Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း- မွန်ပြည်နယ်၊ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်၊ အပန်းဖြေခရီးထွက်ခွာမည့် လူရည်ချွန် ​မောင်မယ်ကျောင်းသား၊ ကျောင်းသူများအား ပြည်နယ်ဝန်ကြီးချုပ်၏ ဩဝါဒခံယူပွဲ အခမ်းအနား တက်​ရောက်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း- မွန်ပြည်နယ်၊ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်၊ အပန်းဖြေခရီးထွက်ခွာမည့် လူရည်ချွန် ​မောင်မယ်ကျောင်းသား၊ ကျောင်းသူများအား ပြည်နယ်ဝန်ကြီးချုပ်၏ ဩဝါဒခံယူပွဲ အခမ်းအနား တက်​ရောက်

by Mon Editor

မော်လမြိုင်၊ ဧပြီ ၂၀
မွန်ပြည်နယ်၊ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်၊ အပန်းဖြေခရီးထွက်ခွာမည့် လူရည်ချွန် ​မောင်မယ် ကျောင်းသားကျောင်းသူများအား ပြည်နယ်ဝန်ကြီးချုပ်၏ ဩဝါဒခံယူပွဲ အခမ်းအနားကို ဧပြီလ ၂၀ ရက်နေ့ နံနက်ပိုင်းက ​မော်လမြိုင်မြို့၊ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း၊ ရတနာမွန်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်၀န်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ လူရည်ချွန်​မောင်မယ် ကျောင်းသား၊ ကျောင်းသူများ တက်​ရောက်သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း ဘက်စုံလွှမ်းခြုံနိုင်​သော ပညာ​ရေးစနစ်ကို အ​ကောင်အထည်​ဖော်​ဆောင်ရွက်ရာတွင် ပညာရေးကဏ္ဍ အရည်အ​သွေး တိုးတက်မြင့်မား​ရေးကို အထူးအ​လေး​ပေး ​ဆောင်ရွက်လျက်ရှိ​​ကြောင်း၊ ပြည်နယ်အတွင်းရှိ ထူးချွန်ထက်မြက်ပြီး ပြည်နယ် ဂုဏ်တက်စေမည့် လူရည်ချွန်မောင်မယ်လေးများ ​ပေါ်ထွန်းလာသည့်အတွက် အထူးပင်ဝမ်း​မြောက်ဂုဏ်ယူပါ​ကြောင်း၊ ပညာရေးကဏ္ဍသည် အရေးကြီးသည့် ကဏ္ဍတစ်ရပ်ဖြစ်သည်နှင့်အညီ  အရည်အသွေးမြင့်မားပြီး ဘက်စုံပညာထူးချွန်သည့် ကျောင်းသားလူငယ်​လေးများကို စိစစ်ရွေးချယ်ပြီး ဂုဏ်ပြုချီးမြှင့်ခြင်းကို အဆက်မပြတ်ဆောင်ရွက်​ပေးလျက်ရှိ​ကြောင်း၊ မွန်ပြည်နယ်မှ ယခင်နှစ်များနည်းတူ လူရည်ချွန်များကိုစိစစ်​ရွေးချယ်ခဲ့ပြီး လူရည်ချွန်စီမံကိန်း အစဉ်အလာကောင်းကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ခြင်းပင်ဖြစ်​ကြောင်း၊ အပန်းဖြေခရီးထွက်ခွာမည့် လူရည်ချွန် ​မောင်မယ်များအ​နေဖြင့် ခရီးစဉ်တစ်လျှောက်သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာဆောင် ရွက်ကြရန်၊ မိမိတို့၏ပြည်နယ်၏ ဂုဏ်​ကို ​ဖော်​ဆောင်ကြရန်၊ မိဘဆရာသမားတို့၏ ဂုဏ်ကျေးဇူးကို မမေ့ကြရန်နှင့် နိုင်ငံ့အကျိုး၊ ပြည်နယ်၏ အကျိုးပြုလုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်​ပေးကြရန် မှာကြားလို​ကြောင်းဖြင့် ဩဝါဒစကား​​ပြောကြားခဲ့သည်။
ထို့​နောက် ပြည်နယ်ဝန်ကြီးချုပ်က အပန်းဖြေခရီး ထွက်ခွာမည့် လူရည်ချွန် ​မောင်မယ် ကျောင်းသား၊ ကျောင်းသူများ​လေးများအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး မွန်ပြည်နယ်ပညာရေးမှူး ဒေါက်တာချိုချိုမြတ်အောင်က လူရည်ချွန် ​မောင်မယ် ကျောင်းသား၊ ကျောင်းသူများ​လေးများအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပြီး လူရည်ချွန်​မောင်မယ် ကျောင်းသား၊ ကျောင်းသူများကိုယ်စား လူရည်ချွန်မောင်မယ်​လေး တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဲဒီ​နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ဆရာ ၊ ဆရာမများ၏ “ခေတ်သုံးခေတ်သင်္ကြန်” အကအလှဖြင့် ကပြ​​ဖျော်​ဖြေတင်ဆင်ခဲ့ကြမှုအ​ပေါ် ကြည့်ရှုအား​ပေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုဆု​ငွေများချီးမြှင့်ခဲ့သည်။
ယင်း​နောက် လူရည်ချွန် ​မောင်မယ် ကျောင်းသား၊ ကျောင်းသူ​လေးများမှ တစ်ဦးချင်းစီ မိတ်ဆက်ဂါရဝပြုခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက လူရည်ချွန် ​မောင်မယ်​လေးများနှင့်အတူ နံနက်စာကို အတူတကွ သုံး​ဆောင်၍ ပြည်နယ်ဝန်ကြီးချုပ်က လူရည်ချွန် ​မောင်မယ် ကျောင်းသား၊ ကျောင်းသူ​လေးများကို ရင်းရင်းနှီးနှီး လိုက်လံအား​ပေးနှုတ်ဆက်ခဲ့သည်။

You may also like