင်ပွဲဝင် ယိမ်းအကအလှများအား လည်း​ကောင်း၊ ခေတ်​ပေါ်​တေးဂီတ တီးဝိုင်နှင့်  ​တေးသံရှင်များ၏ ​သီဆိုဖျော်​ဖြေတင်ဆက်မှုများအား လည်း​ကောင်း ကြည့်ရှုအား​ပေးခဲ့ကြသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင် တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်း နှင့်ပြည်နယ် ၀န်ကြီးများသည် ဧပြီလ  ၁၆ ရက်​နေ့၊ နံနက်ပိုင်းက ကျိုက်မ​ရောမြို့၊ ကျိုက်မ​ရောဘုရားကြီးသို့ ​ရောက်ရှိခဲ့ကြပြီး ဦးစွာ ဘုရာကြီး​ကျောင်းဆရာ​တော် အဂ္ဂမဟာ သဒ္ဓမ္မ​ဇောတိကဓဇ ဘဒ္ဒန္တ ဝါရိန္ဒ ကို ဖူး​မြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကာ သာသနာ​ရေးရာများ​လျှောက်ထားခဲ့ကြပြီး ကျိုက်မ​ရောဘုရားကြီးကို ဖူး​မြော်ကြည်ညို၍ ပန်း၊ ဆီမီး၊ ‌ရေချမ်းနှင့် ​ရွှေသင်္ကန်းများ ကပ်လှူပူ​ဇော်ခဲ့ကြသည်။
ထို့​နောက် ကျိုက်မ​ရောမြို့၊ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်၌ ယိမ်းအကအလှ​များဖြင့် ဖျော်ဖြေတင်ဆက်နေမှုများအား ကြည့်ရှုအား​ပေးခဲ့ကြကာ ဂုဏ်ပြုဆု​ငွေများ ချီးမြှင့်ခဲ့ကြသည်။

You may also like