Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း- မွန်ပြည်နယ်အတွင်း မိုးစပါးနှင့် နေကြာ အောင်မြင်စွာ စိုက်ပျိုးနိုင်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်​ရောက်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း- မွန်ပြည်နယ်အတွင်း မိုးစပါးနှင့် နေကြာ အောင်မြင်စွာ စိုက်ပျိုးနိုင်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်​ရောက်

by Mon Editor

မော်လမြိုင်၊ ဧပြီ ၂၅
မွန်ပြည်နယ်အ​နေဖြင့် ဒေသ​နေပြည်သူများ စာနပ်ရိက္ခာဖူလုံမှုရှိ​စေ​ရေး ဆန်စပါးစိုက်ပျိုးခြင်းအပြင် ​နေကြာနှင့် ဆီထွက်သီးနှံများ ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်​ရေး ဦးစား​ပေးကဏ္ဍအ​နေဖြင့် အထူးအ​လေး​ပေး ဆောင်ရွက်​လျက်ရှိရာ မွန်ပြည်နယ်အတွင်း မိုးစပါးနှင့် နေကြာ အောင်မြင်စွာ စိုက်ပျိုးနိုင်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဧပြီလ ၂၅ ရက်​နေ့၊ နံနက်ပိုင်းက မွန်ပြည်နယ် အစိုးရအဖွဲ့ရုံး၊ ​အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်​ရောက်သည်။
အစည်းအ​ဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်သည် စိုက်ပျိုး​ရေးကို အ​ခြေခံသည့် ပြည်နယ်တစ်ခုဖြစ်သည်နှင့် အညီ စိုက်ပျိုးလယ်ယာမြေများတွင် စပါးနှင့် ​နေကြာဆီထွက်သီးနှံများ ​အောင်မြင်စွာ စိုက်ပျိုးဖြစ်ထွန်း​စေရေး အ​လေးထား​ ဆောင်ရွက်လျက်ရှိပါ​ကြောင်း၊ ဘက်စုံနည်းပညာသုံး စံပြစိုက်ကွက်များ ဖော်ဆောင်၍ စိုက်ပျိုးသည့် နည်းစနစ်များ၊ သွင်းအားစုများကိုလည်း ​အဖက်ဖက်မှ ထောက်ပံ့​ဆောင်ရွက်​လျက်ရှိပြီး တောင်သူများအတွက် ရေ၊ မြေ၊ ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်း မျိုးသန့်နှင့် ​မြေဩဇာများရရှိရေး၊ သီးနှံအထွက်နှုန်းကောင်းမွန်စေရေးတို့ကိုလည်း ​ဆောင်ရွက်​ပေးလျက်ရှိ​ကြောင်း၊ မိုးစပါးနှင့် ​နွေစပါးကို ပန်းတိုင်အထွက်နှုန်းရရှိ​ရေး စိုက်ပျိုးကြရန်လိုအပ်သလို ​နေကြာနှင့် ဆီထွက်သီးနှံစိုက်ပျိုးမှုကို ယခုနှစ်ထက် နောင်နှစ်များတွင်လည်း ပိုမိုတိုးချဲ့စိုက်ပျိုးသွားရန်လိုကြောင်း၊ တောင်သူများအ​နေဖြင့် စိုက်ပျိုး​ရေး နည်းစနစ်မှန်ကန်မှုရှိ​​စေ​ရေး၊ သီးနှံအထွက်နှုန်း​လျှော့ကြမှုမရှိ​စေ​ရေးအတွက် ပျိုးကြဲခင်း စိုက်ပျိုးနည်းဖြင့် စိုက်ပျိုးမည့်အစား စနစ်တကျ မျိုး​​စေ့ချစိုက်ပျိုးနည်းဖြင့် စိုက်ပျိုးခြင်းအား ကြပ်မတ်​ ဆောင်ရွက်ကြရမည် ဖြစ်သည့်အပြင် အဆင့်မြင့်လယ်ယာ​နည်းစနစ်ကို ဖော်​ဆောင်နိုင်​ရေး ​ဆောင်ရွက်ကြမည်ဖြစ်​ကြောင်း၊ အမှန်တကယ်စိုက်ပျိုးဧကများကို ​မြေပြင်ကွင်းဆင်း စာရင်း​ကောက်ယူခြင်း၊ ရေ​မြေ​ဒေသနှင့်ကိုက်ညီသည့် မျိုး​ကောင်း၊ မျိုးသန့်ရရှိနိုင်​ရေးနှင့် ​နည်းပညာနှင့် လယ်ယာသုံးစက်ကရိယာများ ကူညီထောက်ပံ့​ပေးကြခြင်း၊ စိုက်ပျိုး​ရေအား နည်းလမ်း​ပေါင်းစုံမှ ရရှိနိုင်​ရေး​ဆောင်ရွက်ခြင်း​ပေးတို့​အပြင် ​​တောင်သူများအား မြေမှန်၊ မျိုးမှန်၊ စိုက်နည်းမှန်၊ ရာသီမှန်စွာ စနစ်တကျစိုက်ပျိုးကြ​စေ​ရေး ဆောင်ရွက်​ပေးကြရန် လို​အပ်ကြောင်း၊ ပြည်နယ်အတွင်း မိုးစပါးနှင့် နေကြာဆီထွက်သီးနှံ အောင်မြင်စွာ စိုက်ပျိုးနိုင်ရေးအတွက် ဝိုင်းဝန်း​အကြံပြုဆွေး​နွေး​ပေးကြ​စေလို​ကြောင်းဖြင့် အမှာစကား ​ပြောကြားခဲ့သည်။
ထို့​နောက် မွန်ပြည်နယ်စိုက်ပျိုး​ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးလှမိုး​အောင်မှ မွန်ပြည်နယ်အတွင်း မိုးစပါးနှင့် နေကြာသီးနှံစိုက်ပျိုးထုတ်လုပ်မှုအခြေအနေနှင့် ဆက်လက်် စိုက်ပျိုးဆောင်ရွက်မည့် အစီအစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး တက်​​ရောက်လာကြသူများမှ သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးများမှ ဖြည့်စွက်​ဆွေး​နွေးခဲ့ကြမှုအ​ပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ​​ပေါင်းစပ်ညှိနှိုင်း​ဆောင်ရွက်​​ပေးခဲ့ကာ နိဂုံးချုပ်အမှာစကား​ပြောကြားခဲ့သည်။

You may also like